အင်းတော်ကြီးဒေသက တရားမဝင်ရွှေတူးဖော်လုပ်ငန်းကို ဝင်ရောက်ဖမ်းဆီး
ႏွစ္ရက္တာအတြင္း သိမ္းဆည္းရမိတဲ့ပစၥည္းေတြထဲမွာ ဘက္ဟိုး ၁၂ စီးနဲ႔ ဆက္စပ္ပစၥည္းေတြကို ပိုင္ရွင္ ၁၀ ဦး၊ ပိုင္ရွင္မဲ့ တဲ ၄ လုံးအတြင္းမွ ဆက္စပ္ပစၥည္းေတြကို သိမ္းဆည္းရမိခဲ့ပါတယ္။
ဒီအမႈနဲ႔ပတ္သက္ၿပီး ကခ်င္ျပည္နယ္ သတၱဳတြင္းဦးစီးဌာန ၫႊန္ၾကားေရမႉး ဦးေစာယုက တရားလိုျပဳလုပ္ တိုင္တန္းတဲ့အတြက္ သတၱဳတြင္းဥပေဒပုဒ္မ ၃၀(က)တို႔နဲ႔ လုံးတုံရဲစခန္းမွာ အမႈဖြင့္စုံစမ္းေနပါတယ္။Credit-original
Unicode
ကချင်ပြည်နယ် အင်းတော်ကြီးဒေသမှာ တရားမဝင်ရွှေတူးဖော်တဲ့ ဘက်ဟိုးယာဉ် ၁၂ စီးနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ လုံးတုံရဲစခန်းက သိရပါတယ်။အင်းတော်ကြီးကန် ရေရှည်တည်တံ့စေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီး ညွှန်ကြားချက်နဲ့ စက်တင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာနညွှန်ကြားရေးမှူး ဒုတိယညွှန်ကြားရေမှူးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော၊ နယ်မြေခံစစ်တပ်တို့နဲ့အတူ မမုန်ကိုင်နဲ့ မိုင်းနောင်ကျေးရွာတို့မှာ တရားမဝင်ရွှေတူးဖော်တာတွေကို စစ်ဆေးဖမ်းဆီးခဲ့တာပါ။
နှစ်ရက်တာအတွင်း သိမ်းဆည်းရမိတဲ့ပစ္စည်းတွေထဲမှာ ဘက်ဟိုး ၁၂ စီးနဲ့ ဆက်စပ်ပစ္စည်းတွေကို ပိုင်ရှင် ၁၀ ဦး၊ ပိုင်ရှင်မဲ့ တဲ ၄ လုံးအတွင်းမှ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။ဒီအမှုနဲ့ပတ်သက်ပြီး ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေမှူး ဦးစောယုက တရားလိုပြုလုပ် တိုင်တန်းတဲ့အတွက် သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က)တို့နဲ့ လုံးတုံရဲစခန်းမှာ အမှုဖွင့်စုံစမ်းနေပါတယ်။Credit-original





