လမ်းဘေးမှာ ငှက်အိမ်လေးတွေ ရောင်းနေတဲ့အဖိုးကြီးကို အံ့သြပျော်ရွှင်စေခဲ့တဲ့ မေပန်းချီရဲ့လုပ်ရပ်တစ်ခု
Unicode
ပွင့်လင်းလွန်းတဲ့ စိတ်ထားလေးနဲ့ ရင်သပ်ရှုမောဖွယ် ခပ်ပြည့်ပြည့် ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် မေပန်းချီကတော့ ဖက်ရှင်အမျိုးမျိုးနဲ့ လိုက်ဖက်ညီလွန်းတာကြောင့် ပရိသတ်တွေက ချစ်မဝဖြစ်နေရသူလေးပါ။ စိတ်ထားလည်း အရမ်းကောင်းတဲ့ သူမကတော့ လတ်တလောမှာလည်း လမ်းဘေးမှာ ငှက်အိမ်လေးတွေ ရောင်းနေတဲ့ အဘိုးကြီးတစ်ယောက်ကို အံ့သြပျော်ရွှင်စေခဲ့တဲ့အကြောင်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မေပန်းချီကတော့ မောပန်းနေတဲ့ အဘိုးကြီးဆီက ငှက်အိမ်လေးတွေရော ငှက်အစာလေးတွေပါ အကုန်အားပေးပြီး အဘိုးကို ပျော်ရွှင်စေခဲ့တာပါ။ချစ်ပရိသတ်တွေအတွက် လမ်းဘေးမှာ ငှက်အိမ်လေးတွေ ရောင်းနေတဲ့အဖိုးကြီးကို အံ့သြပျော်ရွှင်စေခဲ့တဲ့ မေပန်းချီရဲ့လုပ်ရပ်တစ်ခုအကြောင်း ဖော်ပြပေးလိုက်ပါတယ်နော်။
မေပန်းချီကတော့ “မလိုပေမဲ့လဲ ဓာတ်တိုင်ဘေး မေားလို့ အကြာကြီးရပ်နေတဲ့ အဖိုးကိုသနားလို့ အကုန်ဝယ်လိုက်တယ် အံ့သြပြီးပြုံးသွားတာမြင်တော့ကြည်နူးမိတယ် ချစ်ရတဲ့မိတ်ဆွေတွေလဲ အသက်အရွယ်ကြီးရင့်သူတွေလမ်းမှာဈေးရောင်းတာ တွေ့ရင်ဖေးမ ပေးကျပါအုံးနော်” ဆိုပြီး လမ်းမှာ ငှက်လှောင်အိမ်ရောင်းနေတဲ့အဖိုးကို သနားလို့ အကုန်ဝယ်ပြီး ကုသိုလ်ယူခဲ့တဲ့ သူမရဲ့အကြောင်းကို ဝေမျှပေးထားတာပါ။လက်ရှိနာမည်ကြီးနေတဲ့ The Model Academy နဲ့ ပက်သက်ပြီး ဇင်အောင် နဲ့ သူမ တို့ဆက်ဆံရေး ပြောလာတဲ့ သန္တာလှိုင်သူမဝယ်ခဲ့တဲ့ ငှက်အိမ်နဲ့ အစာလေးတွေမေပန်းချီကတော့ လတ်တလောမှာ သူမချစ်ရတဲ့ အနုပညာအလုပ်တွေကို ဆက်တိုက်ပြုလုပ်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေလည်း အရမ်းစိတ်ထားကောင်းတဲ့ မေပန်းချီလေးကို အရင်ကထက် ပိုအားပေးလိုက်ကြပါဦးနော်။Credit-burmese asia