ရန်ကုန် ဘူတာကြီး စီမံကိန်း တရုတ်ကုမ္ပဏီ နုတ်ထွက်၊ ဂျပန် ဝင်မည်
ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်မည့် စီမံကိန်းတွင် လုပ်ကိုင်ခွင့်ရ တရုတ် Sino Great wall ကုမ္ပဏီက နုတ်ထွက် သွားသောကြောင့် ဂျပန် Sumitomo ကော်ပိုရေးရှင်းက ဝင်ရောက် လုပ်ကိုင်မည် ဖြစ်ကြောင်း မြန်မာ့ မီးရထား လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က ဧရာဝတီသို့ ပြောသည်။
အဆိုပါ စီမံကိန်း တင်ဒါကို စင်ကာပူ Oxley Holding၊ မြန်မာမင်းဓမ္မ ကုမ္ပဏီနှင့် တရုတ် Sino Great wall ကုမ္ပဏီတို့ ပူး ပေါင်းထားသည့် Central Transport Development Consortium (CTDC) ကုမ္ပဏီ အုပ်စုက တင်ဒါ အောင်မြင်ခဲ့ ခြင်း ဖြစ်သော်လည်း လက်ရှိတွင် တရုတ် Sino Great wall ကုမ္ပဏီက နုတ်ထွက်သွား၍ ယင်းနေရာတွင် ဂျပန် ကုမ္ပဏီ က ဝင်ရောက် လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။
ဦးဘမြင့်က“အခု အကြမ်းဖျင်းကတော့ တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေးစစ်ပွဲမှာ သူတို့ လုပ်ငန်း ဒုက္ခရောက်သွား တယ်။ ဒါကြောင့် ထွက်သွားတဲ့အတွက် ဂျပန်ကုမ္ပဏီက အစားဝင်ဖို့ နိုင်ငံတော်ကို တင်ပြတဲ့အခါမှာ ဆက်လက် ဆောင်ရွက်ဖို့ သဘောတူတယ်။ ကျနော်တို့ စာချုပ်ကတော့ ဒီနှစ်မကုန်ခင် ချုပ်ဆိုနိုင်ဖို့ ကြိုစားနေတယ်”ဟု ရှင်းပြ သည်။
လက်ရှိတွင် ဂျပန် Sumitomo ကော်ပိုရေးရှင်းက စီမံကိန်း တင်ဒါနှင့်ပတ်သက်၍ ၎င်းတု့ိလုပ်ငန်းမှ တင်ပြရမည့် ဇယား များကို လုပ်ဆောင်နေပြီး ယခုနှစ် မကုန်ခင် ပြီးစီးနိုင်ရန် ဆောင်ရွက်နေကြောင်း ဦးဘမြင့်က ပြောသည်။
“ဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေပြီးမှပဲ အခြား စီမံကိန်းတွေ ဖြစ်တဲ့ ဘူတာကြီးနားက စက်ရုံတို့ ဘာတို့ကို ရွှေ့သွားမှာ ဖြစ်ပါတယ်”ဟုလည်း ဦးဘမြင့်က ပြောဆိုသည်။
စီမံကိန်း ဒီဇိုင်းပုံစံကို CTDC ကုမ္ပဏီအုပ်စုက တင်ပြထားပြီး ယင်းဒီဇိုင်းပုံစံ ပြောင်းလဲမည် မဟုတ်ကြောင်းလည်း မြန်မာ့ မီးရထားမှ သိရသည်။ ထိုစီမံကိန်းကြီး ၁ ခုလုံးသည် အမေရိကန်ဒေါ်လာ၂ ဒသမ ၅ ဘီလီယံခန့် အကုန်ကျခံကာ ရထားနှင့် အများသုံး သယ်ယူ ပို့ဆောင်ရေး စနစ်များ ပေါင်းစည်းထားသည့် ပို့ဆောင်ရေး ဗဟိုဌာနသစ် တခု အပါအဝင် အိမ်ရာနှင့် စီးပွားရေး လုပ်ငန်းများအတွက် နေရာများ ပါဝင်မည်ဟု ဆိုသည်။
