Latest Posts

သမီးကို ရောင်းစားလိုက်ကြပြီ အမေရေ(ဖြစ်ရပ်မှန်)

ဘယ္ေနရာကို ေရာက္ေန သလဲဆိုတာကို သူမသိခဲ့ဘူး။ သူတို႔ေျပာဆိုေနတဲ့ ဘာသာစကားကိုလည္း တစ္လံုးမွ နားမလည္ဘူး။ အဲဒီတုန္းက သူ႔အသက္ (၁၆)ႏွစ္ပဲ ရွိပါေသးတယ္။
အမ်ိဳးသားႀကီးက သူ႔ရဲ႕လင္ေယာက်္ားပါဆိုၿပီး ေျပာေန တယ္။ လံုးေစ့ပတ္ေစ့ နားမလည္ ဘူးဆိုရင္ေတာင္မွ ဘာသာျပန္ ေပးတဲ့ App က ဒီသေဘာမ်ိဳး ၫႊန္း ဆိုျပေနပါတယ္။ အမ်ိဳးသားကို အစြမ္းရွိသေလာက္နဲ႔ ဆန္႔က်င္ တြန္းဖယ္ဖုိ႔ သူႀကိဳးစားခဲ့ဖူးပါ ေသးတယ္။ မညိဳဟာ ရွမ္းေတာင္ တန္းေတြဆီက ရြာငယ္ေလးတစ္ ခုမွာ ေနထုိင္ခဲ့တဲ့ မိန္းမငယ္ေလး တစ္ေယာက္ပါ။ ဘယ္လို အ ေၾကာင္းတရားေတြေၾကာင့္ ကိုယ္ ဝန္ရသြားတတ္တယ္ ဆိုတာကို ေတာင္ ေရေရရာရာ မသိတတ္ ေသးပါဘူး။ ဒါေပမဲ့ အဲဒီကိစၥဟာ သူ႔အတြက္ တကယ္ျဖစ္လာ တယ္။

ေသြးႏုႏု၊ သားႏုႏုမွာကေလးငယ္ေလးက ကုိးရက္သားပဲ ရွိေသးတယ္။ မ်က္ႏွာေလးကို ၾကည့္လုိက္တာနဲ႔ တ႐ုတ္ေသြး ေႏွာတယ္ဆိုတာ ထင္းေနေအာင္ ေပၚလြင္ေနပါတယ္။ ‘‘သူ႔အေဖနဲ႔ သိပ္တူတာပဲ’’လုိ႔ သမီးေလးကို ၾကည့္ရင္း မညိဳက ေျပာတယ္။ ‘‘ႏႈတ္ခမ္းေတြက ပိုတူတယ္။တ႐ုတ္ပံုစံမ်ိဳးေလ’’လုိ႔လည္း ဆို တယ္။ သူ႔ပံုစံက က်ိန္စာတစ္ခု ကို ဝိုးတဝါး ေရရြတ္ေနသလိုလို။
တ႐ုတ္ရဲ႕ One Child (အိမ္ ေထာင္စုတစ္စု၊ ကေလးတစ္ ေယာက္) မူဝါဒဟာ ႏုိင္ငံရဲ႕ လူဦး ေရ ေပါက္ကြဲမႈကို တားဆီးေပးၿပီး မယ္လ္သူဆီယန္ အိပ္မက္ဆိုးမ်ိဳး ႀကံဳမလာေအာင္ အေထာက္အကူ ျဖစ္ေစတယ္လို႔ ႏုိင္ငံ့ေခါင္း ေဆာင္အဆက္ဆက္က ရႊန္းရႊန္း ေဝေနတဲ့ ခ်ီးက်ဴးစကားေတြ ေျပာ ခဲ့ဖူးတယ္။ မယ္လ္သူဆီယန္ ျဖစ္ စဥ္ဆုိတာက လူဦးေရအခ်ိဳးအ စားနဲ႔ စားနပ္ရိကၡာမမွ်တဘဲ ငတ္ မြတ္ေခါင္းပါးမႈ ေဘးအႏၲရာယ္ ႀကံဳလာတာကို ရည္ၫႊန္းတာပါ။ ဒါေပမဲ့ အဲဒီမူဝါဒေၾကာင့္ပဲ လြန္ခဲ့ တဲ့ ႏွစ္ ၃၀ အတြင္း တ႐ုတ္မွာ မိန္းကေလးငယ္ သန္းေပါင္းမ်ား စြာရဲ႕ ရွင္သန္ျဖစ္တည္မႈေတြ လု ယက္ဖ်က္ဆီးခံခဲ့ရတယ္။ ေမြး လာမယ့္ ကေလးရဲ႕ လိင္အမ်ိဳးအ စားအေပၚ မူတည္ၿပီး ကိုယ္ဝန္ ဖ်က္ခ်တာေတြ၊ တျခားနည္းလမ္းတစ္ခုခု အသံုးျပဳတာေတြ အမ်ားႀကီးရွိခဲ့တယ္။ တ႐ုတ္မိသားစုအမ်ားစုက သူတို႔ရဲ႕ တစ္ဦးတည္းေသာ မ်ိဳးဆက္ကို ေယာက္်ား ေလးပဲ ျဖစ္ေစခ်င္ၾကတယ္ေလ။

အဲဒီအခ်ိန္တုန္းက ေယာက္်ားေလးငယ္ေတြဟာ အခုေတာ့ အရြယ္ေရာက္တဲ့ ေယာက္်ားႀကီးေတြ ျဖစ္လာၾကပါၿပီ။ တ႐ုတ္ရဲ႕ မိသားစုေဆြစဥ္မ်ိဳးဆက္ ဆင္းသက္မႈမွာ သစ္ကိုင္းလြတ္လုိ႔ သံုးႏႈန္းမႈတစ္ခုရွိတယ္။ အဲဒါက အမ်ိဳးသားေတြမွာ လက္ထပ္စရာ ဇနီးမယားမရွိဘဲ ေသဆံုးသြားတဲ့အခါ မ်ိဳးဆက္ မက်န္ေတာ့တာကို ဆိုလိုတာပါ။ တ႐ုတ္ရဲ႕ လိင္အခ်ိဳးအစားမညီမွ်မႈဟာ ၂၀၀၄ ေလာက္မွာ သိသိသာသာ ျမင့္တက္ေနပါၿပီ။ ေယာက္်ားေလးဦးေရ ၁၂၁ ေယာက္တိုင္းမွာ မိန္းကေလးေမြးဖြားထားတဲ့ အေရအတြက္က ၁၀၀ ပဲ ရွိေနတယ္။
မညိဳကဲ့သုိ႔ပင္္ စားပြဲထိုးအလုပ္ရမည္ဆိုေသာ ကတိျဖင့္ လွည့္ျဖားခံရၿပီးေနာက္ ဆႏၵမပါဘဲ တ႐ုတ္ႏုိင္ငံသို႔ ပို႔ေဆာင္ခံရသည့္ ၎၏သူငယ္ခ်င္း မျဖဴ(၁၇)ႏွစ္ကို ေတြ႕ရစဥ္ (Minzayar Oo / The New York Times)ဒီလိုအပ္ခ်က္ကိုိ အလ်ဥ္မီ ေအာင္ ျဖည့္ဆည္းဖုိ႔အတြက္ တ႐ုတ္အမ်ိဳးသားေတြဟာ အနီး အနားႏိုင္ငံေတြကေန ဇနီးမယား ေတြ တင္သြင္းမႈစတင္လာတယ္။ တစ္ခါတေလ အဓမၼဆန္တဲ့နည္း လမ္းေတြကိုပါ သံုးစြဲလာပါတယ္။

‘‘ဇနီးမယားအျဖစ္္ ္ေရာင္းစားတယ္ဆိုတာက ဒီရွမ္းျပည္နယ္ထဲမွာ သမား႐ိုးက်လိုေတာင္ ျဖစ္လာေနၿပီ’’လုိ႔ ရွမ္းျပည္နယ္္ ္ေျမာက္ပိုင္း လား႐ိႈးၿမိဳ႕ရဲတပ္ဖဲြ႕ရဲ႕လူကုန္ကူးမႈ တိုက္ဖ်က္ေရးဌာနခြဲက အရာရွိတစ္ဦးျဖစ္တဲ့ ကိုေဇာ္မင္းထြန္းကေျပာတယ္။ ‘‘ဒါေပမဲ့ လူကုန္ကူးမႈနဲ႔ပတ္သက္ၿပီး သတိဝီရိယထား ေစာင့္ၾကည့္ႏုိင္သူက အရမ္းနည္းတယ္’’လုိ႔လည္း သူက မွတ္ခ်က္ေပးခဲ့ပါတယ္။

ဂြၽန္ေဟာ့ပ္ကင္းစ္ ဘလြြန္း ဘာ့ဂ္ ျပည္သူ႔က်န္းမာေရးပညာ သင္ေက်ာင္းနဲ႔ ထုိင္းအေျခစိုက္ ကခ်င္အမ်ိဳးသမီးမ်ား အဖြဲ႕ႀကီးရဲ႕ ပူးေပါင္းေလ့လာမႈတစ္ခုအရ ၂၀၁၃ နဲ႔ ၂၀၁၇ အတြင္း ျမန္မာ ႏိုင္ငံ ေျမာက္ပိုင္းေဒသေတြကမိန္းကေလးငယ္ ၂၁,၀၀၀ ေလာက္ဟာ တ႐ုတ္က ျပည္နယ္တစ္ခုတည္းမွာတင္ အတင္းအက်ပ္ လက္ထပ္ဖုိ႔ ေစခိုင္းတာေတြ ႀကံဳေတြ႕ခဲ့ၾကရပါတယ္။

ျမန္မာႏုိင္ငံ အေရွ႕ေျမာက္္ ပိုင္း ရွမ္းေတာင္တန္းေတြေပၚက မိုင္းရယ္ၿမိဳ႕နယ္ အစြန္အဖ်ားမွာ ရြာငယ္ဇနပုဒ္ေလးတစ္ခု ရွိေန တယ္။ စစ္တပ္စခန္းေလးတစ္ခု အေျခစိုက္ထားႏုိင္႐ံုထက္ နည္း နည္းပဲ ပိုႀကီးတဲ့ရြာငယ္ေလးပါ။ စစ္သည္ေတြနဲ႔ သူတို႔ရဲ႕ မိသားစု ေတြဟာ ေျမဝါလမ္းေလးေတြ ေဘးနားမွာ သြပ္မိုးထားတဲ့ တဲအိမ္ ေလးေတြ ေဆာက္လုပ္ၿပီးေနထိုင္ ၾကတယ္။

ပညာသင္ယူမႈ အဆံုးသတ္ သြားတဲ့ မႏွစ္ကစလို႔ မညိဳနဲ႔ သူ႔ရဲ႕ အတန္းေဖာ္သူငယ္ခ်င္း မျဖဴတို႔ ဟာ စစ္စခန္းတစ္ခုကို မွီခိုရင္း ရပ္တည္ေနရတဲ့ ပတ္ဝန္းက်င္ကို စြန္႔ခြာၿပီး ဆင္းရဲတြင္းထဲက ႐ုန္း ထြက္ဖို႔ စိတ္ပိုင္းျဖတ္လုိက္ၾက တယ္။ သူတို႔ ႏွစ္ေယာက္စလံုးက အသက္ မျပည့္ေသးတဲ့အတြက္ နာမည္အရင္းေတြကိုေတာ့ ေဖာ္ ျပသြားမွာ မဟုတ္ပါဘူး။ သူတို႔ရဲ႕ အိမ္နီးခ်င္း ေဒၚစန္းၾကည္က တ ျခားရြာခံတစ္ဦးျဖစ္တဲ့ ေဒၚႏွင္းေဝ ရဲ႕ အဆက္အသြယ္ေတြကတစ္ ဆင့္ တ႐ုတ္နဲ႔ နယ္စပ္နားမွာ စား ပြဲထိုးအလုပ္ရေစမယ္လုိ႔ အာမခံ တယ္။

ေဒၚႏွင္းေဝက ရြာထဲက အေကာင္းဆံုးအိမ္မွာ ေနတယ္။ တျခား ရြာခံေတြထက္လည္း ေတာက္ေတာက္ေျပာင္ေျပာင္ ရွိ တယ္။ ဒီေတာ့ သူဆက္သြယ္ေပး မယ့္ စားပြဲထိုးအလုပ္ဆိုတာက မိန္းကေလးငယ္ ႏွစ္ေယာက္ရဲ႕ စိတ္ကို အေလးအနက္ ဖမ္းစားႏုိင္ခဲ့ပါတယ္။

