အကယ်ဒမီစာရင်းအတွက်စိတ်ဝင်စားခံနေရတဲ့ ရိုးမပေါ်ကျတဲ့ မျက်ရည် ရုပ်ရှင်
ရုိးမေပၚက်တဲ့ မ်က္ရည္ ဇာတ္ကားၾကီးမွာ အိျႏၵာေက်ာ္ဇင္၊ ျမင့္ျမတ္၊ ခိုင္သင္းၾကည္၊ ခင္လိႈ္င္၊ေမျမင့္မိုရ္၊ ေကာင္းျမတ္စံ၊သဲနႏၵာစုိး တို႔အျပင္ အျခားေသာ သရုပ္ေဆာင္ေတြပါဝင္သရုပ္ေဆာင္ထားျပီး ဒီဇာတ္ကားၾကီးမွာ ဘယ္လိုေတြအေပးအယူမွ်မွ်နဲ႔ သရုပ္ေဆာင္သြားဦးမလဲဆိုတာ ရင္ခုန္စြာနဲ႔ေစာင့္ၾကည့္ၾကရမွာပါ။ ရိုးမေပၚက်တဲ့ မ်က္ရည္ ရုပ္ရွင္ရဲ႕အေျခခံကေတာ့ စာေရးဆရာၾကီး ဦးတင္ညြန္႔ရဲ႕ “ရိုးမေပၚမွာက်တဲ့ မ်က္ရည္” ျဖစ္ရပ္မွန္ဝတၱဳကိုအေျခခံျပီးဖန္တီးထားတာျဖစ္ျပီး ဇာတ္လမ္းေနာက္ခံေက်ာရိုးက ဟုိးအရင္ (၁၉၈၀)ေလာက္က သမိုင္းေနာက္ခံအေျခအေနေတြနဲ႔ ဖန္တီးထားတာျဖစ္ေၾကာင္းသိရပါတယ္။ ဆရာၾကီးဦးတင္ညြန္႔ဟာ ဒီဝတၳဳထဲမွာ ဇာတ္ေကာင္ေတြကုိ သူ႔ေနရာနဲ႔သူစနစ္တက်ထည့္သြင္းဖန္တီးထားသလို ျပန္လည္ဖန္တီးတဲ့ ရုပ္ရုင္မွာလည္း သရုပ္ေဆာင္ေတြက ကာရိုက္တာတစ္ခုခ်င္းစီတိုိ္္င္းရဲ႕ဘဝထဲမွာ စိတ္ကုိိနွစ္ျပီး သရုပ္ေဆာင္ထားတယ္ဆိုတာ သရုပ္ေဆာင္ေတြရဲ႕ ဒီကားနဲ႔ပတ္သက္ျပီးေျပာတဲ့ အင္တာဗ်ဴးေတြကိုၾကည့္ရံုနဲ႔သိနုိင္မွာပါ။
ဒီဇာတ္ကားမွာ ပရိသတ္ေတြအထူးတလည္အာရံုစုိက္တာခံေနရျပီး အားေပးျခင္းခံေနရတဲ့သရုပ္ေဆာင္ေတြကေတာ့ ျမင့္ျမတ္နဲ႔ အိျႏၵာေက်ာ္ဇင္ျဖစ္ပါတယ္။ ျမင့္ျမတ္ဟာ ဒီဇာတ္ကားထဲမွာ ေခတ္စနစ္ဆိုးၾကီးတစ္ခုကုိ ရဲရဲဝံ့ဝံ့ေတာ္လွန္ခဲ့တဲ့သူ၊ ေဝးလံေခါင္သီတဲ့ေနရာေဒသကို ကိုယ္က်ိဳးစြန္႔ျပီးသြားေရာက္ခဲ့တဲ့ အမ်ားအက်ိဳးသယ္ပုိးျပီး မဟုတ္တာမမွန္တာကုိေဖာ္ထုတ္တတ္တဲ့ ေက်ာင္းဆရာကေလး တင္ေမာင္ဝင္း အျဖစ္ သရုပ္ေဆာင္ထားျပီး အိျႏၵာေက်ာ္ဇင္ကေတာ့ သူမရဲ႕ အျပင္ကာရိုက္တာနဲ႔ ပံုသ႑ာန္လံုးလံုးကြဲထြက္ေနတဲ့ ကိုတိုးဆိုတဲ့ ေက်ာင္းဆရာအျဖစ္သရုပ္ေဆာင္ထားတာပါ။ ကိုတိုးဟာ မဟုတ္မခံစိတ္ရွိျပီး ေယာက္်ားေလးေတြနဲ႔ တန္းတူအလုပ္လုပ္နုိ္င္သူ၊ ရွိန္းခါးရြာအတြက္အေရးၾကီးတဲ့ေက်ာင္းဆရာတစ္ဦးျဖစ္ပါတယ္။ ပရိသတ္ေတာ္ေတာ္မ်ားမ်ားက ျမင့္ျမတ္နဲ႔ အိျႏၵာေက်ာ္ဇင္ကိုဒီဇာတ္ကားနဲ႔ အကယ္ဒမီမွန္းေနျပီး ရံုမတင္ရေသးခင္မွာတင္ ပရိသတ္ေတြၾကားထဲမွာ အကယ္ဒမီတစ္ၾကိဳေျပးေနတဲ့ ရုပ္ရွင္တစ္ကားအျဖစ္ “ရိုးမေပၚက်တဲ့ မ်က္ရည္” ဇာတ္ကားၾကီးက ထူးထူးျခားျခား ရပ္တည္ေနခဲ့တာလည္းျဖစ္ပါတယ္။
