“ဆန်တွေ မည်းလာတာ၊ ပိုးကောင်တွေ တက်လာတာ မဖြစ်ရအောင် ဒီလိုလေးလုပ်ပါ”
ဆန္ေတြ မည္းလာတာ၊ ပိုးေကာင္ေတြ တက္လာတာ မျဖစ္ရေလေအာင္
အိမ္ေတြမွာ ဆန္ေတြ ၀ယ္ထားတာ ၾကာလာရင္ ပိုးေကာင္ေတြ တက္တာ၊ ဆန္ေတြ မည္းလာတာမ်ိဳးေတြ ႀကံဳဖူးၾကမွာပါ။
ဒီရန္ေတြကေန ဘယ္လို ကာကြယ္မလဲဆိုတဲ့ အခ်က္က ၅ခ်က္ပဲ ရွိပါတယ္။ ရိုးရွင္းၿပီး လြယ္ကူပါတယ္။
၁။ ေနေရာင္ခံေပးပါ
သင့္ဆန္ေတြမွာ အျဖဴ ဒါမွမဟုတ္ အနက္ေရာင္ ပိုးေလးေတြ အမ်ားႀကီး တက္ေနၿပီ ဆိုရင္ေတာ့ ေနေရာင္ထဲမွာ ၃-၄နာရီေလာက္ ထားေပးပါ။
အပူက ပိုးေတြကို ေသေစႏုိင္ပါတယ္။ ဒါမွမဟုတ္ ဆန္ထဲကေန ထြက္သြားတတ္ၾကပါတယ္။
တခ်ိဳ႔ကေတာ့ ခ်က္ခါနီးမွ လင္ဗန္းထဲ ထည့္ၿပီး ေနျပတတ္ၾကပါတယ္။
ပိုးေကာင္ အနည္းအမ်ားေပၚ မူတည္ၿပီး ေနျပမယ့္ အခ်ိန္ကို အတိုးေလ်ာ့ လုပ္လုိ႔ ရပါတယ္။
၂။ ငရုတ္သီးေျခာက္ ထည့္ထားပါ
ေလလံုတဲ့ ဘံုးေတြထဲ ထည့္ထားမယ္ဆိုရင္ေတာ့ ငရုတ္သီး အနီေျခာက္ တခ်ိဳ႕ကိုပါ ေရာၿပီး ထည့္ထားေပးပါ။
ငရုတ္သီးရဲ႕ အနံ႔ကို ပိုးမႊားေတြက မႀကိဳက္ပါဘူး။ ငရုတ္သီးလိုပဲ ငရုတ္ေကာင္းေစ့ (သို႔) ေလးညႇင္းပြင့္ေလးေတြ ထည့္ထားလုိ႔ ရပါတယ္။
၃။ တမာရြက္ ထည့္ေပးပါ
ဒါ့အျပင္ တမာရြက္ေလး အုပ္ထားေပးလို႔လည္း ရပါတယ္။ ပိုးမႊားေတြက တမာရြက္ရွိတဲ့ ေနရာ မလာတတ္ပါဘူး။
တခ်ိဳ႔ဆိုရင္ အက်ႌေတြသိမ္းတဲ့ ေနရာေတြမွာေတာင္ ထားတတ္ၾကပပါတယ္။
၄။ သိမ္းတဲ့ေနရာ မွန္ပါေစ
ဆန္အိတ္ ဒါမွမဟုတ္ ဆန္ဘံုးေတြကို ထားမယ္ဆိုရင္ ေနေရာင္ တုိက္ရိုက္ရမယ့္ ေနရာေတြကို ေရွာင္ပါ။ ေမွာင္ၿပီး ေျခာက္ေသြ႔တဲ့ ေနရာမွာ ထားပါ။
စိုစြတ္ေနတဲ့ ေနရာမ်ိဳးေတြ ေရွာင္ပါ။ စိုစြတ္တဲ့ ေနရာေတြဟာ ဆန္ေတြကို ပ်က္စီးေစသလို ပိုးမႊားေတြကိုလည္း ရွင္သန္ေစပါတယ္။
၅။ ဆန္ထည့္မယ့္ ပစၥည္း
ဆန္ထည့္တ့ဲ အခါ အရည္အေသြးေကာင္းတဲ့ ပလပ္စတစ္ပံုးေတြဟာ အသင့္ေတာ္ဆံုးပါပဲ။ လံုေအာင္ ပိတ္ထားလို႔ ရသလို ေလလဲ လံုေစပါတယ္။Credit-original
Unicode