‘‘သူတို႔ကို ကြၽန္မတို႔ ယံုခဲ့မိ တယ္ေလ’’လုိ႔ အခုအခါမွာ အ သက္ (၁၇) ႏွစ္ရွိၿပီျဖစ္တဲ့ မျဖဴက ဝင္ေျပာတယ္။ ၂၀၁၈ ဇူလိုင္လ ရဲ႕ မနက္ခင္းတစ္ခုမွာ မိုင္းရယ္ကို ဗင္ကားတစ္စီးေရာက္လာၿပီး မိန္း ကေလးေတြကို လာေခၚပါတယ္။ ေတာင္ေပၚလမ္းေတြမွာ ေကြ႕ ပတ္ေမာင္းႏွင္ေနတဲ့အခ်ိန္ မျဖဴ တစ္ေယာက္ ကားမူးပါေတာ့ တယ္။ ေဒၚစန္းၾကည္က အမူးအေမာ္ သက္သာေစတယ္ဆိုၿပီး ေသာက္ေဆးေလးေတာင့္ လွမ္း ေပးတယ္။ တစ္ေတာင့္က ပန္း ေရာင္၊ က်န္တာေတြက အျဖဴ ေရာင္ပါ။

ေဆးေသာက္ၿပီးတဲ့ ေနာက္ ပိုင္း ဘာေတြျဖစ္ခဲ့သလဲဆိုတာ ကို မျဖဴတစ္ေယာက္ လံုးေစ့ပတ္ ေစ့သတိမရေတာ့ပါဘူး။ အား လံုး ေဝေဝဝါးဝါးျဖစ္ေနတယ္။ လူ တစ္ေယာက္က သူ႔လက္ေမာင္း ကို ေဆးတစ္ခုခု ထိုးသြင္းလုိက္ တာကိုေတာ့ မျဖဴ ခံစားမိလုိက္ တယ္။ အဲဒီအခ်ိန္တုန္းက ႐ိုက္ ထားတဲ့ ဓာတ္ပံုကို ၾကည့္တဲ့အခါ သူ႔မ်က္ႏွာက မို႔အစ္ၿပီး မ်က္လံုး ေတြက ေၾကာင္ေတာင္ေတာင္ ျဖစ္ေနတယ္လုိ႔လည္း မျဖဴက ေျပာျပတယ္။

‘‘ဒီကိစၥေတြ မျဖစ္ခင္တုန္း က သမီးေလးက တက္တက္ႂကြ ႂကြနဲ႔ ေပ်ာ္ေပ်ာ္ေနတတ္တဲ့သူပါ’’ လုိ႔ သူ႔ရဲ႕မိခင္ ေဒၚေအးဦးက ေၾက ေၾကကြဲကြဲ ဖြင့္ဟခဲ့တယ္။ ‘‘ဒါေပ မဲ့ သမီးကို သူတို႔တစ္ခုခု လုပ္ လုိက္တယ္။ သမီးက သတိလက္ လြတ္ျဖစ္ေနတဲ့အခ်ိန္မွာ ေစာ္ ကားခံခဲ့ရတယ္။ သူ႔ကိုလည္း ႐ိုက္ႏွက္ၾကပါေသးတယ္။ သမီးက သူ ဘဝပ်က္သြားတယ္ဆိုတာကိုေတာင္ ဘာမွန္းမသိလုိက္ရွာဘူး’’လုိ႔ ေဒၚေအးဦးက ေျပာျပပါ တယ္။

မညိဳကလည္း အခုဆိုရင္ အသက္ (၁၇) ႏွစ္ပါ။ သူ႔ကို ဘာ ေဆးပဲတိုက္တိုက္ အလန္႔တၾကား ျငင္းဆိုေနပါၿပီ။ သူ႔ရဲ႕ မွတ္ဉာဏ္ က သူငယ္ခ်င္းမျဖဴထက္ ပိုၿပီး ၾကည္ၾကည္လင္လင္ ရွိေနပါ တယ္။ ဒါေပမဲ့ စိတ္ေထြျပား ႐ႈပ္ ေထြးေနတဲ့ အေျခအေနကေတာ့ မျဖဴထက္မေလ်ာ့ပါဘူး။ နယ္စပ္ တစ္ေလွ်ာက္က တည္းခိုခန္း ေတြမွာ ခရီးတစ္ေထာက္ နားခဲ့ တာေတြ၊ မိုးအရမ္းရြာေနတာ ေၾကာင့္ သူတို႔ အလုပ္လုပ္ရမယ့္ စားေသာက္ဆုိင္ ပိတ္ထားတယ္ ဆိုၿပီး လိမ္ဆင္ဇာတ္လမ္းေတြ ေျပာျပခဲ့ပံုေတြကို သူသတိရေနပါ ေသးတယ္။ ခရီးတစ္ေလွ်ာက္ ေလွတစ္ခါ စီးရတယ္။ က်န္တဲ့ အခ်ိန္အမ်ားစုကေတာ့ ကားနဲ႔ပဲ ခရီးဆက္ခဲ့ၾကပါတယ္။

၁၀ ရက္ေလာက္ ၾကာတဲ့ထိ ခရီးစဥ္အဆင့္ဆင့္ ေျပာင္းၿပီးတဲ့ အခ်ိန္မွာ စားပြဲထိုးျဖစ္ခ်င္တဲ့ သူ တို႔ရဲ႕ အနာဂတ္ေမွ်ာ္လင့္ခ်က္ ေတြ တျဖည္းျဖည္း မွိန္ေဖ်ာ့လာ တယ္။ သူနဲ႔ မျဖဴတုိ႔ဟာ ထြက္ ေျပးဖို႔ ႏွစ္ႀကိမ္တိုင္တိုင္ ႀကိဳးစား ခဲ့ေသးတယ္လုိ႔ မညိဳက ေျပာပါ တယ္။ ဒါေပမဲ့ သူတို႔ေတြ ဘယ္ သြားလုိ႔ ဘယ္လာရမယ္ဆိုတာ လံုးဝမသိဘူး။ လူေမွာင္ခိုသမား ေတြက သူတို႔ကို ဖမ္းမိသြားတဲ့ အခါ အခန္းတစ္ခန္းထဲထည့္ပိတ္ ထားလိုက္တယ္။ သူတုိ႔ရဲ႕ ဖုန္း ေတြက လံုးဝ လုိင္းမမိေတာ့ဘူး။

တ႐ုတ္စကားေျပာတဲ့ အမ်ိဳး သားေတြ သူတို႔ကို လာၾကည့္ တယ္။ တခ်ိဳ႕က တစ္ေယာက္ကို လက္ညႇိဳးထိုးျပတယ္။ တခ်ိဳ႕က တျခားတစ္ေယာက္ကို ေရြး တယ္။ ‘‘ကြၽန္မတို႔ ေရာင္းစားခံရၿပီဆိုတာကို သေဘာေပါက္လာ တယ္။ ဒါေပမဲ့ ေျပးစရာေျမ မရွိ ေတာ့ဘူး’’လုိ႔ မျဖဴက ဖြင့္ဟပါ တယ္။

ေနာက္ေတာ့ လူေမွာင္ခိုသ မားတစ္ေယာက္က မျဖဴကို ‘‘နင္ ေတာ့ ကံေကာင္းၿပီ’’လုိ႔ လာေျပာ တယ္။ အဲဒီလူက သူ႔ကို အမ်ိဳး သားတခ်ိဳ႕ထဲက တစ္ေယာက္ကို ေရြးခြင့္ျပဳတယ္။ မျဖဴက လူဝႀကီး တစ္ေယာက္ကို ျငင္းလုိက္တယ္။ အသက္ႀကီးႀကီး တစ္ေယာက္ကို လည္း ေခါင္းခါခဲ့တယ္။ စိတ္ဖိ စီးမႈေၾကာင့္ မျဖဴ ငိုတယ္။ လူ ေမွာင္ခိုသမားက အငိုတိတ္ဖုိ႔ သူ႔ကို လာေျပာတယ္။ သူ႔လင္ ေယာက္်ား ျဖစ္လာႏုိင္ေျခရွိတဲ့ သူ တစ္ေယာက္ေယာက္ အျမင္မွာ လွပေၾကာ့ရွင္းေနဖုိ႔ လိုတယ္လုိ႔ လည္း သတိေပးတယ္။

‘‘ကြၽန္မ အိမ္ေထာင္မျပဳခ်င္ ဘူးလို႔ သူတို႔ကိုေျပာတယ္။ ကြၽြန္မ အရမ္းအိမ္ျပန္ခ်င္တယ္’’လုိ႔ မျဖဴက သူျဖတ္သန္းႀကံဳေတြ႕ခဲ့ရတဲ့ ခံစားခ်က္ေတြကို ဖြင့္ဟပါတယ္။

လူ႔အခြင့္အေရးေစာင့္ၾကည့္္ အဖြဲ႕က အခုႏွစ္မွာ ထုတ္ျပန္တဲ့ အစီရင္ခံစာ တစ္ေစာင္မွာေတာ့ ႏွစ္ႏိုင္ငံစလံုးက တရားဥပေဒ စိုးမိုးေရးအဖြဲ႕အစည္းေတြက ထိ ေရာက္တဲ့ အေရးယူကိုင္တြယ္မႈမ်ိဳး ေခါင္းပါးလြန္းေနတာေၾကာင့္ တ႐ုတ္-ျမန္မာ နယ္စပ္တစ္ ေလွ်ာက္ တ႐ုတ္မယားအျဖစ္ ေရာင္းစားတဲ့ လုပ္ငန္းေတြ ျဖစ္ထြန္းေနၿပီး လူေမွာင္ခိုသမားေတြ ေကာင္းစားေနေၾကာင္း ေဖာ္ျပ ထားပါတယ္။

နယ္စပ္ဂိတ္ကို ဘယ္လို ဘယ္ပံုနဲ႔ ဘယ္အခ်ိန္မွာ ျဖတ္သန္းခဲ့ၾကသလဲဆိုတာကိုိ မိန္းကေလး ႏွစ္ေယာက္စလံုး သတိမရၾကပါဘူး။ သူတို႔ဟာ ႐ုတ္တရက္ႀကီးဆိုသလို တ႐ုတ္ပိုင္နက္ထဲ ေရာက္ေနခဲ့ၾကပါၿပီ။ ေနာက္ေတာ့ မိန္းကေလးႏွစ္ေယာက္ကို လူခြဲလိုက္တယ္။ သူတိုု႔ရဲ႕ လင္ေယာက္်ားျဖစ္လာဖုိ႔ သတ္မွတ္ထားသူေတြနဲ႔ တြဲဖက္ေပးလုိက္တယ္။ အိမ္ေထာင္ခ်ေပးတယ္ ဆိုေပမယ့္ သူတို႔သိသေလာက္ေတာ့ ဘာတရားဝင္ စာရြက္စာတမ္းမွာမွ လက္မွတ္ထိုးျဖည့္သြင္းရတာမ်ိဳး မရွိခဲ့ပါဘူး။

ရထားခရီးစဥ္ အရွည္ႀကီး လိုက္ပါစီးနင္းခဲ့တဲ့ေနာက္ သူ႔ရဲ႕ ခရီးဆံုးကို မျဖဴ ဆိုက္ေရာက္လာ တယ္။ ဒါဟာ ေဘဂ်င္းၿမိဳ႕ေတာ္ ႀကီးျဖစ္မယ္လုိ႔ မျဖဴက ေတြး တယ္။ သူ႔ကို ဝယ္ယူလုိက္တဲ့ အ မ်ိဳးသားရဲ႕နာမည္က ယြမ္ဖန္းပါ။ အသက္ (၂၁) ႏွစ္ရွိပါၿပီ။

ၿမိဳ႕ႀကီးထဲမွာ မီးေရာင္္ေတြ ထိန္္ထိန္ညီးေနၿပီး စက္ေလွကား ေတြလည္း အမ်ားႀကီးပဲလုိ႔ မျဖဴ က ေျပာျပတယ္။ ‘‘တိုက္ႀကီးေတြ က အျမင့္ႀကီးဆိုေတာ့ ဟိုးထိပ္ ဆံုးကိုေတာင္ ကြၽန္မ မျမင္ရဘူး’’ လုိ႔လည္း ဆိုတယ္။

