အီဗရာဟန်လင်ကွန်းက သူ့သားကျောင်းစတက်တဲ့နေ့မှာ အတန်းပိုင်ဆရာကို ပေးတဲ့စာ
ဆရာခင္ဗ်ား… ဒီေန႕ ကြ်န္ေတာ့္သား ေက်ာင္းစတက္ပါေတာ့မယ္၊ သားအတြက္ ေက်ာင္းအေတြ႕အၾကံဳဟာ အရာရာ အစိမ္းသက္သက္၊အသစ္ေတြ ေတြ႕ရမဲ့ ခဏေပါ့၊သားကို ၾကင္ၾကင္နာနာ ဆက္ဆံေပးဖို႔ ေမတၱာရပ္ခံပါတယ္။
သူ႕အတြက္ စာသင္ရတာ ကမာၻ႕တိုက္ႀကီးေတြျဖတ္ေက်ာ္တဲ့ နယ္ေျမသစ္ စြန္႔စားခန္းမ်ိဳးမ်ားလား မသိဘူး၊ စြန္႔စားခန္းလို႔ေျပာရင္ စစ္ပြဲေတြ၊ အနိ႒ာ႐ုံေတြ၊ ဝမ္းနည္းပူေဆြးျခင္းေတြ ျဖစ္ရတာမ်ိဳးေတြ ပါလာတယ္၊ တကယ္ေတာ့ ဒီဘဝ အသက္ရွင္ေရးအတြက္ ယံုၾကည္ခ်က္၊ေမတၱာတရား နဲ႕ သတၱိေတြ က ပိုလိုေနၾကတာပါ။ ဒီေတာ့ ဆရာရယ္၊ ဆရာ့ေမတၱာတရား နဲ႕ သူ႕လက္ကို ဆြဲလို႔ သူသိသင့္တာေတြ သင္ေပးပါဆရာ၊ ျဖစ္ႏိုင္သေရြ႕ အၾကင္နာတရားေရွ႕ထားၿပီး ျငင္ျငင္သာသာသင္ေပးပါဗ်ာ၊၊
အခက္အခဲေတြေၾကာင့္ ရန္သူေတြအားလံုးထဲေတာင္ မိတ္ေဆြတေယာက္ေတာ့ ရွာေတြ႕တတ္ေၾကာင္း၊ ေလာကမွာ သမာဓိ၊ သစၥာေပ်ာက္တဲ့ လူေတြ၊ မ႐ိုးသားသူေတြကိုေတြ႕တဲ့အခါ သတၱိဗ်တၱိရွိတဲ့ လူစြမ္းေကာင္းေတြလည္းရွိတယ္၊ လိမ္ညာလွည့္ျဖားတတ္တဲ့ ႏိုင္ငံေရးသမားေတြခ်ည္း မဟုတ္ပဲ တိုင္းျပည္တည္ေဆာက္ဖို႔ ရည္ရြယ္ခ်က္ႀကီးတဲ့ ေခါင္းေဆာင္တစ္ေယာက္လည္း ေလာကမွာ ရွိႏိုင္ေၾကာင္း သူျမင္ေအာင္ သင္ျပေပးပါဆရာ။
လမ္းကေကာက္ရတဲ့ တစ္ေဒၚလာထက္ ကိုယ့္ လုပ္ခနဲ႕ရတဲ့ ေငြဆယ္ျပား က ပိုတန္ဖိုးႀကီးတယ္ဆိုတဲ့အသိ၊ မ႐ိုးမသား အမွတ္ယူတာထက္ ႐ိုး႐ိုးသားသား စာေမးပြဲက်တာ ပိုဂုဏ္ရွိတယ္ဆိုတဲ့အသိ၊ က်ရႈံးတဲ့အခါ ဂုဏ္သိကၡာနဲ႕ က်ရႈံးတတ္ဖို႔ နဲ႕ ေအာင္ျမင္တဲ့အခါ ေပ်ာ္ရႊင္မႈနဲ႕ ေအာင္ျမင္တတ္ဖို႔လည္း သင္ေပးပါဆရာ။ဆရာေရ၊ ကြ်န္ေတာ့္သားကို လူေတြကိုဆက္ဆံရာမွာ ယဥ္ေက်းသိမ္ေမြ႕ဖို႔၊ ခက္ထန္တဲ့လူေတြနဲ႕ေတြ႕တဲ့အခါ ျပန္မာေၾကာတတ္ဖို႔၊ သူမ်ားပိုင္ဆိုင္မႈေတြအေပၚသြားၿပီး ေလာဘနဲ႕ တပ္မက္မႈ မရွိေစဖို႔ ပဲ့ကိုင္ေပးပါဆရာ။
