Latest Posts

၀၀ကစ်ကစ်နဲ့ချစ်ဖို့ကောင်းပေမဲ့ ဝိတ်ချဖို့အတွက်ဆုံးဖြတ်လိုက်ပြန်တဲ့ ချမ်းမြေ့မောင်ချို

၀၀တုတ္တုတ္ေလးနဲ႔ခ်စ္စရာေကာင္းတဲ့ ေမာင္ခ်ိဳကေတာ့ ဝိတ္ခ်ေတာ့မယ္လို့ဆိုပါတယ္။ ေမာင္ခ်ိဳဟာ ပရိသတ္ရဲ့ခ်စ္ျခင္းေမတၱာကို အေတာ္ေလးရရွိတဲ့မိန္းကေလးလို့ဆိုရမွာပါ။ မၾကာေသးမီကက်ေရာက္ခဲ့တဲ့ သူ႔ရဲ့အသက္(၂၀)ျပည့္ေမြးေန႔မွာလည္း အမာခံပရိသတ္ႀကီးက ေမြးေန႔လုပ္ေပးခဲ့႐ုံသာမက ကားလက္ေဆာင္လည္းေပးခဲ့ေသးတယ္ဆိုေတာ့ သူမရဲ့ ပရိသတ္အင္အားကိုခန႔္မွန္းလို့ရမယ္ထင္ပါတယ္ ပရိသတ္ႀကီးေရ။
ေမာင္ခ်ိဳဟာ ျမန္မာအိုင္ေဒါ Season-3 ရဲ့ First Runner Up ဆုကိုရရွိခဲ့ၿပီး ၿပိဳင္ပြဲဝင္ယွဥ္ၿပိဳင္ေနစဥ္တစ္ေလၽွာက္မွာလည္း ပရိသတ္ဝန္းရံမွုအမ်ားဆုံးရရွိခဲ့တာျဖစ္ပါတယ္။အမွတ္တရမ်ားစြာ ျပည့္ႏွက္ေနတဲ့ သူရဲ့ၿပိဳင္ပြဲဝင္နံပါတ္ျဖစ္တဲ့(11)ကိုအမွတ္ရတဲ့အေနနဲ႔ “Eleven” ဆိုတဲ့ေခါင္းစဥ္နဲ႔ သီခ်င္းေခြတစ္ေခြထြက္ရွိဖို့စီစဥ္ေနတာျဖစ္ပါတယ္။ဒီသီခ်င္းေခြမွာဆိုရင္ သီခ်င္းစုစုေပါင္း(၁၁)ပုဒ္ပါရွိမွာျဖစ္ၿပီး အမွတ္တရျဖစ္ေအာင္ နိုဝင္ဘာလ(၁၁)မွာထြက္ရွိနိုင္ဖို့အတြက္ႀကိဳးစားေနတာျဖစ္ပါတယ္။