ဒီဇာတ္ကားၾကီးနဲ႔ ပတ္သက္တဲ့အျပင္အဆင္ေတြကလည္း ပရိသတ္ေတြကုိဆြဲေဆာင္လ်က္ရိွေနတယ္ဆိုရင္မမွားပါဘူး။ ရိုးမေပၚက်တဲ့မ်က္ရည္အဖြဲ႕သားေတြ စီစဥ္ထားတဲ့ ဒီဇာတ္ကားအထူးပြဲအတြက္ဖိတ္စာေလးေတြဟာဆိုရင္ ဟုိးအရင္ ၁၉၈၀ ဝန္းက်င္ကာလက ေပးစာေလးေတြရဲ႕အျပင္အဆင္နဲ႔ဂႏၱဝင္ဆန္ျပီး လက္ေရးစာေလးေတြလိုမ်ိဳး ေသခ်ာျပင္ဆင္ထားတာကလည္း ဒီဇာတ္ကားကုိလာၾကည့္မယ့္သူေတြရဲ႕ ခံစားခ်က္ကို ေရွးေခတ္ကုိေရာက္သြားသလို တင္ၾကိဳခံစားရေစမွာအမွန္ပါ။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ မၾကာခင္မွာရံုတင္ေတာ့မယ့္ ရိုးမေပၚက်တဲ့ မ်က္ရည္ ဇာတ္ကားၾကီးကုိ သြားေရာက္အားေပးဖို႔အဆင္သင့္ပဲလား။ ပရိသတ္ေတြမွန္းေနသလိုပဲ ျမင့္ျမတ္နဲ႔ အိျႏၵာေက်ာ္ဇင္တုိ႔ေရာ ဒီဇာတ္ကားနဲ႔အကယ္ဒမီရမယ္ထင္ၾကလား။ေျပာခဲ့ပါဦး။Credit-original
Unicode
လက်ရှိမှာ တစ်နိုင်ငံလုံးက ပရိသတ်တွေကြားထဲ ရေပန်းစားနေတာကတော့ မကြာခင်မှာ ရုံတင်တော့မယ့် “ရိုးမပေါ်ကျတဲ့ မျက်ရည် ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင်တွေများစွာပါဝင်ပြီး နာမည်ကြီးသရုပ်ဆောင်တွေတော်တော်များများနဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကိုပုံဖော်ထားတဲ့ ရိုးမပေါ်ကျတဲ့မျက်ရည် ရုပ်ရှင်ဇာတ်ကားကြီးဟာ လာမယ့် နိုဝင်ဘာလ (၇) ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးမှာရုံတင်ပြသသွားတော့မှာပါ။
ရိုးမပေါ်ကျတဲ့ မျက်ရည် ဇာတ်ကားကြီးမှာ အိန္ဒြာကျော်ဇင်၊ မြင့်မြတ်၊ ခိုင်သင်းကြည်၊ ခင်လှိုင်၊မေမြင့်မိုရ်၊ ကောင်းမြတ်စံ၊သဲနန္ဒာစိုး တို့အပြင် အခြားသော သရုပ်ဆောင်တွေပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားကြီးမှာ ဘယ်လိုတွေအပေးအယူမျှမျှနဲ့ သရုပ်ဆောင်သွားဦးမလဲဆိုတာ ရင်ခုန်စွာနဲ့စောင့်ကြည့်ကြရမှာပါ။ ရိုးမပေါ်ကျတဲ့ မျက်ရည် ရုပ်ရှင်ရဲ့အခြေခံကတော့ စာရေးဆရာကြီး ဦးတင်ညွန့်ရဲ့ “ရိုးမပေါ်မှာကျတဲ့ မျက်ရည်” ဖြစ်ရပ်မှန်ဝတ္တုကိုအခြေခံပြီးဖန်တီးထားတာဖြစ်ပြီး ဇာတ်လမ်းနောက်ခံကျောရိုးက ဟိုးအရင် (၁၉၈၀)လောက်က သမိုင်းနောက်ခံအခြေအနေတွေနဲ့ ဖန်တီးထားတာဖြစ်ကြောင်းသိရပါတယ်။ ဆရာကြီးဦးတင်ညွန့်ဟာ ဒီဝတ္ထုထဲမှာ ဇာတ်ကောင်တွေကို သူ့နေရာနဲ့သူစနစ်တကျထည့်သွင်းဖန်တီးထားသလို ပြန်လည်ဖန်တီးတဲ့ ရုပ်ရုင်မှာလည်း သရုပ်ဆောင်တွေက ကာရိုက်တာတစ်ခုချင်းစီတို်င်းရဲ့ဘဝထဲမှာ စိတ်ကိုနှစ်ပြီး သရုပ်ဆောင်ထားတယ်ဆိုတာ သရုပ်ဆောင်တွေရဲ့ ဒီကားနဲ့ပတ်သက်ပြီးပြောတဲ့ အင်တာဗျူးတွေကိုကြည့်ရုံနဲ့သိနိုင်မှာပါ။
