ယုန်လေးရဲ့ဖိတ်ခေါ်လိုက်လို့ ရန်ကုန်ကိုလာဖို့ပြင်နေကြတဲ့ Rap ကျားကြီးနဲ့MCကယားလေး
စိတ္သေဘာထားေကာင္းၿပီး အမ်ားကိုကူညီေလ့ရွိတဲ့ ယုန္ေလးက အခုလည္း တက္သစ္စအဆိုေတာ္ေလးႏွစ္ေယာက္ကို ကူညီေပးဖို႔ ကမ္းလွမ္းခဲ့ပါတယ္။ ယုန္ေလးက လတ္တေလာလူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရပန္းစားေနတဲ့ “မိုးရာသီအလြမ္း” သီခ်င္းကိုသီဆိုသူ Rap က်ားႀကီးနဲ႔ MC ကယားေလးတို႔ကို အစအဆုံးအကုန္က်ခံၿပီး သီခ်င္းထုတ္ေပးသြားမွာ ျဖစ္ပါတယ္။ အခုဆိုရင္ ယုန္ေလးရဲ႕ကမ္းလွမ္းခ်က္အရ Rap က်ားႀကီးနဲ႔ MC ကယားေလးတို႔က ရန္ကုန္ကိုလာဖို႔ျပင္ဆင္ေနၾကၿပီလို႔ သိရပါတယ္။
အခုလည္း ယုန္ေလးက ” ကဲ Rapက်ားႀကီးက ဆံပင္ေတာင္ညႇပ္လိုက္ၿပီ .ရန္ကုန္ကို ႏွစ္ေယာက္လုံး တစ္ခါမွ မေရာက္ဖူးဘူးတဲ့ဒီ တိုင္းရင္းသား ညီေလး ႏွစ္ေယာက္ကို ႀကိဳဆိုပါတယ္။ Welcome To YGN City လာဖို႔ အတြက္တိုင္ပင္ေနပါၿပီ ” ဆိုၿပီးသူတို႔ႏွစ္ေယာက္ Video Call ေျပာေနတဲ့ ပုံရိပ္ေလးေတြကို တင္ထားတာ ျဖစ္ပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြေရာ ယုန္ေလးနဲ႔ တက္သစ္စအဆိုေတာ္ေလးႏွစ္ေယာက္ ဘယ္လိုဖန္တီးမႈေတြလုပ္ၾကဦးမလဲဆိုတာ ေစာင့္ၾကည့္ေပးၾကပါဦးေနာ္။Credit-original
Unicode
အဆိုတော်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ယုန်လေးကတော့ ဒါရိုက်တာအဖြစ်လည်း ဇာတ်တွေရိုက်ကူးပြီး အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေသူတစ်ဦး ဖြစ်ပါတယ်။တစ်ချိန်က Hip Hop သီချင်းတွေနဲ့ အောင်မြင်မှုရရှိခဲ့တဲ့ ယုန်လေးက အခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ အများဆုံးရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။
စိတ်သဘောထားကောင်းပြီး အများကိုကူညီလေ့ရှိတဲ့ ယုန်လေးက အခုလည်း တက်သစ်စအဆိုတော်လေးနှစ်ယောက်ကို ကူညီပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ယုန်လေးက လတ်တလောလူမှုကွန်ယက်စာမျက်နှာထက်မှာ ရေပန်းစားနေတဲ့ “မိုးရာသီအလွမ်း” သီချင်းကိုသီဆိုသူ Rap ကျားကြီးနဲ့ MC ကယားလေးတို့ကို အစအဆုံးအကုန်ကျခံပြီး သီချင်းထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ အခုဆိုရင် ယုန်လေးရဲ့ကမ်းလှမ်းချက်အရ Rap ကျားကြီးနဲ့ MC ကယားလေးတို့က ရန်ကုန်ကိုလာဖို့ပြင်ဆင်နေကြပြီလို့ သိရပါတယ်။
အခုလည်း ယုန်လေးက ” ကဲ Rapကျားကြီးက ဆံပင်တောင်ညှပ်လိုက်ပြီ .ရန်ကုန်ကို နှစ်ယောက်လုံး တစ်ခါမှ မရောက်ဖူးဘူးတဲ့ဒီ တိုင်းရင်းသား ညီလေး နှစ်ယောက်ကို ကြိုဆိုပါတယ်။ Welcome To YGN City လာဖို့ အတွက်တိုင်ပင်နေပါပြီ ” ဆိုပြီးသူတို့နှစ်ယောက် Video Call ပြောနေတဲ့ ပုံရိပ်လေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေရော ယုန်လေးနဲ့ တက်သစ်စအဆိုတော်လေးနှစ်ယောက် ဘယ်လိုဖန်တီးမှုတွေလုပ်ကြဦးမလဲဆိုတာ စောင့်ကြည့်ပေးကြပါဦးနော်။Credit-original


