Latest Posts

လုပ်သမျှအရာမထင်ဖြစ်ပြီး စိတ်ဓာတ်တွေကျနေတဲ့အချိန်မှာ ဒီစာလေးကို ဖတ်လိုက်ပါ

ေလာကမွာ တစ္ခါတေလ ကိုယ္ဘယ္ေလာက္ပဲ ၾကိဳးစားေနပါေစ၊ ၾကိဳးစားသေလာက္ အရာမထင္တဲ့ အခ်ိန္ေတြ ရွိတတ္ပါတယ္။ ဒီလိုအခ်ိန္ေတြမွာ ၾကိဳးစားခ်င္စိတ္ေတြ ကုန္ခမ္းျပီး ေလာကၾကီးမွာ ဆက္မေနခ်င္ေတာ့ေလာက္ေအာင္ စိတ္ဓာတ္ေတြ က်ေနမိတတ္ပါတယ္။ ဒီလိုအခ်ိန္မွာ ဘယ္သူနဲ႔မွလည္း စကားမေျပာခ်င္၊ ဘာကိုမွ အေကာင္းမျမင္ႏိုင္ေတာ့ပဲ တစ္ေယာက္တည္း ေနခ်င္လာပါေတာ့တယ္။ ဒီလိုလုပ္သမွ် အရာမထင္ျဖစ္ျပီး လက္ေလွ်ာ့ခ်င္စိတ္ေတြ ျဖစ္လာတဲ့အခါေတြမွာ ဒီစာေလးက သင့္အတြက္ အေထာက္အကူျဖစ္မွာပါ။

(၁) လန္းဆန္းစြာေနပါ

အရာအားလံုးမွာ အသစ္က ျပန္စဖို႔ အခြင့္အေရးေကာင္းေတြ အမ်ားၾကီးရွိတဲ့အတြက္ အေရးၾကီးဆံုးကေတာ့ စိတ္ပါပဲ။ ဒါေၾကာင့္ အသက္ဝဝရွဴျပီး သင့္ရဲ႕ ေခါင္းထဲမွာ ရွိေနတဲ့ စိတ္ကူးအိပ္မက္ေတြအားလံုး ျဖစ္လာမယ္ဆိုတာကို အျပည့္အဝ ယံုၾကည္လိုက္ပါ။ တစ္ခါတေလမွာ သင္ခန္းစာအသစ္ေတြကုိ ရရွိဖို႔အတြက္ အရံႈးေတြကို ရင္ဆိုင္ရတာျဖစ္ပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕စိတ္ကို ေပါ့ေပါ့ပါးပါး လန္းလန္းဆန္းဆန္းပဲ ထားျပီး သင္လုပ္ခ်င္တဲ့အရာေတြအားလံုးကုိ ျဖစ္ေျမာက္ေအာင္ ျပန္လည္ၾကိဳးစားပါ။ သင္မွ မလုပ္ရင္ သင့္အတြက္ ဘယ္သူမွ လာလုပ္ေပးမွာမဟုတ္ပါဘူး။ ဒါေၾကာင့္ သင့္ရဲ႕စိတ္က လန္းဆန္းေနဖို႔လိုပါတယ္။
(၂) အေကာင္းျမင္ပါ

ကမၻာေပၚမွာ စိတ္တုိင္းမက်စရာအမ်ားၾကီး ရွိေနသည့္တိုင္ေအာင္ စိတ္ခ်မး္သာစရာေလးေတြလည္း အမ်ားၾကီးရွိေနပါေသးတယ္။ သင့္ဘဝမွာ ေငြေၾကးနဲ႔ ဝယ္ယူလို႔မရတဲ့ က်န္းမာျခင္းေတြကို ပိုင္ဆိုင္ထားတယ္၊ ေျခလက္အဂၤါေတြ သန္စြမး္က်န္းမာေနေသးတယ္၊ မိဘနဲ႔ သူငယ္ခ်င္းေကာင္းေတြ ရွိေသးတယ္၊ ဒီလိုအရာေလးေတြဟာ အေသးအမႊားေလးေတြလို႔ ထင္ရေပမယ့္ ေငြေၾကးနဲ႔ ဝယ္ယူလို႔မရတဲ့ အဖိုးမျဖတ္ႏိုင္တဲ့အရာေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္ သင့္မွာ ရွိေနေသးတဲ့ အရာေလးေတြကို အေကာင္းျမင္စိတ္ထားတတ္ဖို႔က ဒီအခ်ိ္န္မွာ အရမး္ကုိအေရးၾကီးပါတယ္။
(၃) သူတစ္ပါးကုိ ေမတၱာထားပါ

