အကယ်ဒမီဆုရှင်သော်ဇင်လိုမဖြစ်ရအောင် ပိုက်ဆံသာစုထား ရောဂါဖြစ်ရင်ဘန်ကောက်မှာဆေးကုနိုင်အောင်
အကယ္ဒမီဆု႐ွင္ေသာ္ဇင္လိုမျဖစ္ရေအာင္ ပိုက္ဆံသာစုထား ေရာဂါျဖစ္ရင္ဘန္ေကာက္မွာေဆးကုႏိုင္ေအာင္ ျမန္မာျပည္ကဆရာဝန္ေတြ ပညာမညံ႕ပါဘူး ညံ႕ေနတာက ?????
ဒီတစ္ေခါက္ ဘန္ေကာက္ေရာက္ေတာ့…မိုးလင္းတာနဲ႔ လင္မယားႏွစ္ေယာက္ဟိုတယ္က ထြက္လာ.Taxi တားၿပီး…Bumrungrad Hospital..ေနာက္တစ္ေန႔လည္း..ဘန္ရြမ္ဂလပ္ ..ေနာက္တစ္ေန႔လည္း..ဘန္ရြမ္ဂလပ္..ေန႔တိုင္း ဘန္ရြမ္ဂလပ္ကို သြားခဲ့ရၿပီး မိုးခ်ဳပ္မွ ဟိုတယ္ကို ျပန္ေရာက္ၾကတာပါ..ဘန္ရြမ္ဂလပ္ Bumrungrad ဆိုတာကေတာ့ ဘန္ေကာက္က နာမည္ၾကီး ေဆးရံုတစ္ခုပါပဲ.. ဒီေနရာမွာ ႀကိဳေျပာထားခ်င္တာက ဘန္ေကာက္မွာ ေဆးသြားကုတယ္ ေဆးသြားစစ္တယ္..ဆိုတဲ့..ခပ္ႂကြားႂကြား ပို႔စ္မ်ိဳးျမန္မာ ဆရာဝန္ေတြ ေဆးရံုေတြကို တိုက္ခိုက္တဲ့ပို႔စ္မ်ိဳးေရးေတာ့မယ္လို႔ ကြၽန္မကို မထင္ျကေစခ်င္တာပဲျဖစ္ပါတယ္ဘန္ရြမ္ဂလပ္ မွာ ကိုယ္တိုင္ ေဆးမကုဖူးေပမဲ့လို႔ ဒီေဆးရံုနဲ႔ ကေတာ့ လြန္ခဲ့တဲ့ ၇ႏွစ္ ၈ႏွစ္ေလာက္ကတည္းကစၿပီး ရင္းႏွီးကြၽမ္းဝင္မွေတြ႐ွိေနခဲ့ပါတယ္ကြၽန္မရဲ႕ခင္ပြန္းဟာ လြန္ခဲ့တဲ့ ၁၄ႏွစ္ေလာက္ကတည္းက ဒီေဆးရံုႀကီးမွာ ႏွလံုးနဲ့ပတ္သက္တဲ့ ကုသမႈတစ္ခဳလုပ္ခဲ့ဖူးၿပီး ယေန႔ထက္တိုင္ သူ႔ႏွလံုးဆရာဝန္ႀကီးနဲ႔ တစ္ႏွစ္ကို အနည္းဆံုးတစ္ခါေတာ့ ေတြ႔ဆံုေနရဆဲပါ ကြၽန္မ ခင္ပြန္းကိုအေၾကာင္းျပဳၿပီး ဒီေဆးရံုကို ပထမဆံုးေရာက္ဖူးတဲ့ လြန္ခဲ့တဲ့ ၇ႏွစ္ ၈ႏွစ္ေလာက္တုန္းက ေဆးရံုမွာ ျမန္မာ လူနာဆိုတာ အေတာ္႐ွား႐ွားပါးပါးပါပဲအခု ေနာက္ပိုင္းေတာ့ ဘန္ရြမ္ဂလပ္ဟာ ျမန္မာလူနာေတြနဲ႔ ျမန္မာေဆးရံုႀကီးျဖစ္ေနပါၿပီ Food Court မွာ တန္းစီပါ..တို႔ အိမ္သာထဲမွာ..အေရးေပၚခလုတ္..