ယြမ္က သူ႔ဖုန္းကို ၾကားခံ ဘာသာျပန္ ကိရိယာတစ္ခုအေန နဲ႔အသံုးျပဳၿပီး မျဖဴကို ဆက္သြယ္ ဖုိ႔ ႀကိဳးစားတယ္။ ဒါေပမဲ့ မျဖဴက စကားေျပာဖို႔ ျငင္းဆန္တယ္။ အဲဒီအခါမွာ မိန္းကေလးကို တီဗီ တစ္လံုးရွိတဲ့ အခန္းထဲမွာ ထည့္ ပိတ္ၿပီး ေသာ့ခတ္လုိက္ပါတယ္။ ညေနပိုင္းမွာေတာ့ ယြမ္ေရာက္ လာၿပီး မျဖဴရဲ႕လက္ေမာင္းမွာ တစ္ခုခု ထိုးသြင္းလုိက္တယ္။ အဲဒီေနာက္မွာ သူ႔ကို အဓမၼလိင္ ဆက္ဆံခဲ့ပါတယ္။

‘‘ကြၽန္မတစ္ကိုယ္လံုး ထံုေန ၿပီး မလႈပ္ႏုိင္သလို ခံစားရတယ္။ သူ႔ဆီက ခ်ဥ္ေစာ္နံတယ္။ ၿပီး ေတာ့ သူက ေဆးလိပ္လည္း ေသာက္ထားတယ္’’လုိ႔ မျဖဴက ေျပာျပတယ္။

ေနာက္ပိုင္းမွာေတာ့ မျဖဴက သူဟာ ေနသားက်ၿပီး ေပ်ာ္ရႊင္ အဆင္ေျပေနသလို ဟန္ေဆာင္ တတ္လာတယ္။ အဲဒီအခါမွာ သူ႔ကို ေဆးမထိုးေတာ့ဘူး။ အ ျပင္ေခၚထုတ္ၿပီး ေစ်းဝယ္စင္တာ ေတြ ဘာေတြ လုိက္ပို႔ေပးတယ္။ ဒါေပမဲ့ ယြမ္က မျဖဴကို လံုးဝမ်က္ျခည္ျပတ္မခံဘဲ သြားေလရာ လိုက္ေစာင့္ၾကည့္ေနပါတယ္။ေရ ခ်ိဳးခန္း ဝင္ခ်ိန္မွာေတာင္ အလြတ္ မေပးခဲ့ဘူး။ တစ္ႀကိမ္မွာေတာ့ ယြမ္ရဲ႕ အစ္မရယ္၊ အဲဒီ အမ်ိဳးသ မီးရဲ႕ ကေလးရယ္နဲ႔အတူ မျဖဴက ကစားကြင္းတစ္ခုဆီ လုိက္သြား ခြင့္ရခဲ့တယ္။ ကစားကြင္းထဲမွာ စီးနင္းေဆာ့ကစားရတာေတြေပၚ တက္စီးၾကည့္ဖုိ႔ ေျပာေပမယ့္ မျဖဴက ျငင္းခဲ့ပါတယ္။

မျဖဴဟာ မန္ဒရင္း တ႐ုတ္္ စကားစုတခ်ိဳ႕ကိုလည္း ေျပာ တတ္လာတယ္။ ‘Bu ku le’ ဆိုတာက မငိုဖို႔ ေျပာတာလုိ႔ သူနားလည္သေလာက္ စကားတခ်ိဳ႕ကို လည္း ျပန္ေျပာျပပါတယ္။ေနာက္ ၿပီး သူ႔ေယာက္်ားရဲ႕ဖုန္းက Passcode ကိုလည္း သိလာတယ္။ တစ္ညမွာေတာ့ အမ်ိဳးသား အရက္ေသာက္ေနတဲ့အခ်ိန္မွာ မျဖဴက လူမႈကြန္ရက္မီဒီယာ App တစ္ခုကို သံုးၿပီး မိခင္ဆီ ဖုန္းလွမ္းဆက္တယ္။

မျဖဴရဲ႕မိခင္္ ေဒၚေအးဦးက ‘‘သူ႔ကို ျပန္ေတြ႕ရေတာ့ ကြၽန္မ အရမ္းဝမ္းသာသြားတယ္။ ဒါေပ မဲ့ သမီးက သူ႔အရင္ပံုနဲ႔ မတူေတာ့ ဘူး’’လို႔ ဆိုတယ္။ ‘‘အဲဒီတုန္းက သမီး ကြၽန္မကို ေျပာတာက ‘သမီး ကို ေရာင္းစားလုိက္ၾကၿပီ အေမ ေရ’တဲ့ေလ’’လုိ႔ မ်က္ႏွာညႇိဳးေနတဲ့ ေဒၚေအးဦးက ေျပာျပပါတယ္။

မညိဳိကေတာ့ သူဟာ တ႐ုတ္ႏုိင္ငံရဲ႕ ဘယ္အပိုင္း၊ ဘယ္ေဒသကို ေရာက္ေနမွန္း ေသခ်ာမသိခဲ့ဘူး။ ဒါေပမဲ့ သိေအာင္လုပ္မယ္လုိ႔ ဆံုးျဖတ္ခဲ့တယ္။ ပထမေတာ့ သူ႔ရဲ႕လင္ေယာက္်ား ေဂါင္ဂ်ီကလည္း မညိဳကို အခန္းထဲ ထည့္ပိတ္ထားခဲ့ပါတယ္။ အင္တာနက္လည္း သံုးခြင့္မေပးဘူး။ ၿပီးေတာ့ ႐ိုက္ေမာင္းပုတ္ေမာင္းလည္း လုပ္ေသးတယ္။

ရက္ပိုင္းေလာက္ ၾကာလာ ေတာ့ ေဂါင္က မညိဳကို နည္းနည္း ယံုၾကည္စျပဳလာတယ္။ တ႐ုတ္ က လူမႈကြန္ရက္ပလက္ေဖာင္း တစ္ခုျဖစ္တဲ့ WeChat အပါအဝင္ လူမႈကြန္ရက္မီဒီယာေတြ ေပးသံုး ခဲ့တယ္။ သူတို႔နဲ႔အတူေနတဲ့ ေဂါင္ ရဲ႕ မိခင္ကေတာ့ မညိဳက အရမ္း ပိန္လြန္းတဲ့အတြက္ ကိုယ္ဝန္ ေဆာင္ႏုိင္ပါ့မလားဆိုၿပီး အရမ္း စိုးရိမ္ေနခဲ့ပါတယ္။ ႏိုင္ငံရပ္ျခား က ေရာက္လာတဲ့ ေခြၽးမျဖစ္သူကို ဆန္ျပဳတ္ေတြ၊ ဂ်ံဳေခါက္ဆြဲေတြ၊ ဆန္မုန္႔ေတြ အမ်ားႀကီးစားခုိင္း တယ္။

‘‘သူက ကြၽန္မကို ခ်ီ၊ ခ်ီလုိ႔ အၿမဲတမ္း ေျပာေနေလ့ရွိတယ္’’ လုိ႔ မညိဳက ဆိုတယ္။ မန္ဒရင္း တ႐ုတ္စကားအရေတာ့ ‘စား၊ စား’ဆိုတဲ့ အဓိပၸာယ္ပါ။

မညိဳက ေဂါင္ရဲ႕ စကူတာ ေနာက္ဘက္မွာ လုိက္စီးရင္း သူ႔ ပတ္ဝန္းက်င္မွာ ရွိေနတဲ့ အရာ ေတြကို ဖုန္းနဲဲ႔ တိတ္တိတ္ေလး ဗီဒီယိုခိုး႐ိုက္ထားတယ္။ ဒါမွ သူ ေရာက္ေနတာ ဘယ္မွာလဲဆိုတာ အေျဖရွာႏုိင္မွာကိုး။ သူတို႔မိသား စုပိုင္ဆိုင္တဲ့ ကားရဲ႕နံပါတ္၊ သူ တို႔ေနထုိင္တဲ့ ႏွစ္ထပ္အိမ္ရဲ႕ ပံု ေတြကိုပါ ဓာတ္ပံု႐ိုက္ထားခဲ့ တယ္။ အဲဒီဓာတ္ပံုတစ္ခုခ်င္းစီကို ေျမပံု App မွာ Tag ျပန္လုပ္ၿပီး မွတ္သားထားတယ္။

သူေရာက္ေနတာက ဟီနန္ ျပည္နယ္ထဲက ရွင္းခ်န္ခ႐ိုင္မွာ ပါ။ တ႐ုတ္ ႏုိင္ငံအလယ္ပိုင္းက လြင္ျပင္ေတြမွာ တည္ရွိတယ္။ ဟီ နန္ဟာ တ႐ုုတ္ရဲ႕ လူေနအထူထပ္ ဆံုးေဒသတစ္ခုျဖစ္ၿပီး လူဦးေရ သန္း ၁၀၀ ဝန္းက်င္ေလာက္ထိ ရွိပါတယ္။ ဒါဟာ ျမန္မာႏုိင္ငံ လူဦးေရရဲ႕ ႏွစ္ဆပါ။

၂၀၀၅ သန္္းေခါင္စာရင္းအ ရ ဟီနန္ဟာ တ႐ုတ္ႏုိင္ငံမွာ အမ်ိဳး သား၊ အမ်ိဳးသမီး လိင္အခ်ိဳးအ စားမညီမွ်မႈ အႀကီးမားဆံုး ေဒသ တစ္ခုအျဖစ္ ေပၚထြက္လာပါ တယ္။ ေယာက္်ားေလး ေမြးဖြားမႈ ၁၄၂ ဦးမွာ အမ်ိဳးသမီး ေမြးဖြား တာ ၁၀၀ ပဲ ရွိပါတယ္။ (တခ်ိဳ႕ မိသားစုေတြကေတာ့ မိန္းကေလး ေမြးတာကို သက္ဆိုင္ရာ အာဏာ ပိုင္အဖဲြ႕အစည္းေတြဆီ သတင္း မပို႔ပါဘူး။ ဒါေၾကာင့္ ဒီကြာဟ ခ်က္ဟာ လက္ေတြ႕မွာ အဲဒီ ေလာက္ ႀကီးခ်င္မွ ႀကီးပါလိမ့္ မယ္။ အခုအခ်ိန္မွာေတာ့ တ႐ုတ္ ရဲ႕ လူဦးေရကန္႔သတ္ ထိန္းခ်ဳပ္ ေရး မူဝါဒကို အထိုက္အေလ်ာက္ ေျဖေလွ်ာ့ေပးလုိက္ပါၿပီ)

ရွင္းခ်န္နဲ႔ အနီးတစ္ဝိုက္ ေဒသေတြဟာ အမ်ိဳးသမီးေတြကို လူေမွာင္ခိုေရာင္းခ်မႈနဲ႔ပတ္သက္ ရင္ သမုိင္းေၾကာင္းနဲ႔ခ်ီၿပီး နာမည္ ထြက္ေနခဲ့ပါတယ္။ ဒီႏွစ္ထဲမွာ ျမန္မာက အမ်ိဳးသမီးသုံးဦးနဲ႔ ဗီ ယက္နမ္ႏုိင္ငံသူ တစ္ဦးကို ရွင္း ခ်န္မွာ ကယ္ဆယ္ႏုိင္ခဲ့ေၾကာင္း ဟီနန္သတင္းမီဒီယာေတြက ေဖာ္ ျပပါတယ္။ ၂၀၀၉ တုန္းကလည္း အဲဒီကို ေမွာင္ခိုပို႔ေဆာင္ခံထားရ တဲ့ ျမန္မာအမ်ိဳးသမီး ၁၀ ဦးကို ရွာေတြ႕ခဲ့ဖူးတယ္။

ေနာက္ပိုင္းမွာ သိလာရတာ က မျဖဴကလည္း ရွင္းခ်န္မွာပဲ ရွိ ေနခဲ့တယ္ဆိုတာပါ။ သူထင္ထား သလို ေဘဂ်င္းမွာ မဟုတ္ပါဘူး။ ျမန္မာႏုိင္ငံရဲ႕ ေခါင္လြန္းတဲ့ ရြာ ငယ္ေလးတစ္ခုက ဆိုက္ေရာက္ လာတဲ့ မိန္းကေလးငယ္ ႏွစ္ ေယာက္အတြက္ေတာ့ ရွင္းခ်န္ ဟာ ယံုႏုိင္စရာမရွိေလာက္ ေအာင္ ႀကီးမားက်ယ္ေျပာလြန္း တဲ့ ၿမိဳ႕ႀကီးျပႀကီးမ်ိဳးပါပဲ။

