Latest Posts

ဆန်ဆေးရည် ( သို့မဟုတ် ) ထမင်းရည် ကပေးတဲ့ ကျန်းမာရေးကောင်းကျိူး ( ရ ) ခု

ဆန္ေဆးရည္ ( သို႔မဟုတ္ ) ထမင္းရည္ ကေပးတဲ့ က်န္းမာေရးေကာင္းက်ိဴး ( ရ ) ခု
ဆန္ဟာ အာရွနိုင္ငံအမ်ားစုရဲ့ အေျခခံစားစရာတစ္ခုျဖစ္ေၾကာင္း လူတိုင္းသိရွိၾကပါတယ္။ယေန႔ေခတ္ အိမ္ေတာ္ေတာ္မ်ားမ်ားမွာ ဆန္ကို ငွဲ႕ခ်က္ျခင္းထက္ ေပါင္းအိုးျဖင့္ခ်က္တာ ပိုမိုမ်ားျပားလာပါတယ္။
ေပါင္းအိုးနဲ႔ခ်က္ျခင္းျဖင့္ ဆန္ထက္ပိုၿပီးေတာင္ စြမ္းအင္ေပးနိုင္တဲ့ ထမင္းရည္ကို ရရွိနိုင္ေတာ့မွာ မဟုတ္ပါဘူး။ဒါေၾကာင့္ ေပါင္းအိုးအသုံးျပဳတာထက္စာရင္ ေရွးယခင္နည္းအတိုင္း ငွဲ႕ခ်က္ျခင္းျဖင့္ သဘာဝအားေဆးတစ္လက္ျဖစ္တဲ့ ထမင္းရည္ကို ရရွိေစမွာျဖစ္ပါတယ္။
ေယဘုယ်အားျဖင့္ ထမင္းရည္ေသာက္ျခင္းျဖင့္ က်န္းမာေရးေကာင္းက်ိဴးမ်ားစြာ ရရွိေစမွာ ျဖစ္ပါတယ္။အေကာင္းဆုံးထမင္းရည္က်ိဴနည္းကေတာ့ ဆန္စားပြဲတင္ဇြန္း၃ဇြန္းစာကို ေရ၂ခြက္တြင ၂၀မိနစ္ၾကာေအာင္ျပဳတ္ပါ။
ဆား သၾကားဘာမွမထည့္တာပိုေကာင္းပါတယ္။ျပဳတ္ရည္ဟာ နို႔ေရာင္သန္းလာၿပီဆိုတာနဲ႔ အိုးကိုခ်ၿပီး အေအးခံကာေသာက္သုံးနို္င္ပါၿပီ။ဒီနည္းဟာ အေကာင္းဆုံးထမင္းရည္ကို ရရွိေစမယ့္နည္းျဖစ္ပါတယ္။

ထမင္းရည္ကေန ဘယ္လိုက်န္းမာေရးေကာင္းက်ိဴးေတြရရွိနိုင္္မလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။

(၁)စိတ္နဲ႔ခနာကိုလန္းဆန္းေစျခင္း

ထမင္းရည္ရဲ့ေကာင္းက်ိဴးမ်ားအနက္ တစ္ခုမွာ သင့္စိတ္ေရာကိုယ္ပါ လန္းဆန္းေစျခင္းျဖစ္ပါတယ္။သင့္ေရခ်ိဴးကန္ထဲသို႔ ထမင္းရည္အနည္းငယ္ထည့္ၿပီး ထိုေရထဲတြင္ မိနစ္အနည္းငယ္စိမ္ပါ။ထိုကုထုံးက သင့္ကိုလန္းဆန္းေစတာေတြ႕ပါလိမ့္မယ္။

(၂)စြမ္းအင္

ဆန္ဟာ ကစီဓာတ္အျပည့္အဝပါရွိေသာအစာတစ္ခုပါ။ကစီဓာတ္ဆိုတာ သင့္ကိုစြမ္းအင္ေပးစြမ္းေသာ ပင္မအုတ္ျမစ္ပဲ ျဖစ္ပါတယ္။ထမင္းရည္ကိုေသာက္ျခင္းျဖင့္ စြမ္းအင္ျပည့္ဝစြာ ရရွိေစမွာပါ။

မနက္အိပ္ရာထခ်ိန္မွာ ထမင္းရည္တစ္ခြက္ေသာက္လိုက္ျခင္းျဖင့္ သင့္တစ္ေန႔တာအတြက္ အားျဖည့္ၿပီးသား ျဖစ္ေစပါလိမ့္မယ္။