ကံၾကမၼာဆိုတာ ခန္႔မွန္းလို႔မရသလို၊ အခ်ိန္ေတြကို ေနာက္ျပန္ဆုတ္လို႔လည္း မရေတာ့တာေၾကာင့္ လုပ္ႏိုင္တာ တစ္ခုပဲရွိပါတယ္။ အဲဒါကေတာ့ စိတ္ရွည္သည္းခံျခင္းနဲ႔ သူတစ္ပါးကုိ ေမတၱာထားျခင္းပါပဲ။ သင္ကိုယ္တိုင္ စိတ္ဓာတ္က်ေနတဲ့ အခ်ိန္ေတြမွာ သူတစ္ပါးကို ကူညီၾကည့္လုိက္ပါ။ တူေသာအက်ိဳးျပန္ေပးတာကို လက္ေတြ႔ခံစားရမွာျဖစ္သလုိ၊ ေပ်ာ္ရႊင္ၾကည္ႏူးမႈေတြလည္း အမ်ားၾကီးခံစားရမွာ ေသခ်ာပါတယ္။ ဒါေၾကာင့္ ေလာကၾကီးကိုု စိတ္ကုန္လာတဲ့အခ်ိန္တိုင္း ကိုယ့္ထက္နိမ့္ပါးတဲ့သူေတြကို ျပန္ကူညီျခငး္ျဖင့္ သင့္ရဲ႕ေပ်ာက္ဆံုးေနတဲ့ ေပ်ာ္ရႊင္ျခင္း၊ ပီတိေတြကို ျပန္ရွာေတြ႕မွာျဖစ္ပါတယ္။
(၄) ေျပာင္းလဲဖို႔လိုအပ္တယ္

တစ္ခါတေလ အမွန္တရားက ခါးသီးပါတယ္။ သင့္ရဲ႕ အေျခအေနမွန္၊ အေနအထားအမွန္ကုိ သိျမင္ရဖို႔အတြက္ သင္မွားေနတယ္ဆိုတာကို အရင္သေဘာေပါက္ဖို႔ လိုပါတယ္။ ဒါေၾကာင့္ တစ္ခါတေလမွာ ေလာကၾကီးက သင့္ကို လူမွန္ေနရာမွန္ ျပန္ထားခ်င္တဲ့အခါ ခါးသီးတဲ့ အမွန္တရားေတြကို ေပးသိလိုက္ရျခင္းျဖစ္ပါတယ္။ ဒါေၾကာင့္ တစ္ခါတေလမွာ ခါးသီးမႈ၊ နာက်င္မႈေတြဟာ တဒဂၤသာျဖစ္ျပီး အဲ့ဒီ့အရာေတြကို ေျပာင္းလဲလိုက္တာနဲ႔ သင္ဟာ က်ိန္းေသေပါက္ ျပန္လည္ေပ်ာ္ရႊင္လာရမွာျဖစ္ပါတယ္။
(၅) ကုိယ့္ကိုယ္ကို တာဝန္ယူပါ

သင့္ဘဝ ေကာင္းမြန္လာဖို႔၊ တိုးတက္လာဖို႔ တာဝန္အရွိဆံုးလူဟာ သင္ကုိယ္တိုင္ပါပဲ။ သင္ မေအာင္ျမင္ေသးတာ၊ သင္က်ရံႈးေနရတာေတြအ ားလံုးအတြက္ သင့္မွာပဲ တာဝန္ရွိပါတယ္။ အၾကိမ္ၾကိမ္ လဲက်ခဲ့ရင္ေတာင္ အၾကိမ္ၾကိမ္ ျပန္ထျပီး ျပန္ၾကိဳးစားလိုက္ပါ။ ပတ္ဝန္းက်င္ကုိ ဂရုမစိုက္ပါနဲ႔၊ သင့္အတြက္သင္ပဲ ရွိတာပါ။ ဒါေၾကာင့္ လုပ္သင့္လုပ္ထုိက္တာ မွန္သမွ်ကို ပံုမွန္ေလး ဆက္လုပ္ေနပါ။ သင္ၾကိဳးစားေနသေရြ႕ သင့္အလွည့္ဆိုတာ ေရာက္လာမွာ ေသခ်ာပါတယ္။
Credit-Auntymay