ေမာင္ခ်ိဳရဲ့ပထမဆုံးထြက္ရွိထားတဲ့ “အိပ္မက္”ဆိုတဲ့ အေဆြးသီခ်င္းဟာလည္း အေဆြးဓာတ္ခံရွိတဲ့သူေတြအတြက္ တကယ္ကိုထိမိတဲ့သီခ်င္းေလးပါပဲေနာ္။ေမာင္ခ်ိဳရဲ့ဖန္တီးမွုလက္ရာေတြကို ေစာင့္ေမၽွာ္ေနတဲ့ပရိသတ္ႀကီးကေတာ့ “Eleven”ဆိုတဲ့အေခြေလးထြက္လာရင္လည္း တခဲနက္အားေပးၾကဦးမွာ အေသအခ်ာပါပဲ။ ၀၀ေလးနဲ႔အ႐ုပ္မေလးလိုခ်စ္ဖို့ေကာင္းတဲ့ေမာင္ခ်ိဳကေတာ့ “ကဲ ဝိတ္ခ်ေတာ့မယ္”ဆိုၿပီး သူရဲ့အလွဓာတ္ပုံတစ္ခ်ိဳ့နဲ႔အတူ ေဖ့ဘြတ္ခ္စာမ်က္ႏွာမၽွေဝခဲ့တာျဖစ္ပါတယ္။ ဝိတ္ခ်လိုက္ရင္ေရာ ပရိသတ္ႀကီးကဆက္ခ်စ္ၾကဦးမွာလား မွတ္ခ်က္ေလးေရးေပးခဲ့ဦးေနာ္။Credit-original
Unicode
၀၀တုတ်တုတ်လေးနဲ့ချစ်စရာကောင်းတဲ့ မောင်ချိုကတော့ ဝိတ်ချတော့မယ်လို့ဆိုပါတယ်။ မောင်ချိုဟာ ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာကို အတော်လေးရရှိတဲ့မိန်းကလေးလို့ဆိုရမှာပါ။ မကြာသေးမီကကျရောက်ခဲ့တဲ့ သူ့ရဲ့အသက်(၂၀)ပြည့်မွေးနေ့မှာလည်း အမာခံပရိသတ်ကြီးက မွေးနေ့လုပ်ပေးခဲ့ရုံသာမက ကားလက်ဆောင်လည်းပေးခဲ့သေးတယ်ဆိုတော့ သူမရဲ့ ပရိသတ်အင်အားကိုခန့်မှန်းလို့ရမယ်ထင်ပါတယ် ပရိသတ်ကြီးရေ။မောင်ချိုဟာ မြန်မာအိုင်ဒေါ Season-3 ရဲ့ First Runner Up ဆုကိုရရှိခဲ့ပြီး ပြိုင်ပွဲဝင်ယှဉ်ပြိုင်နေစဉ်တစ်လျှောက်မှာလည်း ပရိသတ်ဝန်းရံမှုအများဆုံးရရှိခဲ့တာဖြစ်ပါတယ်။အမှတ်တရများစွာ ပြည့်နှက်နေတဲ့ သူရဲ့ပြိုင်ပွဲဝင်နံပါတ်ဖြစ်တဲ့(11)ကိုအမှတ်ရတဲ့အနေနဲ့ “Eleven” ဆိုတဲ့ခေါင်းစဉ်နဲ့ သီချင်းခွေတစ်ခွေထွက်ရှိဖို့စီစဉ်နေတာဖြစ်ပါတယ်။ဒီသီချင်းခွေမှာဆိုရင် သီချင်းစုစုပေါင်း(၁၁)ပုဒ်ပါရှိမှာဖြစ်ပြီး အမှတ်တရဖြစ်အောင် နိုဝင်ဘာလ(၁၁)မှာထွက်ရှိနိုင်ဖို့အတွက်ကြိုးစားနေတာဖြစ်ပါတယ်။မောင်ချိုရဲ့ပထမဆုံးထွက်ရှိထားတဲ့ “အိပ်မက်”ဆိုတဲ့ အဆွေးသီချင်းဟာလည်း အဆွေးဓာတ်ခံရှိတဲ့သူတွေအတွက် တကယ်ကိုထိမိတဲ့သီချင်းလေးပါပဲနော်။မောင်ချိုရဲ့ဖန်တီးမှုလက်ရာတွေကို စောင့်မျှော်နေတဲ့ပရိသတ်ကြီးကတော့ “Eleven”ဆိုတဲ့အခွေလေးထွက်လာရင်လည်း တခဲနက်အားပေးကြဦးမှာ အသေအချာပါပဲ။ ၀၀လေးနဲ့အရုပ်မလေးလိုချစ်ဖို့ကောင်းတဲ့မောင်ချိုကတော့ “ကဲ ဝိတ်ချတော့မယ်”ဆိုပြီး သူရဲ့အလှဓာတ်ပုံတစ်ချို့နဲ့အတူ ဖေ့ဘွတ်ခ်စာမျက်နှာမျှဝေခဲ့တာဖြစ်ပါတယ်။ ဝိတ်ချလိုက်ရင်ရော ပရိသတ်ကြီးကဆက်ချစ်ကြဦးမှာလား မှတ်ချက်လေးရေးပေးခဲ့ဦးနော်။Credit-original