Latest Posts

ချစ်ခင်ပွန်းရဲ့ မိဘကို လက်ဆယ်ဖြာထိပ်မှာမိုးပြီး ကန်တော့ခဲ့ကြတဲ့ နန္ဒာလှိုင်တို့မိသားစု








Unicode

ချစ်ခင်ပွန်းရဲ့ မိဘကို လက်ဆယ်ဖြာထိပ်မှာမိုးပြီး ကန်တော့ခဲ့ကြတဲ့ နန္ဒာလှိုင်တို့မိသားစု
ပရိသတ်ကြီးရေ အကယ်ဒမီနန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေ မလုပ်တော့ဘဲ ချစ်ရတဲ့မိသားစုနဲ့သာအေးချမ်းစွာ နေထိုင်နေတာပဲဖြစ်ပါတယ်။နန္ဒာလှိုင်က ချစ်စရာသမီးသုံးယောက်ကို မွေးဖွားထားပြီး သမီးသုံးယောက်ကလည်း အမေနဲ့တူလို့ အချောလေးတွေဖြစ်ကြကာ ချစ်မွှေးလေးတွေပါတဲ့ ကလေးလေးတွေဖြစ်ပါတယ်။

နန္ဒာလှိုင်ရဲ့ ချစ်ခင်ပွန်းကလည်း ဇနီးသည်နဲ့သမီးသုံးယောက်ကို လိုလေသေးမရှိအောင်ဂရုစိုက်စောင့်ရှောက်ပေးလို့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသပါတယ်နော်။နန္ဒာလှိုင်ကတော့ အရင်လိုပဲ လှပနုပျိုနေဆဲဖြစ်ပြီး ချစ်ပရိသတ်တွေကလည်း အနုပညာအလုပ်တွေမလုပ်တော့တာတောင် အားပေးချစ်ခင်နေကြဆဲပဲဖြစ်ပါတယ်။

နေ့ထူးနေ့မြတ်လေးဖြစ်တဲ့ သီတင်းကျွတ်လေးမှာတော့ နန္ဒာလှိုင်တို့မိသားစုက နှစ်ဖက်မိဘတွေနဲ့လူကြီးသူမတွေကို ကန်တော့ခဲ့ကြပြီး အခုဆိုရင်လည်း ချစ်ခင်ပွန်းရဲ့ မိဘကို မိသားစု၅ယောက်က လက်ဆယ်ဖြာထိပ်မှာမိုးပြီး ကန်တော့ခဲ့ကြတဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါရစေနော်။Photo Credit:Zay Thiha’s Facebook,Credit-Myanmar Load