Unicode
လုပ်သမျှအရာမထင်ဖြစ်ပြီး စိတ်ဓာတ်တွေကျနေတဲ့အချိန်မှာ ဒီစာလေးကို ဖတ်လိုက်ပါ
လောကမှာ တစ်ခါတလေ ကိုယ်ဘယ်လောက်ပဲ ကြိုးစားနေပါစေ၊ ကြိုးစားသလောက် အရာမထင်တဲ့ အချိန်တွေ ရှိတတ်ပါတယ်။ ဒီလိုအချိန်တွေမှာ ကြိုးစားချင်စိတ်တွေ ကုန်ခမ်းပြီး လောကကြီးမှာ ဆက်မနေချင်တော့လောက်အောင် စိတ်ဓာတ်တွေ ကျနေမိတတ်ပါတယ်။ ဒီလိုအချိန်မှာ ဘယ်သူနဲ့မှလည်း စကားမပြောချင်၊ ဘာကိုမှ အကောင်းမမြင်နိုင်တော့ပဲ တစ်ယောက်တည်း နေချင်လာပါတော့တယ်။ ဒီလိုလုပ်သမျှ အရာမထင်ဖြစ်ပြီး လက်လျှော့ချင်စိတ်တွေ ဖြစ်လာတဲ့အခါတွေမှာ ဒီစာလေးက သင့်အတွက် အထောက်အကူဖြစ်မှာပါ။

(၁) လန်းဆန်းစွာနေပါ

အရာအားလုံးမှာ အသစ်က ပြန်စဖို့ အခွင့်အရေးကောင်းတွေ အများကြီးရှိတဲ့အတွက် အရေးကြီးဆုံးကတော့ စိတ်ပါပဲ။ ဒါကြောင့် အသက်ဝဝရှူပြီး သင့်ရဲ့ ခေါင်းထဲမှာ ရှိနေတဲ့ စိတ်ကူးအိပ်မက်တွေအားလုံး ဖြစ်လာမယ်ဆိုတာကို အပြည့်အဝ ယုံကြည်လိုက်ပါ။ တစ်ခါတလေမှာ သင်ခန်းစာအသစ်တွေကို ရရှိဖို့အတွက် အရှုံးတွေကို ရင်ဆိုင်ရတာဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့စိတ်ကို ပေါ့ပေါ့ပါးပါး လန်းလန်းဆန်းဆန်းပဲ ထားပြီး သင်လုပ်ချင်တဲ့အရာတွေအားလုံးကို ဖြစ်မြောက်အောင် ပြန်လည်ကြိုးစားပါ။ သင်မှ မလုပ်ရင် သင့်အတွက် ဘယ်သူမှ လာလုပ်ပေးမှာမဟုတ်ပါဘူး။ ဒါကြောင့် သင့်ရဲ့စိတ်က လန်းဆန်းနေဖို့လိုပါတယ်။

(၂) အကောင်းမြင်ပါ

ကမ္ဘာပေါ်မှာ စိတ်တိုင်းမကျစရာအများကြီး ရှိနေသည့်တိုင်အောင် စိတ်ချမ်းသာစရာလေးတွေလည်း အများကြီးရှိနေပါသေးတယ်။ သင့်ဘဝမှာ ငွေကြေးနဲ့ ဝယ်ယူလို့မရတဲ့ ကျန်းမာခြင်းတွေကို ပိုင်ဆိုင်ထားတယ်၊ ခြေလက်အင်္ဂါတွေ သန်စွမ်းကျန်းမာနေသေးတယ်၊ မိဘနဲ့ သူငယ်ချင်းကောင်းတွေ ရှိသေးတယ်၊ ဒီလိုအရာလေးတွေဟာ အသေးအမွှားလေးတွေလို့ ထင်ရပေမယ့် ငွေကြေးနဲ့ ဝယ်ယူလို့မရတဲ့ အဖိုးမဖြတ်နိုင်တဲ့အရာတွေ ဖြစ်ပါတယ်။ ဒါကြောင့် သင့်မှာ ရှိနေသေးတဲ့ အရာလေးတွေကို အကောင်းမြင်စိတ်ထားတတ်ဖို့က ဒီအချိန်မှာ အရမ်းကိုအရေးကြီးပါတယ်။

