ပရိသတ်တွေ စိတ်ဝင်တစား စောင့်နေကြတဲ့ “Now and Ever” ရုပ်ရှင် နမူနာဗီဒီယိုထွက်ရှိ
Unicode
အနုပညာကို စိတ်ရောကိုယ်ပါနှစ်ပြီး အကောင်းဆုံး ပုံဖော်လေ့ရှိတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ သရုပ်ဆောင် ဇဏ်ခီတို့ ဇနီးမောင်နှံကတော့ ထူးခြားတဲ့ အနုပညာစွမ်းရည်ကြောင့် အချိန်တိုအတွင်း ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို အပြည့်အဝ ရရှိထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ခရစ္စတီးနားခီက ဇဏ်ခီ၊ ပိုင်ဖြိုးသုတို့ အဓိကသရုပ်ဆောင်ထားတဲ့ “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နမူနာ ဗီဒီယို အတိုကို လူမှုကွန်ယက်မှာ ဝေမျှပေးလိုက်တာ တွေ့ရပါတယ်။ ခီမောင်နှံရဲ့ အမာခံ ပရိသတ်တွေကတော့ ခီမောင်နှံရဲ့ တတိယမြောက်ရုပ်ရှင်ကို နမူနာဗီဒီယိုအတိုလေးနဲ့တင် အရမ်းကြွေနေကြတာပါနော်။
ချစ်ပရိသတ်တွေအတွက် နမူနာဗီဒီယိုအတိုနဲ့တင် အရမ်းမိုက်နေတဲ့ “Now and Ever ” ရုပ်ရှင်ရဲ့ အမိုက်စားတင်ဆက်မှုတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ခရစ္စတီးနားခီကတော့ “NOW & EVER TEASER” ဆိုပြီး သူမရဲ့ တတိယမြောက်ရုပ်ရှင်ကို အမြည်းလေးပြသခဲ့တာပါ။
Now and Ever ရုပ်ရှင်ရဲ့ နမူနာဗီဒီယိုအတို
ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ တတိယမြောက်ရုပ်ရှင်ဖြစ်တဲ့အပြင် မင်းသမီးကလည်း အရမ်းကို သရုပ်ဆောင်ကောင်းတဲ့ ပိုင်ဖြိုးသုလေးမို့ ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေတာပါ။ “Now and Ever” ရုပ်ရှင်ကိုတော့ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ မွေးလဖြစ်တဲ့ အောက်တိုဘာလထဲမှာ ပြသဖို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။ ချစ်ပရိသတ်တွေလည်း ရုံတင်ဖို့ သိပ်မလိုတော့တဲ့ “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နမူနာ ဗီဒီယိုကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။Credit-swelsone;Source : momolay