တို႔ စသည္ျဖင့္ ျမန္မာလိုစာတမ္းေလးေတြေတြ႔ရသလို ေဆးရံုရဲ႕ ေျမပံုမွာလည္း ျမန္မာဘာသာနဲ႔ ဘယ္အထပ္မွာ ဘယ္ဌာန႐ွိတယ္ဆိုတာမ်ိဳးေတြ ထည့္ၿပီးေရးလာၾကပါၿပီျမန္မာစကားျပန္ေတြလည္း ႐ွိလာပါၿပီ.. ဒီတစ္ေခါက္ကေတာ့ ကြၽန္မခင္ပြန္းကလည္း လုပ္စရာေလးေတြ ေတာ္ေတာ္မ်ားမ်ား႐ွိေနတာမို႔ ေဆးရံုတစ္ခုလံုး ဟိုဘက္ေျပးလိုက္ ဒီဘက္ေျပးလိုက္ အေပၚတက္လိုက္ ေအာက္ဆင္းလိုက္နဲ႔ေပါ့
ဘယ္နားသြားသြား ျမန္မာအမ်ိဳးေတြနဲ႔ ေတြ႔ေန ျမန္မာစကားသံေတြၾကားေနရတာဆိုေတာ့..အို..ေဆးလာကုၾကတာတေပ်ာ္ႀကီးပါလား ေတြးမိပါေသးတယ္ တစ္အိမ္လံုးပါလာၾကတာကိုး ကြၽန္မတို႔ ျမန္မာ လူမ်ိဳးေတြ ျပည္ပထြက္ၿပီး ေဆးကုႏိုင္ၾကတယ္ဆိုတာ အ႐ွင္းဆံုးေျပာရရင္ ပိုက္ဆံ႐ွိလာၾကလို႔ပါပဲ ဒါေပမဲ့..တျခား တစ္ဘက္ကၾကည့္ေတာ့ ျမန္မာလူမ်ိဳးေတြအေနနဲ႔ ျမန္မာဆရာဝန္ႀကီးေတြ ျမန္မာေဆးရံုေတြ..ျမန္မာျပည္က ဓာတ္ခြဲခန္းေတြ..အေပၚ အယံုအၾကည္မ႐ွိ အားကိုးအားထားမ႐ွိၾကေတာ့ဘူး ဆိုတဲ့ ကိစြကေတာ့ ဝမ္းနည္းစရာပဲ ျဖစ္ပါတယ္
ထိုင္းဆရာဝန္ေတြဟာ အဂၤလိပ္စကားေျပာ အသံထြက္ ျမန္မာဆရာဝန္ႀကီးေတြေလာက္ မေတာ္ၾကပါဘူး မပီသၾကပါဘူး.. ဒါေပမဲ့ ကမာၻအရပ္ရပ္က လူနာေတြကို သူတို႔ဆီေရာက္လာေအာင္ သူတို႔ဆီျမဲေနေအာင္ လုပ္ထားႏိုင္တာ.. တနည္းအားျဖင့္ စီးပြားေရး စကားနဲ႔ေျပာရရင္ အာ႐ွ က်န္းမာေရး ေစ်းကြက္ရဲ႕ market share ကို ရာခိုင္နွုန္းအေတာ္မ်ားမ်ားယူထားႏိုင္တဲ့ သေဘာပါ ဘန္ရြမ္ဂလပ္ဟာ အေမရိကန္လို အျဖဴေတြၾကားေရပန္းစားတဲ့ေဆးရံုျဖစ္ပါတယ္ ကြၽန္မမိတ္ေဆြ အေမရိကန္ေတြဟာ ဘမ္ရြန္ဂလပ္က ထိုင္းဆရာေတြဆီကိုပဲ အားကိုးတႀကီးသြားၾကပါတယ္ ပိုက္ဆံ ခ်မ္းသာတဲ့ အာရပ္ေစာ္ဘြားေတြ ဘန္ရြမ္ဂလပ္ကိုလာၾကပါတယ္ဘာလို႔ပါလဲ ထိုင္းဆရာဝန္ေတြ ေဆးကုပံုကိုကြၽန္မေျပာျပပါမယ္ လံုးဝ အခ်ိန္မဆြဲဘဲ ကုတာမ်ိဳးျဖစ္ပါတယ္ လူနာနဲ႔ေတြ႔ၿပီး ခ်က္ခ်င္း ဘာလုပ္ ဘာလုပ္ ဥပမာ X ray လုပ္ခိုင္းတာ ေသြးေဖာက္တာမ်ိဳး..