Latest Posts

ပရိသတ်တွေကို မျက်ရည်တွေပေးပြီး ဇာတ်သိမ်းသွားခဲ့တဲ့ “နှင်းဆီ” ဇာတ်လမ်းတွဲ

ယခုလက်ရှိ MRTV 4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ “နှင်းဆီ” ဇာတ်လမ်းတွဲက မြှပ်ကွက်တွေနဲ့အတူ ပရိသတ်တွေကို စိတ်ဝင်စားအောင် နောက်ဆုံးချိန်ထိ စွဲဆောင်ထားနိုင်တာပါ။ “နှင်းဆီ” ဇာတ်လမ်းတွဲက ဆရာမကြီး မစန္ဒာရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ဝတ္ထုကို ပြန်လည်ပုံဖော် ရိုက်ကူးထားတာမို့ ဇာတ်လမ်း၊ ဇာတ်အိမ်က ပြောစရာမလိုအောင် အထူးကောင်းမွန်သလို ပါဝင်ကြတဲ့ သရုပ်ဆောင်တွေကလည်း အထူးကြိုးစားကြတာကို တွေ့ရပါတယ်။
မနေ့က စက်တင်ဘာလ (၁၇) ရက်နေ့မှာတော့ “နှင်းဆီ” ဇာတ်လမ်းတွဲက အပိုင်း (၂၄) မှာတင် ဇာတ်သိမ်းသွားခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးပိုင်းမှာတော့ တင်မောင်ကျော်တစ်ယောက် နောင်တတွေနဲ့ အဆုံးသတ်သွားတာ ဖြစ်ပါတယ်။

မိန်းကလေးတွေကို အရုပ်ကလေးလို သဘောထားတဲ့ တင်မောင်ကျော်တစ်ယောက် နှင်းဆိုတဲ့ မိန်းမတစ်ယောက်နဲ့ကျမှပဲ အသက်နဲ့ ရင်းလိုက်ရတဲ့အထိ ပေးဆပ်သွားခဲ့ရတာပဲ ဖြစ်ပါတယ်။
နောက်ဆုံးပိုင်းမှာတော့ တင်မောင်ကျော်နဲ့ အစ်ကိုမောင်တို့ ညီအစ်ကိုနှစ်ယောက် ပွေ့ဖက်ပြီး ငိုကြတဲ့ အခန်းကလည်း ကြည့်ရှုသူ ပရိသတ်တွေကို မျက်ရည်မကျပဲ မနေနိုင်လောက်အောင်ကို ထိမိလွန်းပါတယ်။“နှင်းဆီ” ဇာတ်လမ်းတွဲကတော့ ကြည့်ရှုသူ ပရိသတ်တွေကို တွေးစရာတွေ၊ ဆင်ခြင်စရာတွေကို များစွာပေးစွမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော “နှင်းဆီ” ဇာတ်လမ်းတွဲ ဇာတ်သိမ်းပိုင်းကို ကျေနပ်အားကျရဲ့လား ပြောခဲ့ကြပါဦးနော်။Credit-Swelsone;Source : momolay
Unicode
ယခုလက်ရှိ MRTV 4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ “နှင်းဆီ” ဇာတ်လမ်းတွဲက မြှပ်ကွက်တွေနဲ့အတူ ပရိသတ်တွေကို စိတ်ဝင်စားအောင် နောက်ဆုံးချိန်ထိ စွဲဆောင်ထားနိုင်တာပါ။ “နှင်းဆီ” ဇာတ်လမ်းတွဲက ဆရာမကြီး မစန္ဒာရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ဝတ္ထုကို ပြန်လည်ပုံဖော် ရိုက်ကူးထားတာမို့ ဇာတ်လမ်း၊ ဇာတ်အိမ်က ပြောစရာမလိုအောင် အထူးကောင်းမွန်သလို ပါဝင်ကြတဲ့ သရုပ်ဆောင်တွေကလည်း အထူးကြိုးစားကြတာကို တွေ့ရပါတယ်။
မနေ့က စက်တင်ဘာလ (၁၇) ရက်နေ့မှာတော့ “နှင်းဆီ” ဇာတ်လမ်းတွဲက အပိုင်း (၂၄) မှာတင် ဇာတ်သိမ်းသွားခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးပိုင်းမှာတော့ တင်မောင်ကျော်တစ်ယောက် နောင်တတွေနဲ့ အဆုံးသတ်သွားတာ ဖြစ်ပါတယ်။
မိန်းကလေးတွေကို အရုပ်ကလေးလို သဘောထားတဲ့ တင်မောင်ကျော်တစ်ယောက် နှင်းဆိုတဲ့ မိန်းမတစ်ယောက်နဲ့ကျမှပဲ အသက်နဲ့ ရင်းလိုက်ရတဲ့အထိ ပေးဆပ်သွားခဲ့ရတာပဲ ဖြစ်ပါတယ်။
နောက်ဆုံးပိုင်းမှာတော့ တင်မောင်ကျော်နဲ့ အစ်ကိုမောင်တို့ ညီအစ်ကိုနှစ်ယောက် ပွေ့ဖက်ပြီး ငိုကြတဲ့ အခန်းကလည်း ကြည့်ရှုသူ ပရိသတ်တွေကို မျက်ရည်မကျပဲ မနေနိုင်လောက်အောင်ကို ထိမိလွန်းပါတယ်။
“နှင်းဆီ” ဇာတ်လမ်းတွဲကတော့ ကြည့်ရှုသူ ပရိသတ်တွေကို တွေးစရာတွေ၊ ဆင်ခြင်စရာတွေကို များစွာပေးစွမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော “နှင်းဆီ” ဇာတ်လမ်းတွဲ ဇာတ်သိမ်းပိုင်းကို ကျေနပ်အားကျရဲ့လား ပြောခဲ့ကြပါဦးနော်။
Credit-Swelsone;Source : momolay