ဖိုးသော်ကို ပထမ အချီမှာပဲ အနိုင်ယူပြဖို့ ပြင်ဆင်ထားတယ်လို့ ဆိုလိုက်တဲ့ တောင်ကိုရီးယား ဖိုက်တာ ယွန်ချန်မင်
သူကေတာ့ One Century ပြဲစဥ္ ရဲ႕ Part 1 အစီအစဥ္မွာ ပါဝင္ထိုးသတ္မွာ ျဖစ္တာေၾကာင့္ ၊ သူ႔ရဲ႕ ပြဲစဥ္ဟာ တနဂၤေႏြေန႔ နံနက္ပိုင္းမွာ ျဖစ္မွာပါ။ ေစာင့္ၾကည့္မယ့္ ဖိုးေသာ္ရဲ႕ ပရိသတ္ေတြ အေနနဲ႔ ၊ ေအာက္တိုဘာလ 13 ရက္ေန႔ နံနက္ပိုင္းမွာ အားေပးခြင့္ ရရွိမွာ ျဖစ္ပါတယ္။
သူနဲ႔ ထိုးသတ္မယ့္ ဖိုက္တာ ကေတာ့ အသက္ 25 ႏွစ္ အ႐ြယ္သာ ရွိေသးၿပီး ၊ ေတာင္ကိုရီးယား ရဲ႕ 2019 ခုႏွစ္ အတြင္း ေပၚထြက္လာခဲ့တဲ့ MMA ဖိုက္တာေတြထဲမွာ အလားအလာ အေကာင္းဆုံးလို႔ သတ္မွတ္ထားၾကတဲ့ ယြန္ခ်န္မင္ ျဖစ္ကာ ၊ ဖိုးေသာ္ကို ပထမ အခ်ီမွာပဲ အႏိုင္ယူျပဖို႔ ရည္မွန္းထားတယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလာခဲ့ပါတယ္။
တကယ္ေတာ့ ယြင္ခ်န္မင္ဟာ MMA ေလာက ထဲကို ဝင္ေရာက္လာတာ မၾကာေသးပဲ အခုမွ 2 ပြဲသာ ထိုးသတ္ရေသးကာ 2 ပြဲ စလုံးကို အႏိုင္ရရွိထားခဲ့တာ ျဖစ္ပါတယ္။ သူဟာ ပထမဆုံး ပြဲစဥ္ အျဖစ္ 2019 ခုႏွစ္ မတ္လ က အိႏၵိယ ရဲ႕ ေမြးထိုင္းခ်န္ပီယံ 8 ႀကိမ္ ရရွိထားတဲ့ ဘာလာ ရွက္တီ နဲ႔ ထိုးသတ္ခဲ့ရာ ၊ ပထမ အခ်ီမွာပဲ ခ်ဳပ္ကြက္ နဲ႔ အႏိုင္ယူခဲ့ပါတယ္။
အဲဒီေနာက္မွာေတာ့ ဇြန္လမွာ ဖီလစ္ပိုင္ ဖိုက္တာ “တန္” နဲ႔ ဆက္လက္ ထိုးသတ္ခဲ့ၿပီး ၊ ပထမ အခ်ီမွာပဲ အလဲထိုး နဲ႔ အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။ဒါေၾကာင့္ သူဟာ ဖိုးေသာ္ကိုလဲ ပထမ အခ်ီမွာပဲ ဆက္လက္ အႏိုင္ယူဖို႔ ပစ္မွတ္ထားေနတယ္လို႔ ေလလုံးထြားလာခဲ့တာ ျဖစ္ၿပီး ၊ သူ႔ရဲ႕ ေျမျပင္သတ္ပုတ္မႈ အပိုင္းေတြမွာ အမ်ားႀကီး တိုးတက္လာခဲ့တယ္လို႔ အခုထို ေျပာဆိုလာခဲ့ပါတယ္။