သူေနရတဲ့ အိမ္ကလည္း အႀကီးႀကီးလုိိ႔ မညိဳက ေျပာျပ တယ္။ ေဂါင္က သူ႔အေပၚ အႏုိင္ အထက္ျပဳက်င့္လို႔ ေၾကာက္လန္႔ ၿပီး ေအာ္ဟစ္ေတာင္းပန္ေနရင္ ေတာင္ ေဂါင္ရဲ႕ မိဘေတြြ မၾကား ႏုိင္ေလာက္ေအာင္ အဲဒီအိမ္က ႀကီးမားတယ္လုိ႔ မညိဳက ဆို တယ္။ ‘‘ၾကည့္ရတာ သူက ေတာ္ ေတာ္ခ်မ္းသာပံုပဲ’’လုိ႔လည္း မိန္း ကေလးက ထင္ေၾကးေပးပါ တယ္။ ‘‘ဒီလို အိမ္မ်ိဳးႀကီးမွာေနႏုိင္တယ္၊ မိန္းမတစ္ေယာက္ကို လည္း ပိုက္ဆံေပးၿပီး ဝယ္ထား တယ္ဆိုတာက ခ်မ္းသာလုိ႔ မ ဟုတ္ဘူးလား’’လုိ႔လည္း မညိဳ က သူေတြးမိသေလာက္ ေမးခြန္း ထုတ္ၾကည့္ခဲ့ပါတယ္။

တကယ့္လက္ေတြ႕မွာေတာ့ လူဆင္္းရဲ တ႐ုတ္ေတြကသာ ေမွာင္ခိုတင္သြင္းလာတဲ့ အမ်ိဳးသ မီးေတြကို ဇနီးမယားအျဖစ္ ဝယ္ ယူဖို႔ ပိုၿပီးအားထုတ္ေလ့ ရွိၾကပါ တယ္။ ဒါေတာင္ သူတို႔ေတြ ေငြ ေတာ္ေတာ္ သံုးၾကရပါေသး တယ္။ မညိဳကိုဆိုရင္ ေဒၚလာ ႏွစ္ေသာင္း ေျခာက္ေထာင္ ေလာက္နဲ႔ ေရာင္းစားသြားတာလုိ႔ ဒီအမႈကိုကိုင္တြယ္ခဲ့တဲ့ ရွမ္းျပည္ နယ္က ရဲအရာရွိ ကိုမ်ိဳးေဇာ္ဝင္း က ေျပာျပပါတယ္။

တ႐ုုတ္မွာ လိင္ေက်းကြၽန္အ ျဖစ္ ေရာင္းစားခံရတဲ့ မိန္းကေလး ငယ္ေတြကို ကူညီကယ္ဆယ္ေပး ေနတဲ့ ရွမ္းအမ်ိဳးသမီးတစ္ဦးက ေနတစ္ဆင့္္ ကိုမ်ိဳးေဇာ္ဝင္းက မညိဳနဲ႔ ခ်ိတ္ဆက္ႏုိင္ခဲ့တယ္။ ေဂါင္ရဲ႕ WeChat Account ကိုပဲ သံုးၿပီး သူတို႔ေတြ အျပန္အလွန္ စာေရးၿပီး ဆက္သြယ္ခြင့္ရလာ တယ္။ ေဂါင္ကိုေတာ့ ကိုမ်ိဳးေဇာ္ ဝင္းဟာ မညိဳရဲ႕အစ္ကိုအျဖစ္ လိမ္ညာေျပာဆိုထားခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ တာဝန္ေက်တဲ့ ရဲအရာရွိဟာ တ႐ုတ္ ဘက္က အာဏာပိုင္ေတြကိုဆက္ သြယ္ၿပီး သူ႔အလုပ္သူ ပီပီျပင္ျပင္ လုပ္ေဆာင္ပါေတာ့တယ္။ လူ ခ်င္းေတြ႕ၾကတဲ့အခ်ိန္က်မွ ေဂါင္ က သံသယဝင္လာၿပီး ကိုမ်ိဳးေဇာ္ ဝင္းဟာ အမွန္တကယ္ ဘယ္သူ ဘယ္ဝါလဲဆိုတာကို ေမးတယ္။ သူကလည္း အဂၤလိပ္လို တစ္လံုးတည္း ျပန္ေျဖခဲ့တယ္။ ‘Police’ ဆိုၿပီးေတာ့ပါ။

ရွင္းခ်န္ကို မိန္းကေလးႏွစ္ ေယာက္ ေရာက္ရွိေနၿပီး ႏွစ္လ ၾကာမွ သူတို႔ရဲ႕ လင္ေယာက္်ား ေတြ ေနထိုင္ရာ အိမ္တံခါးေတြကို တ႐ုတ္ရဲတပ္ဖြဲ႕က လာေခါက္ႏုိင္ ခဲ့ၾကပါတယ္။ မိန္းကေလးေတြရဲ႕ လင္ေယာက္်ားေတြျဖစ္တဲ့ ယြမ္ ေရာ ေဂါင္ပါ ရဲေတြထိန္းသိမ္း တာ ခံလုိက္ရပါတယ္။ သူတို႔ ႏွစ္ ေယာက္စလံုးဟာ ဥပေဒပါသတ္ မွတ္ခ်က္အတုိင္း အနည္းဆံုး ရက္ေပါင္း ၃၀ ေလာက္ေတာ့ အ ဖမ္းခံရမယ္လို႔ ရွင္းခ်န္ရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရ အရာရွိတစ္ ေယာက္က မွတ္ခ်က္ေပးခဲ့တယ္။ ေနာက္ပိုင္း ဘာဆက္ျဖစ္မယ္ဆိုတာကိုေတာ့ အတိအက် မသိ ေသးဘူးလုိ႔ သူကဆိုတယ္။

‘‘အမ်ိဳးသား ႏွစ္ေယာက္္ရဲ႕ မိသားစုေတြကေတာ့ အရမ္း ေဆာက္တည္ရာမရ ျဖစ္ကုန္ၾက တယ္။ ဇနီးမယားေတြ ဝယ္ယူဖုိ႔ သူတို႔ေတြ ေငြအမ်ားႀကီး သံုးထား ရတာလုိ႔လည္း ညည္းေနၾက တယ္’’လုိ႔ အဲဒီအရာရွိက ေျပာပါတယ္။

ဇူမူမူးဆိုတဲ့ တ႐ုတ္အမ်ိဳး သားတစ္ဦးကိုလည္း မိန္းကေလး ေတြကို လိိင္ေက်းကြၽန္အျဖစ္ အဓမၼခုိင္းေစေၾကာင္း စြပ္စြဲမႈနဲ႔ ဖမ္းဆီးခဲ့ပါတယ္။ ဒါေတြက မိန္း ကေလးႏွစ္ေယာက္ မိုင္းရယ္ကို ျပန္ေရာက္မလာခင္ သီတင္းပတ္ ေတြမွာ ျဖစ္ပ်က္ခဲ့တဲ့ ကိစၥေတြပါ။ ပထမေတာ့ သူတို႔ကို တ႐ုတ္ရဲ စခန္းတစ္ခုဆီ ပို႔ေဆာင္ၿပီး တရား မဝင္ ေရႊ႕ေျပာင္းဝင္ေရာက္လာ မႈနဲ႔ စြဲခ်က္တင္စစ္ေဆးခဲ့ေသး တယ္။ ေနာက္မွ ေတာင္ဘက္ကို ရထားခရီးစဥ္ စီစဥ္ေပးၿပီး ရွမ္း ျပည္ေျမာက္ပိုင္းက လူကုန္ကူးခံ မိန္းကေလးေတြကို ေစာင့္ေရွာက္ ေပးတဲ့ ေဂဟာတစ္ခုဆီ လက္လႊဲ ပို႔ေဆာင္ခဲ့တာပါ။

‘‘ျမန္မာစာနဲ႔ ေရးထားတဲ့ ဆိုင္းဘုတ္ေတြ ျပန္ျမင္ရတဲ့အခ်ိန္ မွာ ကြၽန္မ သိပ္ေပ်ာ္တာပဲ’’လုိ႔ မျဖဴက ျမန္မာႏုိင္ငံဘက္ျခမ္း ျပန္ ေရာက္လာခ်ိန္ သူ႔ရဲ႕ခံစားခ်က္ကို ဖြင့္ဟခဲ့ပါတယ္။

ဟိမဝႏၲာ ေတာင္စဥ္တန္း ေတြနဲ႔ ဆက္စပ္ေနတဲ့ ရွမ္းျပည္ နယ္ေျမာက္ပိုင္း ေတာင္ကုန္းေတြ ေပၚက သူတို႔ရဲ႕ ဇာတိေျမဟာ တိုင္းရင္းသားလက္နက္ကိုင္ လႈပ္ ရွားမႈ စစ္ပြဲေတြရဲ႕ဒဏ္ကို ဆယ္စု ႏွစ္အဆက္ဆက္ ခါးစည္းခံေနခဲ့ရပါတယ္။ ျမန္မာ့တပ္မေတာ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္ တပ္ ဖြဲ႕ေတြ စစ္ခင္းတိုက္ခုိက္ေနတဲ့ နယ္ေျမေတြမွာ စစ္ရာဇဝတ္မႈ က်ဴးလြန္ေနတာေတြ ရွိႏုိင္ ေၾကာင္းလည္း ကုလသမဂၢအဖြဲ႕ ႀကီးက စြပ္စြဲထားပါတယ္။ အဲဒီ လို ေဒသေတြမွာ ၿငိမ္းခ်မ္းမႈ၊ လံု ၿခံဳမႈဆိုတာ ဘယ္လို အာမခံခ်က္ မွ မရွိေသးပါဘူး။ ေဒသခံ အမ်ိဳး သမီးေတြ၊ ကေလးငယ္ေတြက အႏုိင္က်င့္မႈ၊ အျမတ္ထုတ္မႈေတြ အေပၚ တံု႔ျပန္ႏုိင္စြမ္းအနည္းဆံုး သားေကာင္ေတြလုိ ျဖစ္ေနပါ တယ္။

‘‘ဇနီးမယား ေမွာင္ခိိုလုပ္ ငန္းေတြဆိုတာက ျပည္တြင္းစစ္နဲ႔လည္း ဆက္စပ္ေနႏိုင္ပါတယ္’’လုိ႔ ကခ်င္ျပည္နယ္အေျခစိုက္ ထြယ္ Gender and Development ေဖာင္ေဒးရွင္းရဲ႕ ပေရာဂ်က္မန္ ေနဂ်ာတစ္ဦးျဖစ္သူ ဆရာမေခါဆြမ့္က မွတ္ခ်က္ေပးခဲ့တယ္။ ကခ်င္ျပည္နယ္ဟာ ရွမ္းျပည္နယ္ နဲ႔ နယ္နိမိတ္ထိစပ္ေနၿပီး ရွမ္း ျပည္နယ္နည္းတူ စစ္ဒဏ္ကို ခံစားေနရတာပါပဲ။

မိန္းကေလးေတြကို ေသြး ေဆာင္လိမ္ညာ ေခၚယူသြားတဲ့ တစ္ရြာတည္းေန ေဒၚစန္းၾကည္ ကေတာ့ အခုအခါ လား႐ိႈးၿမိဳ႕မွာ အဖမ္းခံထားရပါၿပီ။ ေဒသခံ လူ ေမွာင္ခိုသမား တစ္ေယာက္လုိ႔ ယံုၾကည္ရတဲ့ ေဒၚႏွင္းေဝကေတာ့ ထြက္ေျပးလြတ္ေျမာက္ေနဆဲပါ။