တေယာက္တည္းေနရေနရ ပီတိနဲ႕ေပ်ာ္ရႊင္ေနတတ္ေစတဲ့ လႈိ႕ဝွက္ခ်က္လည္း သင္ၾကားေပးပါဆရာ။ ဝမ္းနည္းတဲ့အခါ အရယ္အေမာမပ်က္ေအာင္နည္းျပေပးေစခ်င္သလို မ်က္ရည္ က်ျခင္းဟာ သိမ္ငယ္စရာ မဟုတ္ဘူး ဆိုတာလည္း သင္ေပးပါ။ က်ရႈံးတဲ့အခါ၊ က်ရႈံးျခင္းေတြထဲက ေအာင္ျမင္မႈ ဆိုတာ ရွိတယ္၊ ေအာင္ျမင္မႈေခါင္းစဥ္ေအာက္မွာ ဆံုးရႈံးျခင္းနဲ႕ ေမ်ာ္လင့္ခ်က္မဲ့တာေတြ ရွိတယ္ဆိုတဲ့အေၾကာင္း သားသိေစခ်င္တယ္၊ မေကာင္းျမင္တတ္တဲ့ သူေတြနဲ႕ေတြ႕တဲ့အခါ မခိုးမခန္႔ ျပံဳးတတ္ဖို႔ သင္ေပးပါဆရာ။စာအုပ္ေတြ ထဲက အံ့မခန္းပညာေတြကို သင္ေပးရင္း ေကာင္းကင္က ပ်ံေနတဲ့ငွက္ေတြ၊ေနေရာင္ေအာက္က ပ်ားပိတုန္းေလးေတြ နဲ႕ ေတာင္ကုန္းစိမ္းစိမ္းက ပန္းပင္ေတြ သူခံစားတတ္ဖို႔ အခ်ိန္ခ်န္ေပးပါ ဆရာ၊ သူ႕ ရဲ႕ အေတြးအေခၚအယူအဆေတြကို လူေတြပ်က္ရည္ျပဳၾကပါေစ၊ အဲ့ဒီအေတြးေခၚေတြအေပၚ ယံုၾကည္ခ်က္ ယိုင္မသြားတဲ့ စိတ္ဓါတ္မ်ိဳး ေမြးျမဴလာတတ္ေအာင္သင္ေပးလိုက္ပါဆရာ။
အမ်ားမိုးခါးေရေသာက္တိုင္း လိုက္မေသာက္တဲ့ သတၱိမ်ိဳးရွိဖို႔ သင္ေပးပါ။ လူေတြေျပာသမွ်ကို နားေထာင္ႏိုင္စြမ္းအားရွိဖို႔ သူ႕ကိုဆရာသင္တဲ့အခါ၊ ၾကားသမွ်ကိုလည္း အမွန္တရားဆိုတဲ့ ေရစစ္နဲ႔စစ္ၿပီး အမွန္တရားေရၾကည္အေပၚသာ သံုးသပ္တတ္တဲ့ ဉာဏ္ပညာရွင္ျဖစ္လာေအာင္ ေမြးျမဴေပးပါဆရာ။သူ႕ရဲ႕ အတတ္ပညာ နဲ႕ ဉာဏ္ပညာ ကို လုပ္ခအမ်ားဆံုးေပးသူ ကို ေရာင္းခ်တတ္ေအာင္သင္ေပးတဲ့အခါ သူ႔ရဲ႕ ခံစားခ်က္၊ ဝိညာဥ္ နဲ႕ ခ်စ္ျခင္း ေမတၱာေတြဟာ ေစ်းနႈံးတံဆိပ္ ကပ္ၿပီးေရာင္းဖို႔ မဟုတ္ဘူး ဆိုတာလည္း ဆရာရွင္းျပေပးပါ။စိတ္ျမန္စရာရွိ ျမန္ဖို႔လိုေပမဲ့၊ မေၾကာက္မရြံ႕ စိတ္ရွည္တတ္ဖို႔ လည္းလိုေၾကာင္း၊ မိမိကိုယ္ကို အထင္တၾကီး ယံုၾကည္တတ္သူေတြသာ တျခားလူေတြနဲ႕ဘုရားသခင္ကို အထင္ႀကီးမွာမို႔ ကိုယ့္ယံုၾကည္ခ်က္၊ရည္မွန္းခ်က္ေတြ ဟာ လူေလးစားဖြယ္ရာ ခန္႔ညားမႈရွိေၾကာင္း ကိုယ္ကိုယ္ကို ယံုၾကည္တတ္လာေအာင္ သင္ေပးပါ၊ဒီလိုေတြသင္ေပးပါလို႕ (သမၼတ တေယာက္အေနနဲ႕ ေက်ာင္းဆရာကို) အမိန္႔ေပးပါရေစ၊ ဒါေပမဲ့ ဆရာ ဘယ္လို အေကာင္းဆံုး သင္ေပးလဲ ဆိုတာပဲ ကြ်န္ေတာ္ ၾကည့္မွာပါ။ ကြ်န္ေတာ့္ သားေလးက တကယ္ခ်စ္စရာေကာင္းတဲ့ ကေလးေလးပါ၊ ကြ်န္ေတာ့္ေသြးေပါ့။
အီဗရာဟင္လင္ကြန္း။ (ေက်ာ္စြာမင္း ဘာသာျပန္သည္)Credit-bagantar
Unicode
အမေရိကန်နိုင်ငံကို တည်ထောင်ခဲ့တဲ့ သမ္မတကြီး အီဘရာဟင်လင်ကွန်းက သူ့သား ကျောင်းစတက်တဲ့နေ့မှာ အတန်းပိုင်ဆရာကိုပေးဖို့ စာတစောင် သူ့သားနဲ့ ထည့်ပေးဖူးတယ်။
ဆရာခင်ဗျား… ဒီနေ့ ကျွန်တော့်သား ကျောင်းစတက်ပါတော့မယ်၊ သားအတွက် ကျောင်းအတွေ့အကြုံဟာ အရာရာ အစိမ်းသက်သက်၊အသစ်တွေ တွေ့ရမဲ့ ခဏပေါ့၊သားကို ကြင်ကြင်နာနာ ဆက်ဆံပေးဖို့ မေတ္တာရပ်ခံပါတယ်။
သူ့အတွက် စာသင်ရတာ ကမ္ဘာ့တိုက်ကြီးတွေဖြတ်ကျော်တဲ့ နယ်မြေသစ် စွန့်စားခန်းမျိုးများလား မသိဘူး၊ စွန့်စားခန်းလို့ပြောရင် စစ်ပွဲတွေ၊ အနိဋ္ဌာရုံတွေ၊ ဝမ်းနည်းပူဆွေးခြင်းတွေ ဖြစ်ရတာမျိုးတွေ ပါလာတယ်၊ တကယ်တော့ ဒီဘဝ အသက်ရှင်ရေးအတွက် ယုံကြည်ချက်၊မေတ္တာတရား နဲ့ သတ္တိတွေ က ပိုလိုနေကြတာပါ။ ဒီတော့ ဆရာရယ်၊ ဆရာ့မေတ္တာတရား နဲ့ သူ့လက်ကို ဆွဲလို့ သူသိသင့်တာတွေ သင်ပေးပါဆရာ၊ ဖြစ်နိုင်သရွေ့ အကြင်နာတရားရှေ့ထားပြီး ငြင်ငြင်သာသာသင်ပေးပါဗျာ၊၊