(၃)ေရဓာတ္ျပည့္ဝေစျခင္း

ေႏြရာသီမွာ ေခၽြးထြက္မ်ားျခင္းေၾကာင့္ ေရဓာတ္ဆုံးရႈံးၾကပါတယ္။ဒါေၾကာင့္ သင္ေနပူထဲမသြားခင္မွာ ထမင္းရည္တစ္ခြက္ကိုေသာက္သြားသင့္ပါတယ္။ထမင္းရည္ဟာ ေရဓာတ္သာမက

သင့္တစ္ေန႔တာလိုအပ္ေသာ အာဟာရဓာတ္မ်ားကိုပါေပးစြမ္းမွာ ျဖစ္ပါတယ္.
(၄)၀မ္းေလၽွာျခင္းကို သက္သာေစျခင္း

ထမင္းရည္ဟာ ၀မ္းေလၽွာဝမ္းပ်က္ျခင္းကို သက္သာေစေသာ အိမ္တြင္းကုထုံးတစ္လက္ျဖစ္ပါတယ္။လူႀကီးမ်ားသာမက ကေလးငယ္မ်ား ၀မ္းပ်က္တဲ့အခါမွာလဲ ထမင္းရည္ကို တိုက္ေကၽြးနိုင္ပါတယ္။

ထမင္းရည္ေၾကာင့္ ေရဓာတ္ဆုံးရႈံးျခင္းကိုလဲ ျပန္လည္ေကာင္းမြန္ေစပါတယ္။ေလ့လာခ်က္တစ္ခုအရ ထမင္းရည္ဟာ ကေလးသူငယ္မ်ားဝမ္းပ်က္ျခင္းအတြက္ အလြန္ထိေရာက္တဲ့သဘာဝေဆးတစ္လက္လို႔ဆိုပါတယ္။

(၅)ကိုယ္အပူခ်ိန္ကို ထိမ္းညႇိေပးျခင္း

ကၽြန္မတိုု႔ငယ္ငယ္က ထမင္းရည္က အပူၿငိမ္းေစတယ္လို႔ လူႀကီးမိဘေတြေျပာတာၾကားဖူးခဲ့ပါတယ္။ဒါဟာတကယ္ပါပဲ။ထမင္းရည္ေသာက္ျခင္းျဖင့္ သင့္ကိုယ္တြင္းအပူခ်ိန္ကို က်ဆင္းေစပါတယ္။

ေႏြရာသီ ေနပူထဲသြားမယ့္သူမ်ား ထမင္းရည္ကို မျဖစ္မေနေသာက္သုံးသင့္ပါတယ္။

(၆)၀မ္းခ်ဴပ္ျခင္းကို ကာကြယ္ေပးျခင္း

ထမင္းရည္ေသာက္ျခင္းဟာ သင့္အစာေျခစနစ္ကိုု ေကာင္းမြန္စြာလည္ပတ္ေစပါလိမ့္မယ္။

ထမင္းရည္မွာပါေသာ အာဟာရဓာတ္မ်ားေၾကာင့္ ၀မ္းမွန္ေစပါတယ္။အမၽွႈင္ဓာတ္ႂကြယ္ဝေသာ အစားအစာမ်ားနဲ႔တြဲဖက္စားျခင္းျဖင့္ ပိုမိုထိေရာက္ေစမွာပါ။

(၇)ဆံသားကို က်န္းမာလွပေစျခင္း

ထမင္းရည္ဟာ သင့္ဆံသားအတြက္လဲ ေကာင္းက်ိဴးမ်ားစြာ ေပးစြမ္းနို္င္ပါေသးတယ္။ လြန္ခဲ့ေသာႏွစ္ေပါင္းမ်ားစြာကပင္ ရွမ္ပူနဲ႔ ဆံပင္ေပ်ာ့ေဆးမ်ားမွာ ဆံေဆးရည္ကိုထည့္သြင္းေဖာ္စပ္ၾကပါတယ္။

chemical ပါေသာ ရွမ္ပူမ်ားအစား သဘာဝဆန္ေဆးရည္က က်န္းမာေရးအတြက္ပိုမိုေကာင္းမြန္ၿပီး အကုန္အက်နည္းပါးေစတာေပါ့။ထမင္းရည္မွာ inositol ပါ၀င္ၿပီး ဆံသားကိုပိုမိုအားေကာင္းေစပါတယ္။