“ က်ေနာ္ က ေျမျပင္ သတ္ပုတ္နည္းေတြကို ပိုၿပီး အားျပဳကာ ေလ့က်င့္ထားခဲ့ပါတယ္။ အထူးသျဖင့္ နပန္း နဲ႔ ဘရာဇီး ဂ်ီဂ်စ္ဆု ကစားနည္းေတြမွာ ထပ္ၿပီး ေလ့က်င့္ခဲ့တာပါ။ ဒါေပမယ့္ ၿပိဳင္ဘက္ ရဲ႕ အေနအထား အေပၚမူတည္ၿပီး ၊ တိုက္ကြက္ကို ထုတ္သုံးဖို႔ ရည္႐ြယ္ထားပါတယ္။သူက ျမန္မာ လူမ်ိဳးဆိုေတာ့ ျမန္မာ့ လက္ေဝွ႔ တိုက္ကြက္ေတြ နဲ႔ အားျပဳလာခဲ့ရင္ ၊ က်ေနာ္ကလဲ ေျမျပင္ သတ္ပုတ္နည္းေတြ သုံးဖို႔ အားျပဳမွာ မဟုတ္ပါဘူး။ သူနဲ႔ ယွဥ္တိုက္ရင္းနဲ႔ပဲ ကစားသြားမွာပါ။
ဒီပြဲမွာ ဖိုးေသာ္က က်ေနာ္ထက္ အေတြ႕အႀကဳံအရ အမ်ားႀကီး သာေနတာေၾကာင့္ ၊ အားသာခ်က္ တစ္ခ်ိဳ႕ ရွိႏိုင္ေပမယ့္ က်ေနာ္ကလဲ အရင္ပြဲေတြ တုန္းကလိုပဲ ပထမ အခ်ီမွာပဲ ပြဲသိမ္းႏိုင္ေအာင္ ႀကိဳးစားသြားဖို႔ ရည္႐ြယ္ထားပါတယ္။ ကိုယ့္ရဲ႕ အရည္အေသြး နဲ႔ ေလ့က်င့္ ျပင္ဆင္အားကို ယုံၾကည္ထားၿပီးသားပါ” လို႔ ထုတ္ေဖာ္ ေျပာဆိုသြားခဲ့ ပါတယ္။
ဖိုးေသာ္ဟာ MMA ၿပိဳင္ပြဲ အျဖစ္ စုစုေပါင္း 9 ပြဲ ယွဥ္ၿပိဳင္ ထားခဲ့ၿပီး ၊ 8 ပြဲ အႏိုင္ရရွိ ကာ 1 ပြဲ ရႈံးနိမ့္ထားခဲ့ပါတယ္။ ယြန္ခ်န္မင္ ကေတာ့ ဖိုးေသာ္ရဲ႕ ပြဲေတြကို MMA ေလာကထဲ ဝင္မလာခင္ ကတည္းက ၾကည့္ျဖစ္ခဲ့ဖူးတယ္လို႔ ဝန္ခံထားၿပီး ၊ ဒါေၾကာင့္မို႔လဲ သူနဲ႔ ထိုးသတ္ဖို႔ ပြဲကို စီစဥ္လာခဲ့တာလို႔ ဆိုပါတယ္။
“ က်ေနာ္ One Championship နဲ႔ စာခ်ဳပ္ မခ်ဳပ္ခင္က သူတို႔ ရဲ႕ ပြဲစဥ္ေတြကို ေသခ်ာ ေလ့လာၾကည့္မိခဲ့ပါတယ္။ အဲဒီ ကတည္းက ဖိုးေသာ္ရဲ႕ ထိုးသတ္တဲ့ ပြဲေတြကို ၾကည့္ဖူးခဲ့တာပါ။ဒါေၾကာင့္မို႔ သူနဲ႔ စီစဥ္ ခိုင္းခဲ့တာေပါ့။ သူ႔ရဲ႕ မွတ္တမ္းေတြကို ေလးစားဖို႔ ေကာင္းေနသည့္တိုင္ေအာင္ ၊ သူ႔ရဲ႕ အားနည္းခ်က္ တစ္ခ်ိဳ႕ကိုလဲ ေတြ႕ရွိထားၿပီးပါၿပီ။ ဒါေတြကို အခြင့္ေကာင္းယူႏိုင္ေအာင္ ႀကိဳးစားရင္း ၊ အလဲထိုး နဲ႔ အႏိုင္ရေအာင္ကို ႀကိဳးစားသြားမွာပါ။
ဒီေလာက္ဆိုရင္ က်ေနာ္တို႔ ထိုးသတ္မယ့္ ပြဲက ဘယ္ေလာက္အထိ စိတ္ဝင္စားဖို႔ ေကာင္းေနမလဲ ဆိုတာ ခန႔္မွန္းၾကည့္လို႔ ရေလာက္ၿပီ ထင္ပါတယ္” လို႔ ဆက္လက္ ေျပာဆိုသြားခဲ့ပါတယ္။Credit-aungparsay
Unicode