ဒီဇာတ်ကားမှာ ပရိသတ်တွေအထူးတလည်အာရုံစိုက်တာခံနေရပြီး အားပေးခြင်းခံနေရတဲ့သရုပ်ဆောင်တွေကတော့ မြင့်မြတ်နဲ့ အိန္ဒြာကျော်ဇင်ဖြစ်ပါတယ်။ မြင့်မြတ်ဟာ ဒီဇာတ်ကားထဲမှာ ခေတ်စနစ်ဆိုးကြီးတစ်ခုကို ရဲရဲဝံ့ဝံ့တော်လှန်ခဲ့တဲ့သူ၊ ဝေးလံခေါင်သီတဲ့နေရာဒေသကို ကိုယ်ကျိုးစွန့်ပြီးသွားရောက်ခဲ့တဲ့ အများအကျိုးသယ်ပိုးပြီး မဟုတ်တာမမှန်တာကိုဖော်ထုတ်တတ်တဲ့ ကျောင်းဆရာကလေး တင်မောင်ဝင်း အဖြစ် သရုပ်ဆောင်ထားပြီး အိန္ဒြာကျော်ဇင်ကတော့ သူမရဲ့ အပြင်ကာရိုက်တာနဲ့ ပုံသဏ္ဍာန်လုံးလုံးကွဲထွက်နေတဲ့ ကိုတိုးဆိုတဲ့ ကျောင်းဆရာအဖြစ်သရုပ်ဆောင်ထားတာပါ။ ကိုတိုးဟာ မဟုတ်မခံစိတ်ရှိပြီး ယောက်ျားလေးတွေနဲ့ တန်းတူအလုပ်လုပ်နိုင်သူ၊ ရှိန်းခါးရွာအတွက်အရေးကြီးတဲ့ကျောင်းဆရာတစ်ဦးဖြစ်ပါတယ်။ ပရိသတ်တော်တော်များများက မြင့်မြတ်နဲ့ အိန္ဒြာကျော်ဇင်ကိုဒီဇာတ်ကားနဲ့ အကယ်ဒမီမှန်းနေပြီး ရုံမတင်ရသေးခင်မှာတင် ပရိသတ်တွေကြားထဲမှာ အကယ်ဒမီတစ်ကြိုပြေးနေတဲ့ ရုပ်ရှင်တစ်ကားအဖြစ် “ရိုးမပေါ်ကျတဲ့ မျက်ရည်” ဇာတ်ကားကြီးက ထူးထူးခြားခြား ရပ်တည်နေခဲ့တာလည်းဖြစ်ပါတယ်။
ဒီဇာတ်ကားကြီးနဲ့ ပတ်သက်တဲ့အပြင်အဆင်တွေကလည်း ပရိသတ်တွေကိုဆွဲဆောင်လျက်ရှိနေတယ်ဆိုရင်မမှားပါဘူး။ ရိုးမပေါ်ကျတဲ့မျက်ရည်အဖွဲ့သားတွေ စီစဉ်ထားတဲ့ ဒီဇာတ်ကားအထူးပွဲအတွက်ဖိတ်စာလေးတွေဟာဆိုရင် ဟိုးအရင် ၁၉၈၀ ဝန်းကျင်ကာလက ပေးစာလေးတွေရဲ့အပြင်အဆင်နဲ့ဂန္တဝင်ဆန်ပြီး လက်ရေးစာလေးတွေလိုမျိုး သေချာပြင်ဆင်ထားတာကလည်း ဒီဇာတ်ကားကိုလာကြည့်မယ့်သူတွေရဲ့ ခံစားချက်ကို ရှေးခေတ်ကိုရောက်သွားသလို တင်ကြိုခံစားရစေမှာအမှန်ပါ။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော မကြာခင်မှာရုံတင်တော့မယ့် ရိုးမပေါ်ကျတဲ့ မျက်ရည် ဇာတ်ကားကြီးကို သွားရောက်အားပေးဖို့အဆင်သင့်ပဲလား။ ပရိသတ်တွေမှန်းနေသလိုပဲ မြင့်မြတ်နဲ့ အိန္ဒြာကျော်ဇင်တို့ရော ဒီဇာတ်ကားနဲ့အကယ်ဒမီရမယ်ထင်ကြလား။ပြောခဲ့ပါဦး။Credit-original