“ဆန်တွေ မည်းလာတာ၊ ပိုးကောင်တွေ တက်လာတာ မဖြစ်ရအောင် ဒီလိုလေးလုပ်ပါ”
ဆန်တွေ မည်းလာတာ၊ ပိုးကောင်တွေ တက်လာတာ မဖြစ်ရလေအောင်
အိမ်တွေမှာ ဆန်တွေ ဝယ်ထားတာ ကြာလာရင် ပိုးကောင်တွေ တက်တာ၊ ဆန်တွေ မည်းလာတာမျိုးတွေ ကြုံဖူးကြမှာပါ။
ဒီရန်တွေကနေ ဘယ်လို ကာကွယ်မလဲဆိုတဲ့ အချက်က ၅ချက်ပဲ ရှိပါတယ်။ ရိုးရှင်းပြီး လွယ်ကူပါတယ်။
၁။ နေရောင်ခံပေးပါ
သင့်ဆန်တွေမှာ အဖြူ ဒါမှမဟုတ် အနက်ရောင် ပိုးလေးတွေ အများကြီး တက်နေပြီ ဆိုရင်တော့ နေရောင်ထဲမှာ ၃-၄နာရီလောက် ထားပေးပါ။
အပူက ပိုးတွေကို သေစေနိုင်ပါတယ်။ ဒါမှမဟုတ် ဆန်ထဲကနေ ထွက်သွားတတ်ကြပါတယ်။
တချို့ကတော့ ချက်ခါနီးမှ လင်ဗန်းထဲ ထည့်ပြီး နေပြတတ်ကြပါတယ်။
ပိုးကောင် အနည်းအများပေါ် မူတည်ပြီး နေပြမယ့် အချိန်ကို အတိုးလျော့ လုပ်လို့ ရပါတယ်။
၂။ ငရုတ်သီးခြောက် ထည့်ထားပါ
လေလုံတဲ့ ဘုံးတွေထဲ ထည့်ထားမယ်ဆိုရင်တော့ ငရုတ်သီး အနီခြောက် တချို့ကိုပါ ရောပြီး ထည့်ထားပေးပါ။
ငရုတ်သီးရဲ့ အနံ့ကို ပိုးမွှားတွေက မကြိုက်ပါဘူး။ ငရုတ်သီးလိုပဲ ငရုတ်ကောင်းစေ့ (သို့) လေးညှင်းပွင့်လေးတွေ ထည့်ထားလို့ ရပါတယ်။
၃။ တမာရွက် ထည့်ပေးပါ
ဒါ့အပြင် တမာရွက်လေး အုပ်ထားပေးလို့လည်း ရပါတယ်။ ပိုးမွှားတွေက တမာရွက်ရှိတဲ့ နေရာ မလာတတ်ပါဘူး။
တချို့ဆိုရင် အကျႌတွေသိမ်းတဲ့ နေရာတွေမှာတောင် ထားတတ်ကြပပါတယ်။
၄။ သိမ်းတဲ့နေရာ မှန်ပါစေ
ဆန်အိတ် ဒါမှမဟုတ် ဆန်ဘုံးတွေကို ထားမယ်ဆိုရင် နေရောင် တိုက်ရိုက်ရမယ့် နေရာတွေကို ရှောင်ပါ။ မှောင်ပြီး ခြောက်သွေ့တဲ့ နေရာမှာ ထားပါ။
စိုစွတ်နေတဲ့ နေရာမျိုးတွေ ရှောင်ပါ။ စိုစွတ်တဲ့ နေရာတွေဟာ ဆန်တွေကို ပျက်စီးစေသလို ပိုးမွှားတွေကိုလည်း ရှင်သန်စေပါတယ်။
၅။ ဆန်ထည့်မယ့် ပစ္စည်း
ဆန်ထည့်တဲ့ အခါ အရည်အသွေးကောင်းတဲ့ ပလပ်စတစ်ပုံးတွေဟာ အသင့်တော်ဆုံးပါပဲ။ လုံအောင် ပိတ်ထားလို့ ရသလို လေလဲ လုံစေပါတယ်။Credit-original