ထို႔ျပင္ သင့္ဦးေရျပားကို ဆန္ေဆးရည္ျဖင့္ ႏွိပ္နယ္ေပးပါက သင့္ဆံပင္ေတြကို အရင္းကေန အဖ်ားထိ သန္မာေစပါတယ္။Credit-Dr Jue_( XYZ NEWS )

Unicode

ဆန်ဆေးရည် ( သို့မဟုတ် ) ထမင်းရည် ကပေးတဲ့ ကျန်းမာရေးကောင်းကျိူး ( ရ ) ခု

ဆန်ဟာ အာရှနိုင်ငံအများစုရဲ့ အခြေခံစားစရာတစ်ခုဖြစ်ကြောင်း လူတိုင်းသိရှိကြပါတယ်။ယနေ့ခေတ် အိမ်တော်တော်များများမှာ ဆန်ကို ငှဲ့ချက်ခြင်းထက် ပေါင်းအိုးဖြင့်ချက်တာ ပိုမိုများပြားလာပါတယ်။

ပေါင်းအိုးနဲ့ချက်ခြင်းဖြင့် ဆန်ထက်ပိုပြီးတောင် စွမ်းအင်ပေးနိုင်တဲ့ ထမင်းရည်ကို ရရှိနိုင်တော့မှာ မဟုတ်ပါဘူး။ဒါကြောင့် ပေါင်းအိုးအသုံးပြုတာထက်စာရင် ရှေးယခင်နည်းအတိုင်း ငှဲ့ချက်ခြင်းဖြင့် သဘာဝအားဆေးတစ်လက်ဖြစ်တဲ့ ထမင်းရည်ကို ရရှိစေမှာဖြစ်ပါတယ်။

ယေဘုယျအားဖြင့် ထမင်းရည်သောက်ခြင်းဖြင့် ကျန်းမာရေးကောင်းကျိူးများစွာ ရရှိစေမှာ ဖြစ်ပါတယ်။အကောင်းဆုံးထမင်းရည်ကျိူနည်းကတော့ ဆန်စားပွဲတင်ဇွန်း၃ဇွန်းစာကို ရေ၂ခွက်တွင ၂ဝမိနစ်ကြာအောင်ပြုတ်ပါ။

ဆား သကြားဘာမှမထည့်တာပိုကောင်းပါတယ်။ပြုတ်ရည်ဟာ နို့ရောင်သန်းလာပြီဆိုတာနဲ့ အိုးကိုချပြီး အအေးခံကာသောက်သုံးနို်င်ပါပြီ။ဒီနည်းဟာ အကောင်းဆုံးထမင်းရည်ကို ရရှိစေမယ့်နည်းဖြစ်ပါတယ်။

ထမင်းရည်ကနေ ဘယ်လိုကျန်းမာရေးကောင်းကျိူးတွေရရှိနိုင််မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

(၁)စိတ်နဲ့ခနာကိုလန်းဆန်းစေခြင်း

ထမင်းရည်ရဲ့ကောင်းကျိူးများအနက် တစ်ခုမှာ သင့်စိတ်ရောကိုယ်ပါ လန်းဆန်းစေခြင်းဖြစ်ပါတယ်။သင့်ရေချိူးကန်ထဲသို့ ထမင်းရည်အနည်းငယ်ထည့်ပြီး ထိုရေထဲတွင် မိနစ်အနည်းငယ်စိမ်ပါ။ထိုကုထုံးက သင့်ကိုလန်းဆန်းစေတာတွေ့ပါလိမ့်မယ်။

(၂)စွမ်းအင်

ဆန်ဟာ ကစီဓာတ်အပြည့်အဝပါရှိသောအစာတစ်ခုပါ။ကစီဓာတ်ဆိုတာ သင့်ကိုစွမ်းအင်ပေးစွမ်းသော ပင်မအုတ်မြစ်ပဲ ဖြစ်ပါတယ်။ထမင်းရည်ကိုသောက်ခြင်းဖြင့် စွမ်းအင်ပြည့်ဝစွာ ရရှိစေမှာပါ။

မနက်အိပ်ရာထချိန်မှာ ထမင်းရည်တစ်ခွက်သောက်လိုက်ခြင်းဖြင့် သင့်တစ်နေ့တာအတွက် အားဖြည့်ပြီးသား ဖြစ်စေပါလိမ့်မယ်။