ကျနော်တို့ မြန်မာပြည်က ပရိသတ်တွေ က အောင်လ အန်ဆန်း ရဲ့ ပွဲကိုပဲ အဓိက အာရုံစိုက်နေချိန်မို့ ၊ ဂျပန်မှာ ကျင်းပမယ့် One Century ပြိုင်ပွဲမှာ မြန်မာပြည်က အခြား ဖိုက်တာ တစ်ယောက်ဖြစ်တဲ့ ဖိုးသော်လဲ ပါဝင် ထိုးသတ်သွားမယ် ဆိုတာ သတိပေးပါရစေ
သူကတော့ One Century ပွဲစဉ် ရဲ့ Part 1 အစီအစဉ်မှာ ပါဝင်ထိုးသတ်မှာ ဖြစ်တာကြောင့် ၊ သူ့ရဲ့ ပွဲစဉ်ဟာ တနင်္ဂနွေနေ့ နံနက်ပိုင်းမှာ ဖြစ်မှာပါ။ စောင့်ကြည့်မယ့် ဖိုးသော်ရဲ့ ပရိသတ်တွေ အနေနဲ့ ၊ အောက်တိုဘာလ 13 ရက်နေ့ နံနက်ပိုင်းမှာ အားပေးခွင့် ရရှိမှာ ဖြစ်ပါတယ်။
သူနဲ့ ထိုးသတ်မယ့် ဖိုက်တာ ကတော့ အသက် 25 နှစ် အရွယ်သာ ရှိသေးပြီး ၊ တောင်ကိုရီးယား ရဲ့ 2019 ခုနှစ် အတွင်း ပေါ်ထွက်လာခဲ့တဲ့ MMA ဖိုက်တာတွေထဲမှာ အလားအလာ အကောင်းဆုံးလို့ သတ်မှတ်ထားကြတဲ့ ယွန်ချန်မင် ဖြစ်ကာ ၊ ဖိုးသော်ကို ပထမ အချီမှာပဲ အနိုင်ယူပြဖို့ ရည်မှန်းထားတယ်လို့ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။တကယ်တော့ ယွင်ချန်မင်ဟာ MMA လောက ထဲကို ဝင်ရောက်လာတာ မကြာသေးပဲ အခုမှ 2 ပွဲသာ ထိုးသတ်ရသေးကာ 2 ပွဲ စလုံးကို အနိုင်ရရှိထားခဲ့တာ ဖြစ်ပါတယ်။ သူဟာ ပထမဆုံး ပွဲစဉ် အဖြစ် 2019 ခုနှစ် မတ်လ က အိန္ဒိယ ရဲ့ မွေးထိုင်းချန်ပီယံ 8 ကြိမ် ရရှိထားတဲ့ ဘာလာ ရှက်တီ နဲ့ ထိုးသတ်ခဲ့ရာ ၊ ပထမ အချီမှာပဲ ချုပ်ကွက် နဲ့ အနိုင်ယူခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဇွန်လမှာ ဖီလစ်ပိုင် ဖိုက်တာ “တန်” နဲ့ ဆက်လက် ထိုးသတ်ခဲ့ပြီး ၊ ပထမ အချီမှာပဲ အလဲထိုး နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ဒါကြောင့် သူဟာ ဖိုးသော်ကိုလဲ ပထမ အချီမှာပဲ ဆက်လက် အနိုင်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ လေလုံးထွားလာခဲ့တာ ဖြစ်ပြီး ၊ သူ့ရဲ့ မြေပြင်သတ်ပုတ်မှု အပိုင်းတွေမှာ အများကြီး တိုးတက်လာခဲ့တယ်လို့ အခုထို ပြောဆိုလာခဲ့ပါတယ်။