ေဒၚႏွင္းေဝရဲ႕ခင္ပြန္း ဦး ေနာင္ေနာင္က ဇနီးျဖစ္သူရဲ႕ လူ ေမွာင္ခိုလုပ္ငန္းကရလာတဲ့ ေငြ ေၾကးေတြနဲ႔ တည္ေဆာက္ထား တာလုိ႔ ယံုၾကည္ရတဲ့ ခမ္းနားတဲ့ စံအိမ္ႀကီးမွာေနထုိင္ဆဲပါ။ တိုင္ လံုးႀကီးေတြနဲ႔ ထည္ထည္ဝါဝါ ျဖစ္ေနတဲ့ ပန္းေရာင္အိမ္ႀကီး ေပါ့။ ေဒၚႏွင္းေဝ ဘယ္ေရာက္ေန သလဲဆိုတာ သူမသိဘူးလုိ႔ ဦး ေနာင္ေနာင္က ေျပာပါတယ္။ ‘‘သူက အမွားတစ္ခုခု က်ဴးလြန္ထားတယ္ဆိုတာမ်ိဳး ကြၽန္ေတာ္ မသိခဲ့ဘူး။ သူ႔ပိုက္ဆံေတြကို ေဗဒင္လွည့္ေဟာရင္း ရလာတယ္လုိ႔ပဲ ထင္ထားတာ’’လုိ႔ လက္နက္ကိုင္တပ္ဖြဲ႕ဝင္ တပ္ၾကပ္ႀကီးတစ္ဦးျဖစ္တဲ့ ဦးေနာင္ေနာင္က ေျဖရွင္းပါတယ္။

သူဟာ မိန္းကေလးႏွစ္ဦးရဲ႕ မိသားစုေတြဆီ သြားၿပီး အႀကိမ္ ႀကိ္ိမ္ ေတာင္းပန္ခဲ့ၿပီးၿပီလုိ႔ ဦး ေနာင္ေနာင္က ဆိုတယ္။ ဒါေပမဲ့ သူနဲ႔ တစ္လမ္းတည္းေနထုိုင္တဲ့ မျဖဴရဲ႕မိခင္ကေတာ့ ဦးေနာင္ ေနာင္ဟာ သူတို႔ဆီ ဘယ္တုန္းကမွ ေရာက္မလာခဲ့ဘူးလို႔ ေျပာျပ ပါတယ္။

သူ႔ရဲ႕ကိုယ္ဝန္္တျဖည္း ျဖည္း လရင့္လာခ်ိန္မွာ မညိဳက ကေလးကိုေမြးၿပီးတာနဲ႔ တျခား ေမြးစားမယ့္သူေတြဆီ ေပးပစ္ လုိက္မယ္လုိ႔ ဆံုးျဖတ္လုိက္ တယ္။ အဲဒီေနာက္ ကေလးကို သတၱိရွိရွိပဲ သူေမြးဖြားေပးခဲ့တယ္။

‘‘ကြၽန္မရဲ႕ကေလးကိုိ သူ မ်ားဆီ ေပးပစ္လိုက္ခ်င္ခဲ့မိတယ္။ ဒါေပမဲ့ သမီးေလးကို ျမင္ၿပီးတဲ့အခ်ိန္မွာ သူ႔ကို ကြၽန္မ အရမ္းခ်စ္သြားပါတယ္’’လုိ႔ မညိဳက ဆို တယ္။ ‘‘သူ႔ဆီမွာ တ႐ုတ္တိရစာၦန္ ေကာင္နဲ႔ ခြၽတ္စြပ္တူတဲ့ ႏႈတ္ခမ္း ေတြ ရွိေနရင္ေတာင္မွေပါ့’’လုိ႔လည္း ငယ္ရြယ္တဲ့ မိခင္ေလး မညိဳက ခပ္တိုးတိုး ေရရြတ္ေနရွာပါ တယ္။Credit-aungparsay
Unicode
ဘယ်နေရာကို ရောက်နေ သလဲဆိုတာကို သူမသိခဲ့ဘူး။ သူတို့ပြောဆိုနေတဲ့ ဘာသာစကားကိုလည်း တစ်လုံးမှ နားမလည်ဘူး။ အဲဒီတုန်းက သူ့အသက် (၁၆)နှစ်ပဲ ရှိပါသေးတယ်။
အမျိုးသားကြီးက သူ့ရဲ့လင်ယောကျ်ားပါဆိုပြီး ပြောနေ တယ်။ လုံးစေ့ပတ်စေ့ နားမလည် ဘူးဆိုရင်တောင်မှ ဘာသာပြန် ပေးတဲ့ App က ဒီသဘောမျိုး ညွှန်း ဆိုပြနေပါတယ်။ အမျိုးသားကို အစွမ်းရှိသလောက်နဲ့ ဆန့်ကျင် တွန်းဖယ်ဖို့ သူကြိုးစားခဲ့ဖူးပါ သေးတယ်။ မညိုဟာ ရှမ်းတောင် တန်းတွေဆီက ရွာငယ်လေးတစ် ခုမှာ နေထိုင်ခဲ့တဲ့ မိန်းမငယ်လေး တစ်ယောက်ပါ။ ဘယ်လို အ ကြောင်းတရားတွေကြောင့် ကိုယ် ဝန်ရသွားတတ်တယ် ဆိုတာကို တောင် ရေရေရာရာ မသိတတ် သေးပါဘူး။ ဒါပေမဲ့ အဲဒီကိစ္စဟာ သူ့အတွက် တကယ်ဖြစ်လာ တယ်။
သွေးနုနု၊ သားနုနုမှာကလေးငယ်လေးက ကိုးရက်သားပဲ ရှိသေးတယ်။ မျက်နှာလေးကို ကြည့်လိုက်တာနဲ့ တရုတ်သွေး နှောတယ်ဆိုတာ ထင်းနေအောင် ပေါ်လွင်နေပါတယ်။ ‘‘သူ့အဖေနဲ့ သိပ်တူတာပဲ’’လို့ သမီးလေးကို ကြည့်ရင်း မညိုက ပြောတယ်။ ‘‘နှုတ်ခမ်းတွေက ပိုတူတယ်။တရုတ်ပုံစံမျိုးလေ’’လို့လည်း ဆို တယ်။ သူ့ပုံစံက ကျိန်စာတစ်ခု ကို ဝိုးတဝါး ရေရွတ်နေသလိုလို။
တရုတ်ရဲ့ One Child (အိမ် ထောင်စုတစ်စု၊ ကလေးတစ် ယောက်) မူဝါဒဟာ နိုင်ငံရဲ့ လူဦး ရေ ပေါက်ကွဲမှုကို တားဆီးပေးပြီး မယ်လ်သူဆီယန် အိပ်မက်ဆိုးမျိုး ကြုံမလာအောင် အထောက်အကူ ဖြစ်စေတယ်လို့ နိုင်ငံ့ခေါင်း ဆောင်အဆက်ဆက်က ရွှန်းရွှန်း ဝေနေတဲ့ ချီးကျူးစကားတွေ ပြော ခဲ့ဖူးတယ်။ မယ်လ်သူဆီယန် ဖြစ် စဉ်ဆိုတာက လူဦးရေအချိုးအ စားနဲ့ စားနပ်ရိက္ခာမမျှတဘဲ ငတ် မွတ်ခေါင်းပါးမှု ဘေးအန္တရာယ် ကြုံလာတာကို ရည်ညွှန်းတာပါ။ ဒါပေမဲ့ အဲဒီမူဝါဒကြောင့်ပဲ လွန်ခဲ့ တဲ့ နှစ် ၃၀ အတွင်း တရုတ်မှာ မိန်းကလေးငယ် သန်းပေါင်းများ စွာရဲ့ ရှင်သန်ဖြစ်တည်မှုတွေ လု ယက်ဖျက်ဆီးခံခဲ့ရတယ်။ မွေး လာမယ့် ကလေးရဲ့ လိင်အမျိုးအ စားအပေါ် မူတည်ပြီး ကိုယ်ဝန် ဖျက်ချတာတွေ၊ တခြားနည်းလမ်းတစ်ခုခု အသုံးပြုတာတွေ အများကြီးရှိခဲ့တယ်။ တရုတ်မိသားစုအများစုက သူတို့ရဲ့ တစ်ဦးတည်းသော မျိုးဆက်ကို ယောက်ျား လေးပဲ ဖြစ်စေချင်ကြတယ်လေ။
အဲဒီအချိန်တုန်းက ယောက်ျားလေးငယ်တွေဟာ အခုတော့ အရွယ်ရောက်တဲ့ ယောက်ျားကြီးတွေ ဖြစ်လာကြပါပြီ။ တရုတ်ရဲ့ မိသားစုဆွေစဉ်မျိုးဆက် ဆင်းသက်မှုမှာ သစ်ကိုင်းလွတ်လို့ သုံးနှုန်းမှုတစ်ခုရှိတယ်။ အဲဒါက အမျိုးသားတွေမှာ လက်ထပ်စရာ ဇနီးမယားမရှိဘဲ သေဆုံးသွားတဲ့အခါ မျိုးဆက် မကျန်တော့တာကို ဆိုလိုတာပါ။ တရုတ်ရဲ့ လိင်အချိုးအစားမညီမျှမှုဟာ ၂၀၀၄ လောက်မှာ သိသိသာသာ မြင့်တက်နေပါပြီ။ ယောက်ျားလေးဦးရေ ၁၂၁ ယောက်တိုင်းမှာ မိန်းကလေးမွေးဖွားထားတဲ့ အရေအတွက်က ၁၀၀ ပဲ ရှိနေတယ်။