ကို ခ်က္ခ်င္း သြားလုပ္ခိုင္းၿပီး အေျဖကို ကြန္ပ်ဴတာ ေပၚကိုတင္ လူနာနဲ႔ အတူၾကည့္ၿပီး..အထဲမွာေတာ့ ဘယ္လိုေတြျဖစ္ေနၿပီ ဘာဆက္လုပ္မွသင့္ေတာ္မယ္ဆိုတာမ်ိဳးကို တစ္ေန႔တည္းနဲ႔ ေျပာျပႏိုင္တာမ်ိဳးျဖစ္ပါတယ္ လုနာကို တစ္ပတ္မွျပန္လာျပပါတို႔ ဘာတို႔မလုပ္ဘဲ one stop service မ်ိဳးေပးႏိုင္တာပါ..ေဆးရံုကလည္း ဆရာဝန္ေတြ ရဲ႕ ကုထံုးၫႊန္ၾကားခ်က္ေတြကို အခ်ိန္နဲ႔တေျပးညီ အေကာင္အထည္ ေဖာ္ေပးႏိုင္တဲ့ facility ႐ွိလို႔ေနမွာပါပဲ..
ကုတာျမန္ေတာ့ လူနာနဲ႔ လူနာ႐ွင္ေတြမွာလည္း စိတ္ထဲမတင္မက် အီလည္လည္ျဖစ္ေနတာမ်ိဳးမ႐ွိဘဲ Yes or No Do or Die တန္းသိရေတာ့လည္း တစ္မ်ိဳးေကာင္းပါတယ္ ေကာင္းတာျဖစ္ျဖစ္..ဆိုးတာျဖစ္ျဖစ္..အၾကာႀကီး မခံစားေနရေတာ့ဘူး..
အေရးႀကီးတာဆိုရင္လည္း အေရးႀကီးတာဆက္လုပ္ဖို႔ အခ်ိန္မေႏွာင့္ေႏွးေတာ့ဘူးေပါ့ ဆရာေတြဟာ ဒီေလာက္ႀကီးတဲ့ေဆးရံုႀကီးမွာ ဌာနေတြအမ်ားႀကီး သြားၿပီး ေရာဂါအမ်ိဳးမ်ိဳးကို ကုသမႈခံေနရတဲ့ လူနာတစ္ေယာက္ထဲကို ပူးေပါင္းၿပီးေဆးကုႏိုင္ၾကတာပါ က်ြန္မ ခင္ပြန္းဟာ ဒီတစ္ခါ ႏွလံုး လည္ပင္းအက်ိတ္နဲ႔ အစာအိမ္အူလမ္းေၾကာင္း ၃မ်ိဳးကို ကုသစစ္ေဆးဖို႔သြားခဲ့တာပါ သူ့ဆရာဝန္ေတြ အခ်ိတ္အဆက္မိေနတာ လံုးဝဟာကြက္မ႐ွိပါဘူး
ဘာပဲလုပ္လုပ္ ႏွလံုးဆရာဝန္ႀကီးရဲ႕ သေဘာတူ ေထာက္ခံ ခ်က္ကိုပဲအရယူၿပီး.. သူ႔ႏွလံုးအေျခအေနအရ ဒီကုထံုးနဲ႔ ျဖစ္ပါ့မလား ဆိုတာမ်ိဳးေတြကို တိုင္ပင္ခ်ိတ္ဆက္ၿပီး ကုသးေပးၾကတာမ်ိဳးပဲျဖစ္ပါတယ္ ကိုယ့္ ကိစြပဲကိုယ္ၾကည့္ၿပီး လူနာကို မ်က္ႏွာလႊဲခဲပစ္မလုပ္တတ္ၾကတာ သူတို႔ကို အားကိုးမိေစတဲ့ အခ်က္တစ္ခုျဖစ္ပါတယ္ ၿပီးေတာ့ အားသာခ်က္တစ္ခုက ဒီဆရာေတြရဲ႕ clinic hour ေတြကိုၾကည့္ရင္း ဒီေဆးရံုတစ္ခုထဲမွာပဲ တစ္ေနကုန္ သို႔မဟုတ္ မနက္ပိုင္း ညေနပိုင္း ထိုင္ေနၾကတာကိုေတြ႔ရပါတယ္ ခြဲစိတ္စရာ႐ွိလည္း ဒီသက္ဆိုင္ရာ ဌာနေတြမွာပဲ လုပ္လိုက္ၾကပါတယ္