အဆိုပါ ဘက်စုံစီမံကိန်း (Mix-use development) တခုလုံးတွင် ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၁ ဒသမ ၀၉ သန်း ကျယ်ဝန်းမည် ဖြစ်ပြီး ဇုန် ၆ ခု ပါဝင်ကာ၊ စီမံကိန်းမှ ပြည်တွင်း အလုပ်အကိုင် ၁ သိန်းခန့် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း ၂၀၁၈ ခုနှစ်က CTDC ကုမ္ပဏီအုပ်စုက သတင်း ထုတ်ပြန်ထားသည်။
စီမံကိန်း၏ အကျိုးအမြတ်အနေဖြင့် ကုမ္ပဏီက နှစ် ၅၀ ခံစားခွင့် ရရှိမည်ဖြစ်ပြီး အစိုးရက ယင်းနှစ် ၅၀ ပြီးလျှင် နိုင်ငံပိုင် အဖြစ် ဆက်လက် လုပ်ကိုင်သွားမည်ဟု ဆိုထားသည်။
ရန်ကုန်ဘူတာကြီး ဧရိယာအတွင်း မြန်မာ့ မီးရထားပိုင်မြေ ၆၃ ဧကပေါ်တွင် ၃၆ ဧက ကိုသာ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ် ကိုင်နိုင်မည်ဖြစ်ပြီး ကျန်ရှိသည့် ဧကများကို တင်ဒါရ ကုမ္ပဏီက အသုံးပြုမည်ဆိုလျှင် အသုံးပြုခကို မြန်မာ့ မီးရထားသို့ ပေးဆောင်ရမည် ဖြစ်ကြောင်း မြန်မာ့မီးရထား အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်း က အဆိုပါ စီမံကိန်းအကြောင်း သတင်းစာ ရှင်းလင်းပွဲ ကျင်းပစဉ် ပြောဆိုထားသည်။
မြန်မာ့မီးရထားသို့ အသုံးပြုသည့် ပမာဏအလိုက် ၁ နှစ်လျှင် ၁ ဧကမြေ အသုံးချခွင့်ကို အမေရိကန် ဒေါ်လာ ၃ သန်း အနည်းဆုံး ပေးရမည်ဖြစ်ပြီး မီးရထား ဝန်ထမ်းများအတွက် ကုမ္ပဏီက အနည်းဆုံး ဒေါ်လာ သန်း ၃၀ ခန့် တန်ဖိုးရှိ အိမ်ရာတည်ဆောက် ပေးရမည်ဆိုသည့် အချက်တို့ ပါဝင်ကြောင်း ၎င်းက ပြီးခဲ့သည့် စီမံကိန်း မိတ်ဆက် အခမ်းအနား တွင် ပြောသည်။
စီမံကိန်း အကောင်ထည်ဖော်မှုကို အစိုးရက မိတ်ဆက်ထားသည့် ၂၀၁၄ ခုနှစ်မှ စ၍ ၈ နှစ်အတွင်း အကောင်အထည် ဖော်ရန်း စီစဉ်နေကြောင်းလည်း သိရသည်။
နှစ်ပေါင်း ၁၄၀ ကျော်သက်တမ်းရှိ ရန်ကုန်ဘူတာကြီးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရှေးဟောင်း ကိုလိုနီခေတ် အဆောက်အအုံ ၁ ခု အဖြစ် ၂၀၀၁ ခုနှစ်တွင် သတ်မှတ်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှစ၍ ရန်ကုန် ဘူတာကြီး ဘက်စုံ ဖွံ့ဖြိုးရေး စီမံကိန်းများ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။Credit - ဧရာ၀တီ