(၃) သူတစ်ပါးကို မေတ္တာထားပါ

ကံကြမ္မာဆိုတာ ခန့်မှန်းလို့မရသလို၊ အချိန်တွေကို နောက်ပြန်ဆုတ်လို့လည်း မရတော့တာကြောင့် လုပ်နိုင်တာ တစ်ခုပဲရှိပါတယ်။ အဲဒါကတော့ စိတ်ရှည်သည်းခံခြင်းနဲ့ သူတစ်ပါးကို မေတ္တာထားခြင်းပါပဲ။ သင်ကိုယ်တိုင် စိတ်ဓာတ်ကျနေတဲ့ အချိန်တွေမှာ သူတစ်ပါးကို ကူညီကြည့်လိုက်ပါ။ တူသောအကျိုးပြန်ပေးတာကို လက်တွေ့ခံစားရမှာဖြစ်သလို၊ ပျော်ရွှင်ကြည်နူးမှုတွေလည်း အများကြီးခံစားရမှာ သေချာပါတယ်။ ဒါကြောင့် လောကကြီးကို စိတ်ကုန်လာတဲ့အချိန်တိုင်း ကိုယ့်ထက်နိမ့်ပါးတဲ့သူတွေကို ပြန်ကူညီခြင်းဖြင့် သင့်ရဲ့ပျောက်ဆုံးနေတဲ့ ပျော်ရွှင်ခြင်း၊ ပီတိတွေကို ပြန်ရှာတွေ့မှာဖြစ်ပါတယ်။

(၄) ပြောင်းလဲဖို့လိုအပ်တယ်

တစ်ခါတလေ အမှန်တရားက ခါးသီးပါတယ်။ သင့်ရဲ့ အခြေအနေမှန်၊ အနေအထားအမှန်ကို သိမြင်ရဖို့အတွက် သင်မှားနေတယ်ဆိုတာကို အရင်သဘောပေါက်ဖို့ လိုပါတယ်။ ဒါကြောင့် တစ်ခါတလေမှာ လောကကြီးက သင့်ကို လူမှန်နေရာမှန် ပြန်ထားချင်တဲ့အခါ ခါးသီးတဲ့ အမှန်တရားတွေကို ပေးသိလိုက်ရခြင်းဖြစ်ပါတယ်။ ဒါကြောင့် တစ်ခါတလေမှာ ခါးသီးမှု၊ နာကျင်မှုတွေဟာ တဒင်္ဂသာဖြစ်ပြီး အဲ့ဒီ့အရာတွေကို ပြောင်းလဲလိုက်တာနဲ့ သင်ဟာ ကျိန်းသေပေါက် ပြန်လည်ပျော်ရွှင်လာရမှာဖြစ်ပါတယ်။

(၅) ကိုယ့်ကိုယ်ကို တာဝန်ယူပါ

သင့်ဘဝ ကောင်းမွန်လာဖို့၊ တိုးတက်လာဖို့ တာဝန်အရှိဆုံးလူဟာ သင်ကိုယ်တိုင်ပါပဲ။ သင် မအောင်မြင်သေးတာ၊ သင်ကျရှုံးနေရတာတွေအ ားလုံးအတွက် သင့်မှာပဲ တာဝန်ရှိပါတယ်။ အကြိမ်ကြိမ် လဲကျခဲ့ရင်တောင် အကြိမ်ကြိမ် ပြန်ထပြီး ပြန်ကြိုးစားလိုက်ပါ။ ပတ်ဝန်းကျင်ကို ဂရုမစိုက်ပါနဲ့၊ သင့်အတွက်သင်ပဲ ရှိတာပါ။ ဒါကြောင့် လုပ်သင့်လုပ်ထိုက်တာ မှန်သမျှကို ပုံမှန်လေး ဆက်လုပ်နေပါ။ သင်ကြိုးစားနေသရွေ့ သင့်အလှည့်ဆိုတာ ရောက်လာမှာ သေချာပါတယ်။Credit-Auntymay