ဒီေတာ့ ေျပာထားတဲ့အခ်ိန္သာေရာက္ေအာင္သြားပါ ဆရာခြဲခန္းအေရးတႀကီးဝင္ရတဲ့ ကိစြ မ်ိဳးေတြသာမ႐ွိခဲ့ရင္ ေစာင့္ရလွ၁၅ မိနစ္ပါပဲ.. ကြၽန္မတို႔ ေတြ႔ရတဲ့ အစာအိမ္နဲ႔ အူလမ္းေၾကာင္းဆရာဝန္ကို ဆရာ မွန္ေျပာင္းၾကည့္ေနတဲ့လူနာေၾကာင့္ ၁နာရီေလာက္ေစာင့္ရေတာ့ ဆရာ့ နပ္စ္မေလးဟာ ျပာေနပါတယ္ Customer care ဆိုတာ complaint လာမွလုပ္တယ္ဆို အလကား ပါပဲ အရာမထင္ပါဘူး.. ကြၽန္မတို႔ကို စားေသာက္ဆိုင္ေတြသြားစားပါဆိုၿပီး ေဆးရံုက ကူပြန္ေလးေတြ ထုတ္ေပးပါတယ္..ေကာ္ဖီ ေဖ်ာ္ေပးရမလား ေမးပါတယ္.. သူနာျပဳေတြဟာ ေတြ႔တာနဲ႔ လက္အုပ္ကေလးခ်ီၿပီး ႏႈတ္ဆက္တတ္ၾကပါတယ္ ဒီက သူနာျပဳတခ်ိဳ႕ အေဖအရြယ္ အေမအရြယ္ေတြကိုေတာင္မွ သံျပတ္နဲ႔ ေျပာဆိုေနတာ.. ေဆာင့္ေအာင့္ေနတာ ..ေတြ႔ရတာ ဝမ္းနည္းစရာပါပဲ
သူတို႔လည္း..ဟိုေဆးရံု ဒီေဆးရံုသာ ေျပးျပီး လူနာျကည့္ေနရမယ္ဆိုရင္ Traffic ေၾကာင့္ ေနာက္က်တာမ်ိဳးေတြျဖစ္ႏိုင္တာပါပဲေလ ဒီအတြက္ ေဆးရံုက ဒီဆရာေတြကို လခႏႈန္းထားတစ္ခုေပးၿပီး ခန္႔ထားတယ္လို႔ထင္ပါတယ္ လူနာဆီကလည္း စမ္းသပ္ခရၾကပါတယ္ ေနာက္တစ္ခုက သူတို႔ဆီမွာ recovery rate အရမ္းေကာင္းပါတယ္ ေက်ာက္ကပ္ေဆးတဲ့ လူနာဟာ ေဆးၿပီးရင္ အေမာမဆို႔ပါဘူး ခ်က္ခ်င္း ေထာင္လာပါတယ္ ျမန္မာျပည္မွာ ေက်ာက္ကပ္တစ္ခါေဆးၿပီးတိုင္း ၂ရက္ေလာက္ ေမာပန္းႏႈန္းခ်ိေနတယ္လို႔ၾကားဖူးပါတယ္ ဒူးခြဲတယ္. .. ေရခဲ အံုၿပီးျပန္လႊတ္ေပးလိုက္တယ္ မွန္ေျပာင္းၾကည့္တယ္.. ၿပီးတာနဲ႔ အစာစား..ျပန္..တစ္ခုခုျဖစ္ရင္ Ambulance ေခၚလိုက္..