“ ကျနော် က မြေပြင် သတ်ပုတ်နည်းတွေကို ပိုပြီး အားပြုကာ လေ့ကျင့်ထားခဲ့ပါတယ်။ အထူးသဖြင့် နပန်း နဲ့ ဘရာဇီး ဂျီဂျစ်ဆု ကစားနည်းတွေမှာ ထပ်ပြီး လေ့ကျင့်ခဲ့တာပါ။ ဒါပေမယ့် ပြိုင်ဘက် ရဲ့ အနေအထား အပေါ်မူတည်ပြီး ၊ တိုက်ကွက်ကို ထုတ်သုံးဖို့ ရည်ရွယ်ထားပါတယ်။သူက မြန်မာ လူမျိုးဆိုတော့ မြန်မာ့ လက်ဝှေ့ တိုက်ကွက်တွေ နဲ့ အားပြုလာခဲ့ရင် ၊ ကျနော်ကလဲ မြေပြင် သတ်ပုတ်နည်းတွေ သုံးဖို့ အားပြုမှာ မဟုတ်ပါဘူး။ သူနဲ့ ယှဉ်တိုက်ရင်းနဲ့ပဲ ကစားသွားမှာပါ။
ဒီပွဲမှာ ဖိုးသော်က ကျနော်ထက် အတွေ့အကြုံအရ အများကြီး သာနေတာကြောင့် ၊ အားသာချက် တစ်ချို့ ရှိနိုင်ပေမယ့် ကျနော်ကလဲ အရင်ပွဲတွေ တုန်းကလိုပဲ ပထမ အချီမှာပဲ ပွဲသိမ်းနိုင်အောင် ကြိုးစားသွားဖို့ ရည်ရွယ်ထားပါတယ်။ ကိုယ့်ရဲ့ အရည်အသွေး နဲ့ လေ့ကျင့် ပြင်ဆင်အားကို ယုံကြည်ထားပြီးသားပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။
ဖိုးသော်ဟာ MMA ပြိုင်ပွဲ အဖြစ် စုစုပေါင်း 9 ပွဲ ယှဉ်ပြိုင် ထားခဲ့ပြီး ၊ 8 ပွဲ အနိုင်ရရှိ ကာ 1 ပွဲ ရှုံးနိမ့်ထားခဲ့ပါတယ်။ ယွန်ချန်မင် ကတော့ ဖိုးသော်ရဲ့ ပွဲတွေကို MMA လောကထဲ ဝင်မလာခင် ကတည်းက ကြည့်ဖြစ်ခဲ့ဖူးတယ်လို့ ဝန်ခံထားပြီး ၊ ဒါကြောင့်မို့လဲ သူနဲ့ ထိုးသတ်ဖို့ ပွဲကို စီစဉ်လာခဲ့တာလို့ ဆိုပါတယ်။
“ ကျနော် One Championship နဲ့ စာချုပ် မချုပ်ခင်က သူတို့ ရဲ့ ပွဲစဉ်တွေကို သေချာ လေ့လာကြည့်မိခဲ့ပါတယ်။ အဲဒီ ကတည်းက ဖိုးသော်ရဲ့ ထိုးသတ်တဲ့ ပွဲတွေကို ကြည့်ဖူးခဲ့တာပါ။ဒါကြောင့်မို့ သူနဲ့ စီစဉ် ခိုင်းခဲ့တာပေါ့။ သူ့ရဲ့ မှတ်တမ်းတွေကို လေးစားဖို့ ကောင်းနေသည့်တိုင်အောင် ၊ သူ့ရဲ့ အားနည်းချက် တစ်ချို့ကိုလဲ တွေ့ရှိထားပြီးပါပြီ။ ဒါတွေကို အခွင့်ကောင်းယူနိုင်အောင် ကြိုးစားရင်း ၊ အလဲထိုး နဲ့ အနိုင်ရအောင်ကို ကြိုးစားသွားမှာပါ။
ဒီလောက်ဆိုရင် ကျနော်တို့ ထိုးသတ်မယ့် ပွဲက ဘယ်လောက်အထိ စိတ်ဝင်စားဖို့ ကောင်းနေမလဲ ဆိုတာ ခန့်မှန်းကြည့်လို့ ရလောက်ပြီ ထင်ပါတယ်” လို့ ဆက်လက် ပြောဆိုသွားခဲ့ပါတယ်။Credit-aungparsay