(၃)ရေဓာတ်ပြည့်ဝစေခြင်း

နွေရာသီမှာ ချွေးထွက်များခြင်းကြောင့် ရေဓာတ်ဆုံးရှုံးကြပါတယ်။ဒါကြောင့် သင်နေပူထဲမသွားခင်မှာ ထမင်းရည်တစ်ခွက်ကိုသောက်သွားသင့်ပါတယ်။ထမင်းရည်ဟာ ရေဓာတ်သာမက

သင့်တစ်နေ့တာလိုအပ်သော အာဟာရဓာတ်များကိုပါပေးစွမ်းမှာ ဖြစ်ပါတယ်.

(၄)ဝမ်းလျှောခြင်းကို သက်သာစေခြင်း

ထမင်းရည်ဟာ ဝမ်းလျှောဝမ်းပျက်ခြင်းကို သက်သာစေသော အိမ်တွင်းကုထုံးတစ်လက်ဖြစ်ပါတယ်။လူကြီးများသာမက ကလေးငယ်များ ဝမ်းပျက်တဲ့အခါမှာလဲ ထမင်းရည်ကို တိုက်ကျွေးနိုင်ပါတယ်။

ထမင်းရည်ကြောင့် ရေဓာတ်ဆုံးရှုံးခြင်းကိုလဲ ပြန်လည်ကောင်းမွန်စေပါတယ်။လေ့လာချက်တစ်ခုအရ ထမင်းရည်ဟာ ကလေးသူငယ်များဝမ်းပျက်ခြင်းအတွက် အလွန်ထိရောက်တဲ့သဘာဝဆေးတစ်လက်လို့ဆိုပါတယ်။

(၅)ကိုယ်အပူချိန်ကို ထိမ်းညှိပေးခြင်း

ကျွန်မတိုု့ငယ်ငယ်က ထမင်းရည်က အပူငြိမ်းစေတယ်လို့ လူကြီးမိဘတွေပြောတာကြားဖူးခဲ့ပါတယ်။ဒါဟာတကယ်ပါပဲ။ထမင်းရည်သောက်ခြင်းဖြင့် သင့်ကိုယ်တွင်းအပူချိန်ကို ကျဆင်းစေပါတယ်။

နွေရာသီ နေပူထဲသွားမယ့်သူများ ထမင်းရည်ကို မဖြစ်မနေသောက်သုံးသင့်ပါတယ်။

(၆)ဝမ်းချူပ်ခြင်းကို ကာကွယ်ပေးခြင်း

ထမင်းရည်သောက်ခြင်းဟာ သင့်အစာခြေစနစ်ကိုု ကောင်းမွန်စွာလည်ပတ်စေပါလိမ့်မယ်။

ထမင်းရည်မှာပါသော အာဟာရဓာတ်များကြောင့် ဝမ်းမှန်စေပါတယ်။အမျှှုင်ဓာတ်ကြွယ်ဝသော အစားအစာများနဲ့တွဲဖက်စားခြင်းဖြင့် ပိုမိုထိရောက်စေမှာပါ။

(၇)ဆံသားကို ကျန်းမာလှပစေခြင်း

ထမင်းရည်ဟာ သင့်ဆံသားအတွက်လဲ ကောင်းကျိူးများစွာ ပေးစွမ်းနို်င်ပါသေးတယ်။ လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် ရှမ်ပူနဲ့ ဆံပင်ပျော့ဆေးများမှာ ဆံဆေးရည်ကိုထည့်သွင်းဖော်စပ်ကြပါတယ်။

chemical ပါသော ရှမ်ပူများအစား သဘာဝဆန်ဆေးရည်က ကျန်းမာရေးအတွက်ပိုမိုကောင်းမွန်ပြီး အကုန်အကျနည်းပါးစေတာပေါ့။ထမင်းရည်မှာ inositol ပါဝင်ပြီး ဆံသားကိုပိုမိုအားကောင်းစေပါတယ်။

ထို့ပြင် သင့်ဦးရေပြားကို ဆန်ဆေးရည်ဖြင့် နှိပ်နယ်ပေးပါက သင့်ဆံပင်တွေကို အရင်းကနေ အဖျားထိ သန်မာစေပါတယ်။Credit-Dr Jue_( XYZ NEWS )