Zawgyi
ရန္ကုန္ဘူတာႀကီး အဆင့္ျမႇင့္တင္မည့္ စီမံကိန္းတြင္ လုပ္ကိုင္ခြင့္ရ တ႐ုတ္ Sino Great wall ကုမၸဏီက ႏုတ္ထြက္ သြားေသာေၾကာင့္ ဂ်ပန္ Sumitomo ေကာ္ပိုေရးရွင္းက ဝင္ေရာက္ လုပ္ကိုင္မည္ ျဖစ္ေၾကာင္း ျမန္မာ့ မီးရထား လုပ္ငန္း ဦးေဆာင္ၫႊန္ၾကားေရးမႉး ဦးဘျမင့္က ဧရာဝတီသို႔ ေျပာသည္။
အဆိုပါ စီမံကိန္း တင္ဒါကို စင္ကာပူ Oxley Holding၊ ျမန္မာမင္းဓမၼ ကုမၸဏီႏွင့္ တ႐ုတ္ Sino Great wall ကုမၸဏီတို႔ ပူး ေပါင္းထားသည့္ Central Transport Development Consortium (CTDC) ကုမၸဏီ အုပ္စုက တင္ဒါ ေအာင္ျမင္ခဲ့ ျခင္း ျဖစ္ေသာ္လည္း လက္ရွိတြင္ တ႐ုတ္ Sino Great wall ကုမၸဏီက ႏုတ္ထြက္သြား၍ ယင္းေနရာတြင္ ဂ်ပန္ ကုမၸဏီ က ဝင္ေရာက္ လုပ္ကိုင္မည္ ျဖစ္ေၾကာင္း သိရသည္။
ဦးဘျမင့္က“အခု အၾကမ္းဖ်င္းကေတာ့ တ႐ုတ္နဲ႔ အေမရိကန္ ကုန္သြယ္ေရးစစ္ပြဲမွာ သူတို႔ လုပ္ငန္း ဒုကၡေရာက္သြား တယ္။ ဒါေၾကာင့္ ထြက္သြားတဲ့အတြက္ ဂ်ပန္ကုမၸဏီက အစားဝင္ဖို႔ ႏိုင္ငံေတာ္ကို တင္ျပတဲ့အခါမွာ ဆက္လက္ ေဆာင္႐ြက္ဖို႔ သေဘာတူတယ္။ က်ေနာ္တို႔ စာခ်ဳပ္ကေတာ့ ဒီႏွစ္မကုန္ခင္ ခ်ဳပ္ဆိုႏိုင္ဖို႔ ႀကိဳစားေနတယ္”ဟု ရွင္းျပ သည္။
လက္ရွိတြင္ ဂ်ပန္ Sumitomo ေကာ္ပိုေရးရွင္းက စီမံကိန္း တင္ဒါႏွင့္ပတ္သက္၍ ၎တု႔ိလုပ္ငန္းမွ တင္ျပရမည့္ ဇယား မ်ားကို လုပ္ေဆာင္ေနၿပီး ယခုႏွစ္ မကုန္ခင္ ၿပီးစီးႏိုင္ရန္ ေဆာင္႐ြက္ေနေၾကာင္း ဦးဘျမင့္က ေျပာသည္။
“ဒီစီမံကိန္းနဲ႔ ပတ္သက္တဲ့ လုပ္ငန္းေတြၿပီးမွပဲ အျခား စီမံကိန္းေတြ ျဖစ္တဲ့ ဘူတာႀကီးနားက စက္႐ုံတို႔ ဘာတို႔ကို ေ႐ႊ႕သြားမွာ ျဖစ္ပါတယ္”ဟုလည္း ဦးဘျမင့္က ေျပာဆိုသည္။
စီမံကိန္း ဒီဇိုင္းပုံစံကို CTDC ကုမၸဏီအုပ္စုက တင္ျပထားၿပီး ယင္းဒီဇိုင္းပုံစံ ေျပာင္းလဲမည္ မဟုတ္ေၾကာင္းလည္း ျမန္မာ့ မီးရထားမွ သိရသည္။ ထိုစီမံကိန္းႀကီး ၁ ခုလုံးသည္ အေမရိကန္ေဒၚလာ၂ ဒသမ ၅ ဘီလီယံခန႔္ အကုန္က်ခံကာ ရထားႏွင့္ အမ်ားသုံး သယ္ယူ ပို႔ေဆာင္ေရး စနစ္မ်ား ေပါင္းစည္းထားသည့္ ပို႔ေဆာင္ေရး ဗဟိုဌာနသစ္ တခု အပါအဝင္ အိမ္ရာႏွင့္ စီးပြားေရး လုပ္ငန္းမ်ားအတြက္ ေနရာမ်ား ပါဝင္မည္ဟု ဆိုသည္။
