Latest Posts


တရုတ်နိုင်ငံက (၃၅) နှစ်အရွယ်၊ ဆူ (Xu) ဟာ ကင်ဆာရောဂါနဲ့ သေဆုံးသွားခဲ့တဲ့ ချစ်သူ ယန် (Yang) ကို အသုဘမှာ မင်္ဂလာဆောင်ပြီး သူ့ချစ်သူရဲ့ဆန္ဒကို ဖြည့်ဆည်းသွားခဲ့ပါတယ်။ အသုဘကို အောက်တိုဘာလ (၂၀) ရက်နေ့က ပြုလုပ်ခဲ့ပြီး ဆူဟာ သူ့ချစ်သူ ယန်ရဲ့ နောက်ဆုံး ဆန္ဒကို ဖြည့်ဆည်းခဲ့ပါတယ်။
သူတို့ (၂) ဦးဟာ တက္ကသိုလ်တတ်တုန်းက အွန်းလိုင်းပေါ်မှာ တွေ့ခဲ့ကြပြီး အချင်းချင်း ချစ်သွားခဲ့ကြပါတယ်။သူတို့ဟာ ဘဝတစ်ခုကို အတူတူ တည်ဆောက်ဖို့ ကြိုးစားခဲ့ကြတာကြောင့် ပိုက်ဆံစုပြီး ဆိုင်သေး (၁) ဆိုင် ဖွင့်နိုင်ခဲ့ကြပါတယ်။
(၂၀၁၂) ခုနှစ်မှာ လုပ်ငန်းအသစ် စလုပ်ဖို့ ပင်လယ်ကမ်းခြေနားကို ပြောင်းသွားခဲ့ကြပြီး အိမ်သာ၊ အပူပေးစနစ် နဲ့ အဲကွန်း မပါတဲ့ အိမ်ကို ငှားခဲ့ကြပါတယ်။ ဆူက တစ်နေကုန် အပြင်ထွက် အလုပ် လုပ်ရပြီး ယန်ကတော့ အိမ်မှာ နေလျက်၊ လုပ်စရာ ရှိတဲ့ အိမ်မှုကိစ္စတွေကို အကုန် လုပ်ခဲ့ပါတယ်။
သူတို့ရဲ့ လုပ်ငန်း အောင်မြင်လာတာကြောင့် အမျိုးသမီး ဖြစ်သူရဲ့ မြို့မှာ အိမ်ဝယ်ခဲ့ကြပြီး (၂၀၁၃) ခုနှစ်မှာ လက်ထပ်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီနှစ် (၂၀၁၃) ခုနှစ်မှာပဲ ယန်မှာ ရင်သားကင်ဆာ ရှိနေတာကို သူတို့ အတူ သိခဲ့ကြပါတယ်။
ဆရာဝန်က သူမကို နောက် (၅) နှစ်သာ အသက်ရှင်ရတော့မယ်လို့ ပြောခဲ့ပြီး (၅) နှစ်ခွဲကျော်အကြာ၊ အခုနှစ် (၂၀၁၉) ခုနှစ်မှာကတော့ တကယ်လည်း သေဆုံးသွားခဲ့ပါတယ်။
အခုမှ သူတို့ လက်ထပ်နိုင်ခဲ့တာပါ။ ဆူဟာ “သေသွားရင် အသုဘမှာ မင်္ဂလာဆောင်ချင်တယ်”လို့ ပြောတဲ့ သူ့ချစ်သူရဲ့ ဆန္ဒကို ဖြည့်ဆည်းခဲ့ပါတယ်။
ဆူက “ဒီနေ့ လက်ထပ်ပွဲက အနည်းငယ် နောက်ကျသွားတယ်။ အနည်းဆုံးတော့ ယန်ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းနိုင်ခဲ့ပါတယ်။ ဒါက သူ့အတွက် ကျွန်တော် လုပ်ပေး နိုင်တဲ့ အရာပါ။ သတို့သမီးဝတ်စုံနဲ့ သူ့ကို မြင်ရတာက ကျွန်တော့်ရဲ့ အိပ်မက်ပါ”လို့ ပြောခဲ့ပါတယ်။
Credit : Ko Khant ( D Nae Khit Media )
Zawgyi