အခက်အခဲတွေကြောင့် ရန်သူတွေအားလုံးထဲတောင် မိတ်ဆွေတယောက်တော့ ရှာတွေ့တတ်ကြောင်း၊ လောကမှာ သမာဓိ၊ သစ္စာပျောက်တဲ့ လူတွေ၊ မရိုးသားသူတွေကိုတွေ့တဲ့အခါ သတ္တိဗျတ္တိရှိတဲ့ လူစွမ်းကောင်းတွေလည်းရှိတယ်၊ လိမ်ညာလှည့်ဖြားတတ်တဲ့ နိုင်ငံရေးသမားတွေချည်း မဟုတ်ပဲ တိုင်းပြည်တည်ဆောက်ဖို့ ရည်ရွယ်ချက်ကြီးတဲ့ ခေါင်းဆောင်တစ်ယောက်လည်း လောကမှာ ရှိနိုင်ကြောင်း သူမြင်အောင် သင်ပြပေးပါဆရာ။
လမ်းကကောက်ရတဲ့ တစ်ဒေါ်လာထက် ကိုယ့် လုပ်ခနဲ့ရတဲ့ ငွေဆယ်ပြား က ပိုတန်ဖိုးကြီးတယ်ဆိုတဲ့အသိ၊ မရိုးမသား အမှတ်ယူတာထက် ရိုးရိုးသားသား စာမေးပွဲကျတာ ပိုဂုဏ်ရှိတယ်ဆိုတဲ့အသိ၊ ကျရှုံးတဲ့အခါ ဂုဏ်သိက္ခာနဲ့ ကျရှုံးတတ်ဖို့ နဲ့ အောင်မြင်တဲ့အခါ ပျော်ရွှင်မှုနဲ့ အောင်မြင်တတ်ဖို့လည်း သင်ပေးပါဆရာ။
ဆရာရေ၊ ကျွန်တော့်သားကို လူတွေကိုဆက်ဆံရာမှာ ယဉ်ကျေးသိမ်မွေ့ဖို့၊ ခက်ထန်တဲ့လူတွေနဲ့တွေ့တဲ့အခါ ပြန်မာကြောတတ်ဖို့၊ သူများပိုင်ဆိုင်မှုတွေအပေါ်သွားပြီး လောဘနဲ့ တပ်မက်မှု မရှိစေဖို့ ပဲ့ကိုင်ပေးပါဆရာ။
တယောက်တည်းနေရနေရ ပီတိနဲ့ပျော်ရွှင်နေတတ်စေတဲ့ လှို့ဝှက်ချက်လည်း သင်ကြားပေးပါဆရာ။ ဝမ်းနည်းတဲ့အခါ အရယ်အမောမပျက်အောင်နည်းပြပေးစေချင်သလို မျက်ရည် ကျခြင်းဟာ သိမ်ငယ်စရာ မဟုတ်ဘူး ဆိုတာလည်း သင်ပေးပါ။ ကျရှုံးတဲ့အခါ၊ ကျရှုံးခြင်းတွေထဲက အောင်မြင်မှု ဆိုတာ ရှိတယ်၊ အောင်မြင်မှုခေါင်းစဉ်အောက်မှာ ဆုံးရှုံးခြင်းနဲ့ မျော်လင့်ချက်မဲ့တာတွေ ရှိတယ်ဆိုတဲ့အကြောင်း သားသိစေချင်တယ်၊ မကောင်းမြင်တတ်တဲ့ သူတွေနဲ့တွေ့တဲ့အခါ မခိုးမခန့် ပြုံးတတ်ဖို့ သင်ပေးပါဆရာ။