အဆိုပါ ဘက္စုံစီမံကိန္း (Mix-use development) တခုလုံးတြင္ ၾကမ္းခင္းဧရိယာ စတုရန္းမီတာ ၁ ဒသမ ၀၉ သန္း က်ယ္ဝန္းမည္ ျဖစ္ၿပီး ဇုန္ ၆ ခု ပါဝင္ကာ၊ စီမံကိန္းမွ ျပည္တြင္း အလုပ္အကိုင္ ၁ သိန္းခန႔္ ဖန္တီးေပးႏိုင္မည္ ျဖစ္ေၾကာင္း ၂၀၁၈ ခုႏွစ္က CTDC ကုမၸဏီအုပ္စုက သတင္း ထုတ္ျပန္ထားသည္။
စီမံကိန္း၏ အက်ိဳးအျမတ္အေနျဖင့္ ကုမၸဏီက ႏွစ္ ၅၀ ခံစားခြင့္ ရရွိမည္ျဖစ္ၿပီး အစိုးရက ယင္းႏွစ္ ၅၀ ၿပီးလွ်င္ ႏိုင္ငံပိုင္ အျဖစ္ ဆက္လက္ လုပ္ကိုင္သြားမည္ဟု ဆိုထားသည္။
ရန္ကုန္ဘူတာႀကီး ဧရိယာအတြင္း ျမန္မာ့ မီးရထားပိုင္ေျမ ၆၃ ဧကေပၚတြင္ ၃၆ ဧက ကိုသာ ဖြံ႕ၿဖိဳးေရး လုပ္ငန္းမ်ား လုပ္ ကိုင္ႏိုင္မည္ျဖစ္ၿပီး က်န္ရွိသည့္ ဧကမ်ားကို တင္ဒါရ ကုမၸဏီက အသုံးျပဳမည္ဆိုလွ်င္ အသုံးျပဳခကို ျမန္မာ့ မီးရထားသို႔ ေပးေဆာင္ရမည္ ျဖစ္ေၾကာင္း ျမန္မာ့မီးရထား အေထြေထြ မန္ေနဂ်ာ ဦးထြန္းေအာင္သင္း က အဆိုပါ စီမံကိန္းအေၾကာင္း သတင္းစာ ရွင္းလင္းပြဲ က်င္းပစဥ္ ေျပာဆိုထားသည္။
ျမန္မာ့မီးရထားသို႔ အသုံးျပဳသည့္ ပမာဏအလိုက္ ၁ ႏွစ္လွ်င္ ၁ ဧကေျမ အသုံးခ်ခြင့္ကို အေမရိကန္ ေဒၚလာ ၃ သန္း အနည္းဆုံး ေပးရမည္ျဖစ္ၿပီး မီးရထား ဝန္ထမ္းမ်ားအတြက္ ကုမၸဏီက အနည္းဆုံး ေဒၚလာ သန္း ၃၀ ခန႔္ တန္ဖိုးရွိ အိမ္ရာတည္ေဆာက္ ေပးရမည္ဆိုသည့္ အခ်က္တို႔ ပါဝင္ေၾကာင္း ၎က ၿပီးခဲ့သည့္ စီမံကိန္း မိတ္ဆက္ အခမ္းအနား တြင္ ေျပာသည္။
စီမံကိန္း အေကာင္ထည္ေဖာ္မႈကို အစိုးရက မိတ္ဆက္ထားသည့္ ၂၀၁၄ ခုႏွစ္မွ စ၍ ၈ ႏွစ္အတြင္း အေကာင္အထည္ ေဖာ္ရန္း စီစဥ္ေနေၾကာင္းလည္း သိရသည္။
ႏွစ္ေပါင္း ၁၄၀ ေက်ာ္သက္တမ္းရွိ ရန္ကုန္ဘူတာႀကီးကို ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီက ေရွးေဟာင္း ကိုလိုနီေခတ္ အေဆာက္အအုံ ၁ ခု အျဖစ္ ၂၀၀၁ ခုႏွစ္တြင္ သတ္မွတ္ခဲ့ၿပီး ၂၀၀၇ ခုႏွစ္မွစ၍ ရန္ကုန္ ဘူတာႀကီး ဘက္စုံ ဖြံ႕ၿဖိဳးေရး စီမံကိန္းမ်ား ေဆာင္႐ြက္ခဲ့ၾကျခင္း ျဖစ္သည္။Credit-ဧရာ၀တီ