မညိုကဲ့သို့ပင် စားပွဲထိုးအလုပ်ရမည်ဆိုသော ကတိဖြင့် လှည့်ဖြားခံရပြီးနောက် ဆန္ဒမပါဘဲ တရုတ်နိုင်ငံသို့ ပို့ဆောင်ခံရသည့် ၎င်း၏သူငယ်ချင်း မဖြူ(၁၇)နှစ်ကို တွေ့ရစဉ် (Minzayar Oo / The New York Times)ဒီလိုအပ်ချက်ကို အလျဉ်မီ အောင် ဖြည့်ဆည်းဖို့အတွက် တရုတ်အမျိုးသားတွေဟာ အနီး အနားနိုင်ငံတွေကနေ ဇနီးမယား တွေ တင်သွင်းမှုစတင်လာတယ်။ တစ်ခါတလေ အဓမ္မဆန်တဲ့နည်း လမ်းတွေကိုပါ သုံးစွဲလာပါတယ်။
‘‘ဇနီးမယားအဖြစ် ်ရောင်းစားတယ်ဆိုတာက ဒီရှမ်းပြည်နယ်ထဲမှာ သမားရိုးကျလိုတောင် ဖြစ်လာနေပြီ’’လို့ ရှမ်းပြည်နယ် ်မြောက်ပိုင်း လားရှိုးမြို့ရဲတပ်ဖွဲ့ရဲ့လူကုန်ကူးမှု တိုက်ဖျက်ရေးဌာနခွဲက အရာရှိတစ်ဦးဖြစ်တဲ့ ကိုဇော်မင်းထွန်းကပြောတယ်။ ‘‘ဒါပေမဲ့ လူကုန်ကူးမှုနဲ့ပတ်သက်ပြီး သတိဝီရိယထား စောင့်ကြည့်နိုင်သူက အရမ်းနည်းတယ်’’လို့လည်း သူက မှတ်ချက်ပေးခဲ့ပါတယ်။
ဂျွန်ဟော့ပ်ကင်းစ် ဘလွန်း ဘာ့ဂ် ပြည်သူ့ကျန်းမာရေးပညာ သင်ကျောင်းနဲ့ ထိုင်းအခြေစိုက် ကချင်အမျိုးသမီးများ အဖွဲ့ကြီးရဲ့ ပူးပေါင်းလေ့လာမှုတစ်ခုအရ ၂၀၁၃ နဲ့ ၂၀၁၇ အတွင်း မြန်မာ နိုင်ငံ မြောက်ပိုင်းဒေသတွေကမိန်းကလေးငယ် ၂၁,၀၀၀ လောက်ဟာ တရုတ်က ပြည်နယ်တစ်ခုတည်းမှာတင် အတင်းအကျပ် လက်ထပ်ဖို့ စေခိုင်းတာတွေ ကြုံတွေ့ခဲ့ကြရပါတယ်။
မြန်မာနိုင်ငံ အရှေ့မြောက် ပိုင်း ရှမ်းတောင်တန်းတွေပေါ်က မိုင်းရယ်မြို့နယ် အစွန်အဖျားမှာ ရွာငယ်ဇနပုဒ်လေးတစ်ခု ရှိနေ တယ်။ စစ်တပ်စခန်းလေးတစ်ခု အခြေစိုက်ထားနိုင်ရုံထက် နည်း နည်းပဲ ပိုကြီးတဲ့ရွာငယ်လေးပါ။ စစ်သည်တွေနဲ့ သူတို့ရဲ့ မိသားစု တွေဟာ မြေဝါလမ်းလေးတွေ ဘေးနားမှာ သွပ်မိုးထားတဲ့ တဲအိမ် လေးတွေ ဆောက်လုပ်ပြီးနေထိုင် ကြတယ်။
ပညာသင်ယူမှု အဆုံးသတ် သွားတဲ့ မနှစ်ကစလို့ မညိုနဲ့ သူ့ရဲ့ အတန်းဖော်သူငယ်ချင်း မဖြူတို့ ဟာ စစ်စခန်းတစ်ခုကို မှီခိုရင်း ရပ်တည်နေရတဲ့ ပတ်ဝန်းကျင်ကို စွန့်ခွာပြီး ဆင်းရဲတွင်းထဲက ရုန်း ထွက်ဖို့ စိတ်ပိုင်းဖြတ်လိုက်ကြ တယ်။ သူတို့ နှစ်ယောက်စလုံးက အသက် မပြည့်သေးတဲ့အတွက် နာမည်အရင်းတွေကိုတော့ ဖော် ပြသွားမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ အိမ်နီးချင်း ဒေါ်စန်းကြည်က တ ခြားရွာခံတစ်ဦးဖြစ်တဲ့ ဒေါ်နှင်းဝေ ရဲ့ အဆက်အသွယ်တွေကတစ် ဆင့် တရုတ်နဲ့ နယ်စပ်နားမှာ စား ပွဲထိုးအလုပ်ရစေမယ်လို့ အာမခံ တယ်။
ဒေါ်နှင်းဝေက ရွာထဲက အကောင်းဆုံးအိမ်မှာ နေတယ်။ တခြား ရွာခံတွေထက်လည်း တောက်တောက်ပြောင်ပြောင် ရှိ တယ်။ ဒီတော့ သူဆက်သွယ်ပေး မယ့် စားပွဲထိုးအလုပ်ဆိုတာက မိန်းကလေးငယ် နှစ်ယောက်ရဲ့ စိတ်ကို အလေးအနက် ဖမ်းစားနိုင်ခဲ့ပါတယ်။
‘‘သူတို့ကို ကျွန်မတို့ ယုံခဲ့မိ တယ်လေ’’လို့ အခုအခါမှာ အ သက် (၁၇) နှစ်ရှိပြီဖြစ်တဲ့ မဖြူက ဝင်ပြောတယ်။ ၂၀၁၈ ဇူလိုင်လ ရဲ့ မနက်ခင်းတစ်ခုမှာ မိုင်းရယ်ကို ဗင်ကားတစ်စီးရောက်လာပြီး မိန်း ကလေးတွေကို လာခေါ်ပါတယ်။ တောင်ပေါ်လမ်းတွေမှာ ကွေ့ ပတ်မောင်းနှင်နေတဲ့အချိန် မဖြူ တစ်ယောက် ကားမူးပါတော့ တယ်။ ဒေါ်စန်းကြည်က အမူးအမော် သက်သာစေတယ်ဆိုပြီး သောက်ဆေးလေးတောင့် လှမ်း ပေးတယ်။ တစ်တောင့်က ပန်း ရောင်၊ ကျန်တာတွေက အဖြူ ရောင်ပါ။
ဆေးသောက်ပြီးတဲ့ နောက် ပိုင်း ဘာတွေဖြစ်ခဲ့သလဲဆိုတာ ကို မဖြူတစ်ယောက် လုံးစေ့ပတ် စေ့သတိမရတော့ပါဘူး။ အား လုံး ဝေဝေဝါးဝါးဖြစ်နေတယ်။ လူ တစ်ယောက်က သူ့လက်မောင်း ကို ဆေးတစ်ခုခု ထိုးသွင်းလိုက် တာကိုတော့ မဖြူ ခံစားမိလိုက် တယ်။ အဲဒီအချိန်တုန်းက ရိုက် ထားတဲ့ ဓာတ်ပုံကို ကြည့်တဲ့အခါ သူ့မျက်နှာက မို့အစ်ပြီး မျက်လုံး တွေက ကြောင်တောင်တောင် ဖြစ်နေတယ်လို့လည်း မဖြူက ပြောပြတယ်။
‘‘ဒီကိစ္စတွေ မဖြစ်ခင်တုန်း က သမီးလေးက တက်တက်ကြွ ကြွနဲ့ ပျော်ပျော်နေတတ်တဲ့သူပါ’’ လို့ သူ့ရဲ့မိခင် ဒေါ်အေးဦးက ကြေ ကြေကွဲကွဲ ဖွင့်ဟခဲ့တယ်။ ‘‘ဒါပေ မဲ့ သမီးကို သူတို့တစ်ခုခု လုပ် လိုက်တယ်။ သမီးက သတိလက် လွတ်ဖြစ်နေတဲ့အချိန်မှာ စော် ကားခံခဲ့ရတယ်။ သူ့ကိုလည်း ရိုက်နှက်ကြပါသေးတယ်။ သမီးက သူ ဘဝပျက်သွားတယ်ဆိုတာကိုတောင် ဘာမှန်းမသိလိုက်ရှာဘူး’’လို့ ဒေါ်အေးဦးက ပြောပြပါ တယ်
မညိုကလည်း အခုဆိုရင် အသက် (၁၇) နှစ်ပါ။ သူ့ကို ဘာ ဆေးပဲတိုက်တိုက် အလန့်တကြား ငြင်းဆိုနေပါပြီ။ သူ့ရဲ့ မှတ်ဉာဏ် က သူငယ်ချင်းမဖြူထက် ပိုပြီး ကြည်ကြည်လင်လင် ရှိနေပါ တယ်။ ဒါပေမဲ့ စိတ်ထွေပြား ရှုပ် ထွေးနေတဲ့ အခြေအနေကတော့ မဖြူထက်မလျော့ပါဘူး။ နယ်စပ် တစ်လျှောက်က တည်းခိုခန်း တွေမှာ ခရီးတစ်ထောက် နားခဲ့ တာတွေ၊ မိုးအရမ်းရွာနေတာ ကြောင့် သူတို့ အလုပ်လုပ်ရမယ့် စားသောက်ဆိုင် ပိတ်ထားတယ် ဆိုပြီး လိမ်ဆင်ဇာတ်လမ်းတွေ ပြောပြခဲ့ပုံတွေကို သူသတိရနေပါ သေးတယ်။ ခရီးတစ်လျှောက် လှေတစ်ခါ စီးရတယ်။ ကျန်တဲ့ အချိန်အများစုကတော့ ကားနဲ့ပဲ ခရီးဆက်ခဲ့ကြပါတယ်။
၁၀ ရက်လောက် ကြာတဲ့ထိ ခရီးစဉ်အဆင့်ဆင့် ပြောင်းပြီးတဲ့ အချိန်မှာ စားပွဲထိုးဖြစ်ချင်တဲ့ သူ တို့ရဲ့ အနာဂတ်မျှော်လင့်ချက် တွေ တဖြည်းဖြည်း မှိန်ဖျော့လာ တယ်။ သူနဲ့ မဖြူတို့ဟာ ထွက် ပြေးဖို့ နှစ်ကြိမ်တိုင်တိုင် ကြိုးစား ခဲ့သေးတယ်လို့ မညိုက ပြောပါ တယ်။ ဒါပေမဲ့ သူတို့တွေ ဘယ် သွားလို့ ဘယ်လာရမယ်ဆိုတာ လုံးဝမသိဘူး။ လူမှောင်ခိုသမား တွေက သူတို့ကို ဖမ်းမိသွားတဲ့ အခါ အခန်းတစ်ခန်းထဲထည့်ပိတ် ထားလိုက်တယ်။ သူတို့ရဲ့ ဖုန်း တွေက လုံးဝ လိုင်းမမိတော့ဘူး။
တရုတ်စကားပြောတဲ့ အမျိုး သားတွေ သူတို့ကို လာကြည့် တယ်။ တချို့က တစ်ယောက်ကို လက်ညှိုးထိုးပြတယ်။ တချို့က တခြားတစ်ယောက်ကို ရွေး တယ်။ ‘‘ကျွန်မတို့ ရောင်းစားခံရပြီဆိုတာကို သဘောပေါက်လာ တယ်။ ဒါပေမဲ့ ပြေးစရာမြေ မရှိ တော့ဘူး’’လို့ မဖြူက ဖွင့်ဟပါ တယ်။
နောက်တော့ လူမှောင်ခိုသ မားတစ်ယောက်က မဖြူကို ‘‘နင် တော့ ကံကောင်းပြီ’’လို့ လာပြော တယ်။ အဲဒီလူက သူ့ကို အမျိုး သားတချို့ထဲက တစ်ယောက်ကို ရွေးခွင့်ပြုတယ်။ မဖြူက လူဝကြီး တစ်ယောက်ကို ငြင်းလိုက်တယ်။ အသက်ကြီးကြီး တစ်ယောက်ကို လည်း ခေါင်းခါခဲ့တယ်။ စိတ်ဖိ စီးမှုကြောင့် မဖြူ ငိုတယ်။ လူ မှောင်ခိုသမားက အငိုတိတ်ဖို့ သူ့ကို လာပြောတယ်။ သူ့လင် ယောက်ျား ဖြစ်လာနိုင်ခြေရှိတဲ့ သူ တစ်ယောက်ယောက် အမြင်မှာ လှပကြော့ရှင်းနေဖို့ လိုတယ်လို့ လည်း သတိပေးတယ်။