စာအုပ်တွေ ထဲက အံ့မခန်းပညာတွေကို သင်ပေးရင်း ကောင်းကင်က ပျံနေတဲ့ငှက်တွေ၊နေရောင်အောက်က ပျားပိတုန်းလေးတွေ နဲ့ တောင်ကုန်းစိမ်းစိမ်းက ပန်းပင်တွေ သူခံစားတတ်ဖို့ အချိန်ချန်ပေးပါ ဆရာ၊ သူ့ ရဲ့ အတွေးအခေါ်အယူအဆတွေကို လူတွေပျက်ရည်ပြုကြပါစေ၊ အဲ့ဒီအတွေးခေါ်တွေအပေါ် ယုံကြည်ချက် ယိုင်မသွားတဲ့ စိတ်ဓါတ်မျိုး မွေးမြူလာတတ်အောင်သင်ပေးလိုက်ပါဆရာ။
အများမိုးခါးရေသောက်တိုင်း လိုက်မသောက်တဲ့ သတ္တိမျိုးရှိဖို့ သင်ပေးပါ။ လူတွေပြောသမျှကို နားထောင်နိုင်စွမ်းအားရှိဖို့ သူ့ကိုဆရာသင်တဲ့အခါ၊ ကြားသမျှကိုလည်း အမှန်တရားဆိုတဲ့ ရေစစ်နဲ့စစ်ပြီး အမှန်တရားရေကြည်အပေါ်သာ သုံးသပ်တတ်တဲ့ ဉာဏ်ပညာရှင်ဖြစ်လာအောင် မွေးမြူပေးပါဆရာ။
သူ့ရဲ့ အတတ်ပညာ နဲ့ ဉာဏ်ပညာ ကို လုပ်ခအများဆုံးပေးသူ ကို ရောင်းချတတ်အောင်သင်ပေးတဲ့အခါ သူ့ရဲ့ ခံစားချက်၊ ဝိညာဉ် နဲ့ ချစ်ခြင်း မေတ္တာတွေဟာ ဈေးနှုံးတံဆိပ် ကပ်ပြီးရောင်းဖို့ မဟုတ်ဘူး ဆိုတာလည်း ဆရာရှင်းပြပေးပါ။
စိတ်မြန်စရာရှိ မြန်ဖို့လိုပေမဲ့၊ မကြောက်မရွံ့ စိတ်ရှည်တတ်ဖို့ လည်းလိုကြောင်း၊ မိမိကိုယ်ကို အထင်တကြီး ယုံကြည်တတ်သူတွေသာ တခြားလူတွေနဲ့ဘုရားသခင်ကို အထင်ကြီးမှာမို့ ကိုယ့်ယုံကြည်ချက်၊ရည်မှန်းချက်တွေ ဟာ လူလေးစားဖွယ်ရာ ခန့်ညားမှုရှိကြောင်း ကိုယ်ကိုယ်ကို ယုံကြည်တတ်လာအောင် သင်ပေးပါ၊
ဒီလိုတွေသင်ပေးပါလို့ (သမ္မတ တယောက်အနေနဲ့ ကျောင်းဆရာကို) အမိန့်ပေးပါရစေ၊ ဒါပေမဲ့ ဆရာ ဘယ်လို အကောင်းဆုံး သင်ပေးလဲ ဆိုတာပဲ ကျွန်တော် ကြည့်မှာပါ။ ကျွန်တော့် သားလေးက တကယ်ချစ်စရာကောင်းတဲ့ ကလေးလေးပါ၊ ကျွန်တော့်သွေးပေါ့။အီဗရာဟင်လင်ကွန်း။ (ကျော်စွာမင်း ဘာသာပြန်သည်)Credit-bagantar