စားဖူးတယ်ရှိအောင် ကြုံရင် ဝယ်စားကြပါနော် အောင်ပန်း ဈေးနေ့မှာ ရောင်းတဲ့ မြေကြီး တစ်ဗူးကို ၅၀၀ ပါ
အောင်ပန်း ဈေးနေ့ ရောက်ရင် ဝယ်စားကြည်ပါအောင်ပန်းဈေးနေ့တိုင်း မြေကြီးခဲလာရောင်းတဲ့ မို့အို စားလို့ရတဲ့မြေခဲလေးတွေပါ မြေခဲတိုင်းစားလို့မရပါဘူး။ပအို့ဝ်လူမျိုးအခေါ်အဝေါ်က *ဟမ်းတော့*လို့ခေါ်တယ် မြေကြီးတော့ဟုတ်တယ် ရိုးရိုးမြေကြီးတော့ မဟုတ်ပါဖူး။လွယ်လွယ်နဲ့ရှာလို့မရပါဘူး ဒီစားလို့ရတဲ့မြေကြီးတွေက နေရာသက်သက်ရှိပါတယ် များသောအားဖြင့်အဖိုးအဖွားတွေကြိုက်ကြတယ်။
အစာပြေပေါ့ ထမင်းစားပြီးရင်စားကြတာများတယ် တချို့ကြ စားတာစွဲသွားရင် မစားဘဲမနေနိုင်ဖြစ်သွားပါတယ်။နို့ဆီဘူးတဘူးငါးရာပါ အရသာက စိမ့်ပါတယ် ထုံးဓါတ်အနဲငယ်ပါပါတယ် အနဲငယ်စပ်ပါတယ်။ရှမ်းလို လိန်ဟွမ်းလို့ခေါ်တယ် ဗမာလို မြေကြီးမွှေးလို့အဓိပ္ပါယ်ရတယ် ရှမ်းပြည်တောင်ပိုင်းမှာဆို ပအို့ဝ်လူမျိုးတွေ အစားများတယ်။Credit-aungparsay