‘‘ကျွန်မ အိမ်ထောင်မပြုချင် ဘူးလို့ သူတို့ကိုပြောတယ်။ ကျွန်မ အရမ်းအိမ်ပြန်ချင်တယ်’’လို့ မဖြူက သူဖြတ်သန်းကြုံတွေ့ခဲ့ရတဲ့ ခံစားချက်တွေကို ဖွင့်ဟပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်် အဖွဲ့က အခုနှစ်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာ တစ်စောင်မှာတော့ နှစ်နိုင်ငံစလုံးက တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းတွေက ထိ ရောက်တဲ့ အရေးယူကိုင်တွယ်မှုမျိုး ခေါင်းပါးလွန်းနေတာကြောင့် တရုတ်-မြန်မာ နယ်စပ်တစ် လျှောက် တရုတ်မယားအဖြစ် ရောင်းစားတဲ့ လုပ်ငန်းတွေ ဖြစ်ထွန်းနေပြီး လူမှောင်ခိုသမားတွေ ကောင်းစားနေကြောင်း ဖော်ပြ ထားပါတယ်။နယ်စပ်ဂိတ်ကို ဘယ်လို ဘယ်ပုံနဲ့ ဘယ်အချိန်မှာ ဖြတ်သန်းခဲ့ကြသလဲဆိုတာကို မိန်းကလေး နှစ်ယောက်စလုံး သတိမရကြပါဘူး။ သူတို့ဟာ ရုတ်တရက်ကြီးဆိုသလို တရုတ်ပိုင်နက်ထဲ ရောက်နေခဲ့ကြပါပြီ။ နောက်တော့ မိန်းကလေးနှစ်ယောက်ကို လူခွဲလိုက်တယ်။ သူတို့ရဲ့ လင်ယောက်ျားဖြစ်လာဖို့ သတ်မှတ်ထားသူတွေနဲ့ တွဲဖက်ပေးလိုက်တယ်။ အိမ်ထောင်ချပေးတယ် ဆိုပေမယ့် သူတို့သိသလောက်တော့ ဘာတရားဝင် စာရွက်စာတမ်းမှာမှ လက်မှတ်ထိုးဖြည့်သွင်းရတာမျိုး မရှိခဲ့ပါဘူး
ရထားခရီးစဉ် အရှည်ကြီး လိုက်ပါစီးနင်းခဲ့တဲ့နောက် သူ့ရဲ့ ခရီးဆုံးကို မဖြူ ဆိုက်ရောက်လာ တယ်။ ဒါဟာ ဘေဂျင်းမြို့တော် ကြီးဖြစ်မယ်လို့ မဖြူက တွေး တယ်။ သူ့ကို ဝယ်ယူလိုက်တဲ့ အ မျိုးသားရဲ့နာမည်က ယွမ်ဖန်းပါ။ အသက် (၂၁) နှစ်ရှိပါပြီ။
မြို့ကြီးထဲမှာ မီးရောင်တွေ ထိန်ထိန်ညီးနေပြီး စက်လှေကား တွေလည်း အများကြီးပဲလို့ မဖြူ က ပြောပြတယ်။ ‘‘တိုက်ကြီးတွေ က အမြင့်ကြီးဆိုတော့ ဟိုးထိပ် ဆုံးကိုတောင် ကျွန်မ မမြင်ရဘူး’’ လို့လည်း ဆိုတယ်။
ယွမ်က သူ့ဖုန်းကို ကြားခံ ဘာသာပြန် ကိရိယာတစ်ခုအနေ နဲ့အသုံးပြုပြီး မဖြူကို ဆက်သွယ် ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ မဖြူက စကားပြောဖို့ ငြင်းဆန်တယ်။ အဲဒီအခါမှာ မိန်းကလေးကို တီဗီ တစ်လုံးရှိတဲ့ အခန်းထဲမှာ ထည့် ပိတ်ပြီး သော့ခတ်လိုက်ပါတယ်။ ညနေပိုင်းမှာတော့ ယွမ်ရောက် လာပြီး မဖြူရဲ့လက်မောင်းမှာ တစ်ခုခု ထိုးသွင်းလိုက်တယ်။ အဲဒီနောက်မှာ သူ့ကို အဓမ္မလိင် ဆက်ဆံခဲ့ပါတယ်။
‘‘ကျွန်မတစ်ကိုယ်လုံး ထုံနေ ပြီး မလှုပ်နိုင်သလို ခံစားရတယ်။ သူ့ဆီက ချဉ်စော်နံတယ်။ ပြီး တော့ သူက ဆေးလိပ်လည်း သောက်ထားတယ်’’လို့ မဖြူက ပြောပြတယ်။
နောက်ပိုင်းမှာတော့ မဖြူက သူဟာ နေသားကျပြီး ပျော်ရွှင် အဆင်ပြေနေသလို ဟန်ဆောင် တတ်လာတယ်။ အဲဒီအခါမှာ သူ့ကို ဆေးမထိုးတော့ဘူး။ အ ပြင်ခေါ်ထုတ်ပြီး ဈေးဝယ်စင်တာ တွေ ဘာတွေ လိုက်ပို့ပေးတယ်။ ဒါပေမဲ့ ယွမ်က မဖြူကို လုံးဝမျက်ခြည်ပြတ်မခံဘဲ သွားလေရာ လိုက်စောင့်ကြည့်နေပါတယ်။ရေ ချိုးခန်း ဝင်ချိန်မှာတောင် အလွတ် မပေးခဲ့ဘူး။ တစ်ကြိမ်မှာတော့ ယွမ်ရဲ့ အစ်မရယ်၊ အဲဒီ အမျိုးသ မီးရဲ့ ကလေးရယ်နဲ့အတူ မဖြူက ကစားကွင်းတစ်ခုဆီ လိုက်သွား ခွင့်ရခဲ့တယ်။ ကစားကွင်းထဲမှာ စီးနင်းဆော့ကစားရတာတွေပေါ် တက်စီးကြည့်ဖို့ ပြောပေမယ့် မဖြူက ငြင်းခဲ့ပါတယ်။
မဖြူဟာ မန်ဒရင်း တရုတ် စကားစုတချို့ကိုလည်း ပြော တတ်လာတယ်။ ‘Bu ku le’ ဆိုတာက မငိုဖို့ ပြောတာလို့ သူနားလည်သလောက် စကားတချို့ကို လည်း ပြန်ပြောပြပါတယ်။နောက် ပြီး သူ့ယောက်ျားရဲ့ဖုန်းက Passcode ကိုလည်း သိလာတယ်။ တစ်ညမှာတော့ အမျိုးသား အရက်သောက်နေတဲ့အချိန်မှာ မဖြူက လူမှုကွန်ရက်မီဒီယာ App တစ်ခုကို သုံးပြီး မိခင်ဆီ ဖုန်းလှမ်းဆက်တယ်။
မဖြူရဲ့မိခင် ဒေါ်အေးဦးက ‘‘သူ့ကို ပြန်တွေ့ရတော့ ကျွန်မ အရမ်းဝမ်းသာသွားတယ်။ ဒါပေ မဲ့ သမီးက သူ့အရင်ပုံနဲ့ မတူတော့ ဘူး’’လို့ ဆိုတယ်။ ‘‘အဲဒီတုန်းက သမီး ကျွန်မကို ပြောတာက ‘သမီး ကို ရောင်းစားလိုက်ကြပြီ အမေ ရေ’တဲ့လေ’’လို့ မျက်နှာညှိုးနေတဲ့ ဒေါ်အေးဦးက ပြောပြပါတယ်။
မညိုကတော့ သူဟာ တရုတ်နိုင်ငံရဲ့ ဘယ်အပိုင်း၊ ဘယ်ဒေသကို ရောက်နေမှန်း သေချာမသိခဲ့ဘူး။ ဒါပေမဲ့ သိအောင်လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ပထမတော့ သူ့ရဲ့လင်ယောက်ျား ဂေါင်ဂျီကလည်း မညိုကို အခန်းထဲ ထည့်ပိတ်ထားခဲ့ပါတယ်။ အင်တာနက်လည်း သုံးခွင့်မပေးဘူး။ ပြီးတော့ ရိုက်မောင်းပုတ်မောင်းလည်း လုပ်သေးတယ်။
ရက်ပိုင်းလောက် ကြာလာ တော့ ဂေါင်က မညိုကို နည်းနည်း ယုံကြည်စပြုလာတယ်။ တရုတ် က လူမှုကွန်ရက်ပလက်ဖောင်း တစ်ခုဖြစ်တဲ့ WeChat အပါအဝင် လူမှုကွန်ရက်မီဒီယာတွေ ပေးသုံး ခဲ့တယ်။ သူတို့နဲ့အတူနေတဲ့ ဂေါင် ရဲ့ မိခင်ကတော့ မညိုက အရမ်း ပိန်လွန်းတဲ့အတွက် ကိုယ်ဝန် ဆောင်နိုင်ပါ့မလားဆိုပြီး အရမ်း စိုးရိမ်နေခဲ့ပါတယ်။ နိုင်ငံရပ်ခြား က ရောက်လာတဲ့ ချွေးမဖြစ်သူကို ဆန်ပြုတ်တွေ၊ ဂျုံခေါက်ဆွဲတွေ၊ ဆန်မုန့်တွေ အများကြီးစားခိုင်း တယ်။
‘‘သူက ကျွန်မကို ချီ၊ ချီလို့ အမြဲတမ်း ပြောနေလေ့ရှိတယ်’’ လို့ မညိုက ဆိုတယ်။ မန်ဒရင်း တရုတ်စကားအရတော့ ‘စား၊ စား’ဆိုတဲ့ အဓိပ္ပာယ်ပါ။
မညိုက ဂေါင်ရဲ့ စကူတာ နောက်ဘက်မှာ လိုက်စီးရင်း သူ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အရာ တွေကို ဖုန်းနဲ့ တိတ်တိတ်လေး ဗီဒီယိုခိုးရိုက်ထားတယ်။ ဒါမှ သူ ရောက်နေတာ ဘယ်မှာလဲဆိုတာ အဖြေရှာနိုင်မှာကိုး။ သူတို့မိသား စုပိုင်ဆိုင်တဲ့ ကားရဲ့နံပါတ်၊ သူ တို့နေထိုင်တဲ့ နှစ်ထပ်အိမ်ရဲ့ ပုံ တွေကိုပါ ဓာတ်ပုံရိုက်ထားခဲ့ တယ်။ အဲဒီဓာတ်ပုံတစ်ခုချင်းစီကို မြေပုံ App မှာ Tag ပြန်လုပ်ပြီး မှတ်သားထားတယ်။
သူရောက်နေတာက ဟီနန် ပြည်နယ်ထဲက ရှင်းချန်ခရိုင်မှာ ပါ။ တရုတ် နိုင်ငံအလယ်ပိုင်းက လွင်ပြင်တွေမှာ တည်ရှိတယ်။ ဟီ နန်ဟာ တရုတ်ရဲ့ လူနေအထူထပ် ဆုံးဒေသတစ်ခုဖြစ်ပြီး လူဦးရေ သန်း ၁၀၀ ဝန်းကျင်လောက်ထိ ရှိပါတယ်။ ဒါဟာ မြန်မာနိုင်ငံ လူဦးရေရဲ့ နှစ်ဆပါ။
၂၀၀၅ သန်းခေါင်စာရင်းအ ရ ဟီနန်ဟာ တရုတ်နိုင်ငံမှာ အမျိုး သား၊ အမျိုးသမီး လိင်အချိုးအ စားမညီမျှမှု အကြီးမားဆုံး ဒေသ တစ်ခုအဖြစ် ပေါ်ထွက်လာပါ တယ်။ ယောက်ျားလေး မွေးဖွားမှု ၁၄၂ ဦးမှာ အမျိုးသမီး မွေးဖွား တာ ၁၀၀ ပဲ ရှိပါတယ်။ (တချို့ မိသားစုတွေကတော့ မိန်းကလေး မွေးတာကို သက်ဆိုင်ရာ အာဏာ ပိုင်အဖွဲ့အစည်းတွေဆီ သတင်း မပို့ပါဘူး။ ဒါကြောင့် ဒီကွာဟ ချက်ဟာ လက်တွေ့မှာ အဲဒီ လောက် ကြီးချင်မှ ကြီးပါလိမ့် မယ်။ အခုအချိန်မှာတော့ တရုတ် ရဲ့ လူဦးရေကန့်သတ် ထိန်းချုပ် ရေး မူဝါဒကို အထိုက်အလျောက် ဖြေလျှော့ပေးလိုက်ပါပြီ)
ရှင်းချန်နဲ့ အနီးတစ်ဝိုက် ဒေသတွေဟာ အမျိုးသမီးတွေကို လူမှောင်ခိုရောင်းချမှုနဲ့ပတ်သက် ရင် သမိုင်းကြောင်းနဲ့ချီပြီး နာမည် ထွက်နေခဲ့ပါတယ်။ ဒီနှစ်ထဲမှာ မြန်မာက အမျိုးသမီးသုံးဦးနဲ့ ဗီ ယက်နမ်နိုင်ငံသူ တစ်ဦးကို ရှင်း ချန်မှာ ကယ်ဆယ်နိုင်ခဲ့ကြောင်း ဟီနန်သတင်းမီဒီယာတွေက ဖော် ပြပါတယ်။ ၂၀၀၉ တုန်းကလည်း အဲဒီကို မှောင်ခိုပို့ဆောင်ခံထားရ တဲ့ မြန်မာအမျိုးသမီး ၁၀ ဦးကို ရှာတွေ့ခဲ့ဖူးတယ်။
နောက်ပိုင်းမှာ သိလာရတာ က မဖြူကလည်း ရှင်းချန်မှာပဲ ရှိ နေခဲ့တယ်ဆိုတာပါ။ သူထင်ထား သလို ဘေဂျင်းမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ ခေါင်လွန်းတဲ့ ရွာ ငယ်လေးတစ်ခုက ဆိုက်ရောက် လာတဲ့ မိန်းကလေးငယ် နှစ် ယောက်အတွက်တော့ ရှင်းချန် ဟာ ယုံနိုင်စရာမရှိလောက် အောင် ကြီးမားကျယ်ပြောလွန်း တဲ့ မြို့ကြီးပြကြီးမျိုးပါပဲ။
သူနေရတဲ့ အိမ်ကလည်း အကြီးကြီးလို့ မညိုက ပြောပြ တယ်။ ဂေါင်က သူ့အပေါ် အနိုင် အထက်ပြုကျင့်လို့ ကြောက်လန့် ပြီး အော်ဟစ်တောင်းပန်နေရင် တောင် ဂေါင်ရဲ့ မိဘတွေ မကြား နိုင်လောက်အောင် အဲဒီအိမ်က ကြီးမားတယ်လို့ မညိုက ဆို တယ်။ ‘‘ကြည့်ရတာ သူက တော် တော်ချမ်းသာပုံပဲ’’လို့လည်း မိန်း ကလေးက ထင်ကြေးပေးပါ တယ်။ ‘‘ဒီလို အိမ်မျိုးကြီးမှာနေနိုင်တယ်၊ မိန်းမတစ်ယောက်ကို လည်း ပိုက်ဆံပေးပြီး ဝယ်ထား တယ်ဆိုတာက ချမ်းသာလို့ မ ဟုတ်ဘူးလား’’လို့လည်း မညို က သူတွေးမိသလောက် မေးခွန်း ထုတ်ကြည့်ခဲ့ပါတယ်။
တကယ့်လက်တွေ့မှာတော့ လူဆင်းရဲ တရုတ်တွေကသာ မှောင်ခိုတင်သွင်းလာတဲ့ အမျိုးသ မီးတွေကို ဇနီးမယားအဖြစ် ဝယ် ယူဖို့ ပိုပြီးအားထုတ်လေ့ ရှိကြပါ တယ်။ ဒါတောင် သူတို့တွေ ငွေ တော်တော် သုံးကြရပါသေး တယ်။ မညိုကိုဆိုရင် ဒေါ်လာ နှစ်သောင်း ခြောက်ထောင် လောက်နဲ့ ရောင်းစားသွားတာလို့ ဒီအမှုကိုကိုင်တွယ်ခဲ့တဲ့ ရှမ်းပြည် နယ်က ရဲအရာရှိ ကိုမျိုးဇော်ဝင်း က ပြောပြပါတယ်။
တရုတ်မှာ လိင်ကျေးကျွန်အ ဖြစ် ရောင်းစားခံရတဲ့ မိန်းကလေး ငယ်တွေကို ကူညီကယ်ဆယ်ပေး နေတဲ့ ရှမ်းအမျိုးသမီးတစ်ဦးက နေတစ်ဆင့်် ကိုမျိုးဇော်ဝင်းက မညိုနဲ့ ချိတ်ဆက်နိုင်ခဲ့တယ်။ ဂေါင်ရဲ့ WeChat Account ကိုပဲ သုံးပြီး သူတို့တွေ အပြန်အလှန် စာရေးပြီး ဆက်သွယ်ခွင့်ရလာ တယ်။ ဂေါင်ကိုတော့ ကိုမျိုးဇော် ဝင်းဟာ မညိုရဲ့အစ်ကိုအဖြစ် လိမ်ညာပြောဆိုထားခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ တာဝန်ကျေတဲ့ ရဲအရာရှိဟာ တရုတ် ဘက်က အာဏာပိုင်တွေကိုဆက် သွယ်ပြီး သူ့အလုပ်သူ ပီပီပြင်ပြင် လုပ်ဆောင်ပါတော့တယ်။ လူ ချင်းတွေ့ကြတဲ့အချိန်ကျမှ ဂေါင် က သံသယဝင်လာပြီး ကိုမျိုးဇော် ဝင်းဟာ အမှန်တကယ် ဘယ်သူ ဘယ်ဝါလဲဆိုတာကို မေးတယ်။ သူကလည်း အင်္ဂလိပ်လို တစ်လုံးတည်း ပြန်ဖြေခဲ့တယ်။ ‘Police’ ဆိုပြီးတော့ပါ။
ရှင်းချန်ကို မိန်းကလေးနှစ် ယောက် ရောက်ရှိနေပြီး နှစ်လ ကြာမှ သူတို့ရဲ့ လင်ယောက်ျား တွေ နေထိုင်ရာ အိမ်တံခါးတွေကို တရုတ်ရဲတပ်ဖွဲ့က လာခေါက်နိုင် ခဲ့ကြပါတယ်။ မိန်းကလေးတွေရဲ့ လင်ယောက်ျားတွေဖြစ်တဲ့ ယွမ် ရော ဂေါင်ပါ ရဲတွေထိန်းသိမ်း တာ ခံလိုက်ရပါတယ်။ သူတို့ နှစ် ယောက်စလုံးဟာ ဥပဒေပါသတ် မှတ်ချက်အတိုင်း အနည်းဆုံး ရက်ပေါင်း ၃၀ လောက်တော့ အ ဖမ်းခံရမယ်လို့ ရှင်းချန်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိတစ် ယောက်က မှတ်ချက်ပေးခဲ့တယ်။ နောက်ပိုင်း ဘာဆက်ဖြစ်မယ်ဆိုတာကိုတော့ အတိအကျ မသိ သေးဘူးလို့ သူကဆိုတယ်။
‘‘အမျိုးသား နှစ်ယောက်ရဲ့ မိသားစုတွေကတော့ အရမ်း ဆောက်တည်ရာမရ ဖြစ်ကုန်ကြ တယ်။ ဇနီးမယားတွေ ဝယ်ယူဖို့ သူတို့တွေ ငွေအများကြီး သုံးထား ရတာလို့လည်း ညည်းနေကြ တယ်’’လို့ အဲဒီအရာရှိက ပြောပါတယ်။
ဇူမူမူးဆိုတဲ့ တရုတ်အမျိုး သားတစ်ဦးကိုလည်း မိန်းကလေး တွေကို လိင်ကျေးကျွန်အဖြစ် အဓမ္မခိုင်းစေကြောင်း စွပ်စွဲမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ ဒါတွေက မိန်း ကလေးနှစ်ယောက် မိုင်းရယ်ကို ပြန်ရောက်မလာခင် သီတင်းပတ် တွေမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေပါ။ ပထမတော့ သူတို့ကို တရုတ်ရဲ စခန်းတစ်ခုဆီ ပို့ဆောင်ပြီး တရား မဝင် ရွှေ့ပြောင်းဝင်ရောက်လာ မှုနဲ့ စွဲချက်တင်စစ်ဆေးခဲ့သေး တယ်။ နောက်မှ တောင်ဘက်ကို ရထားခရီးစဉ် စီစဉ်ပေးပြီး ရှမ်း ပြည်မြောက်ပိုင်းက လူကုန်ကူးခံ မိန်းကလေးတွေကို စောင့်ရှောက် ပေးတဲ့ ဂေဟာတစ်ခုဆီ လက်လွှဲ ပို့ဆောင်ခဲ့တာပါ။
‘‘မြန်မာစာနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်တွေ ပြန်မြင်ရတဲ့အချိန် မှာ ကျွန်မ သိပ်ပျော်တာပဲ’’လို့ မဖြူက မြန်မာနိုင်ငံဘက်ခြမ်း ပြန် ရောက်လာချိန် သူ့ရဲ့ခံစားချက်ကို ဖွင့်ဟခဲ့ပါတယ်။
ဟိမဝန္တာ တောင်စဉ်တန်း တွေနဲ့ ဆက်စပ်နေတဲ့ ရှမ်းပြည် နယ်မြောက်ပိုင်း တောင်ကုန်းတွေ ပေါ်က သူတို့ရဲ့ ဇာတိမြေဟာ တိုင်းရင်းသားလက်နက်ကိုင် လှုပ် ရှားမှု စစ်ပွဲတွေရဲ့ဒဏ်ကို ဆယ်စု နှစ်အဆက်ဆက် ခါးစည်းခံနေခဲ့ရပါတယ်။ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ် ဖွဲ့တွေ စစ်ခင်းတိုက်ခိုက်နေတဲ့ နယ်မြေတွေမှာ စစ်ရာဇဝတ်မှု ကျူးလွန်နေတာတွေ ရှိနိုင် ကြောင်းလည်း ကုလသမဂ္ဂအဖွဲ့ ကြီးက စွပ်စွဲထားပါတယ်။ အဲဒီ လို ဒေသတွေမှာ ငြိမ်းချမ်းမှု၊ လုံ ခြုံမှုဆိုတာ ဘယ်လို အာမခံချက် မှ မရှိသေးပါဘူး။ ဒေသခံ အမျိုး သမီးတွေ၊ ကလေးငယ်တွေက အနိုင်ကျင့်မှု၊ အမြတ်ထုတ်မှုတွေ အပေါ် တုံ့ပြန်နိုင်စွမ်းအနည်းဆုံး သားကောင်တွေလို ဖြစ်နေပါ တယ်။
‘‘ဇနီးမယား မှောင်ခိုလုပ် ငန်းတွေဆိုတာက ပြည်တွင်းစစ်နဲ့လည်း ဆက်စပ်နေနိုင်ပါတယ်’’လို့ ကချင်ပြည်နယ်အခြေစိုက် ထွယ် Gender and Development ဖောင်ဒေးရှင်းရဲ့ ပရောဂျက်မန် နေဂျာတစ်ဦးဖြစ်သူ ဆရာမခေါဆွမ့်က မှတ်ချက်ပေးခဲ့တယ်။ ကချင်ပြည်နယ်ဟာ ရှမ်းပြည်နယ် နဲ့ နယ်နိမိတ်ထိစပ်နေပြီး ရှမ်း ပြည်နယ်နည်းတူ စစ်ဒဏ်ကို ခံစားနေရတာပါပဲ။
မိန်းကလေးတွေကို သွေး ဆောင်လိမ်ညာ ခေါ်ယူသွားတဲ့ တစ်ရွာတည်းနေ ဒေါ်စန်းကြည် ကတော့ အခုအခါ လားရှိုးမြို့မှာ အဖမ်းခံထားရပါပြီ။ ဒေသခံ လူ မှောင်ခိုသမား တစ်ယောက်လို့ ယုံကြည်ရတဲ့ ဒေါ်နှင်းဝေကတော့ ထွက်ပြေးလွတ်မြောက်နေဆဲပါ
ဒေါ်နှင်းဝေရဲ့ခင်ပွန်း ဦး နောင်နောင်က ဇနီးဖြစ်သူရဲ့ လူ မှောင်ခိုလုပ်ငန်းကရလာတဲ့ ငွေ ကြေးတွေနဲ့ တည်ဆောက်ထား တာလို့ ယုံကြည်ရတဲ့ ခမ်းနားတဲ့ စံအိမ်ကြီးမှာနေထိုင်ဆဲပါ။ တိုင် လုံးကြီးတွေနဲ့ ထည်ထည်ဝါဝါ ဖြစ်နေတဲ့ ပန်းရောင်အိမ်ကြီး ပေါ့။ ဒေါ်နှင်းဝေ ဘယ်ရောက်နေ သလဲဆိုတာ သူမသိဘူးလို့ ဦး နောင်နောင်က ပြောပါတယ်။ ‘‘သူက အမှားတစ်ခုခု ကျူးလွန်ထားတယ်ဆိုတာမျိုး ကျွန်တော် မသိခဲ့ဘူး။ သူ့ပိုက်ဆံတွေကို ဗေဒင်လှည့်ဟောရင်း ရလာတယ်လို့ပဲ ထင်ထားတာ’’လို့ လက်နက်ကိုင်တပ်ဖွဲ့ဝင် တပ်ကြပ်ကြီးတစ်ဦးဖြစ်တဲ့ ဦးနောင်နောင်က ဖြေရှင်းပါတယ်။
သူဟာ မိန်းကလေးနှစ်ဦးရဲ့ မိသားစုတွေဆီ သွားပြီး အကြိမ် ကြိမ် တောင်းပန်ခဲ့ပြီးပြီလို့ ဦး နောင်နောင်က ဆိုတယ်။ ဒါပေမဲ့ သူနဲ့ တစ်လမ်းတည်းနေထိုင်တဲ့ မဖြူရဲ့မိခင်ကတော့ ဦးနောင် နောင်ဟာ သူတို့ဆီ ဘယ်တုန်းကမှ ရောက်မလာခဲ့ဘူးလို့ ပြောပြ ပါတယ်။
သူ့ရဲ့ကိုယ်ဝန်တဖြည်း ဖြည်း လရင့်လာချိန်မှာ မညိုက ကလေးကိုမွေးပြီးတာနဲ့ တခြား မွေးစားမယ့်သူတွေဆီ ပေးပစ် လိုက်မယ်လို့ ဆုံးဖြတ်လိုက် တယ်။ အဲဒီနောက် ကလေးကို သတ္တိရှိရှိပဲ သူမွေးဖွားပေးခဲ့တယ်။
‘‘ကျွန်မရဲ့ကလေးကို သူ များဆီ ပေးပစ်လိုက်ချင်ခဲ့မိတယ်။ ဒါပေမဲ့ သမီးလေးကို မြင်ပြီးတဲ့အချိန်မှာ သူ့ကို ကျွန်မ အရမ်းချစ်သွားပါတယ်’’လို့ မညိုက ဆို တယ်။ ‘‘သူ့ဆီမှာ တရုတ်တိရစ္ဆာန် ကောင်နဲ့ ချွတ်စွပ်တူတဲ့ နှုတ်ခမ်း တွေ ရှိနေရင်တောင်မှပေါ့’’လို့လည်း ငယ်ရွယ်တဲ့ မိခင်လေး မညိုက ခပ်တိုးတိုး ရေရွတ်နေရှာပါ တယ်။Credit-aungparsay