လူနာကို မလိုဘဲ လံုးဝ ေဆးရံုမတက္ခိုင္းပါဘူး လိုရင္လည္း လိုသလိုလုပ္ပါတယ္ မလိုရင္လည္းမလုပ္ပါဘူး ေဆးကုသမႈ စရိတ္ကိုေျပာမယ္ဆိုရင္ ျမန္မာျပည္က နာမည္ႀကီးေနရာေတြမွာ ျပသေလာက္ပဲ ကုန္တာပါ ေနစရိတ္ စားစရိတ္ သြားစရိတ္ေလးေတာ့႐ွိမယ္ေပါ့ေလ…ဒါေပမဲ့..ျမန္ျမန္သိရတယ္ကုရတယ္..စစ္တာေဆးတာေတြ မွန္တယ္ ျမန္တယ္Communication ေကာင္းတယ္ဆိုေတာ့.. မထူးပါဘူး..ဘန္ေကာက္ သာသြားလိုက္ပါေတာ႔မယ္လို႔ လူေတြစိတ္မွာျဖစ္လာတယ္ထင္ပါရဲ႕..
ဆရာဝန္ေတြဟာ..လူနာအတြက္ လိုအပ္သမ်ွ ဥပမာ က်န္းမာေရး အာမခံ နဲ႔ပတ္သက္တဲ့ စာရြက္စာတမ္း ေတြကို ေသေသခ်ာခ်ာ ျဖည့္ေပးၾကပါတယ္ေနာက္တစ္ခုကေတာ့ အရမ္းသေဘာေကာင္းၾကတာပါပဲ ဆရာဝန္ေတြဟာ လူနာကို ျပံဳးျပံဳးခ်ိဳခ်ိဳ ဆက္ဆံေပးၾကပါတယ္ အခ်ိန္ေပးၾကပါတယ္ နားလည္ေအာင္ ႐ွင္းျပၾကပါတယ္ နင္ စိတ္မပူနဲ႔ေနာ္ နင္ ညအိပ္ေပ်ာ္ေအာင္အိပ္ စိတ္ပူရမွာက ငါေနာ္.. ငါကနင့္ကိုကုရမွာ.. ဟုတ္ၿပီလား.. ငါ ဘယ္ေလာက္ပင္ပန္းခဲ့ ပင္ပန္းခဲ့..နင္ေကာင္းေနေတာ့ငါေပ်ာ္သြားၿပီ နင္ ငါ့ဆီလာလည္ေနာ္ သိခ်င္တာ႐ွိရင္ အီးေမးေလးပို႔လိုက္ေနာ္.. လူဆိုတာေသမ်ိဳးပဲေနာ္.. နင္အရင္မေသဘဲ ..ငါအရင္ေသခ်င္ေသေနမွာေလ.. ဒါေပမဲ့..ငါ့လူနာေတြအကုန္လံုး ၉၉ႏွစ္တို႔..၉၂ႏွစ္တို႔..အသက္႐ွည္ၾကတယ္..နင္ကေတာ့ ၁၀၀ထိ႐ွည္ေအာင္လုပ္ရမယ္ေနာ္…အဲလို စကားေလးေတြကို ခ်စ္ခ်စ္ခင္ခင္တရင္းတႏွီးေျပာတတ္ပါတယ္
လူနာေတြ လူနာ႐ွင္ေတြဆိုတာ အေျခအေနအရပ္ရပ္အရ စိတ္ဖိစီးမႈ ေတြ႐ွိေနၾကတဲ့သူေတြျဖစ္ပါတယ္ ကိုယ့္ကိုၾကည့္ေပးတဲ့ ဆရာက ဒီလိုၾကင္ၾကင္နာနာ ရင္းရင္းႏွီးႏွီး ေျပာဆိုဆက္ဆံတဲ့အခါၾကည္ႏူးရတာအမွန္ပါပဲ..ဒီလိုေရးေတာ့ ဆရာဝန္မိတ္ေဆြေတြကိုေတာ့ အားနာမိပါတယ္..ကြၽန္မကိုယ္တိုင္ ဆရာဝန္မိသားစုထဲက လူပါပဲ..ဒါေပမဲ့ သူတို႔ေတြကပဲ ကြၽန္မကို ဘာျဖစ္ျဖစ္ ဘန္ေကာက္သာသြားလိုက္ပါလို႔ေျပာလာၾကေတာ့ ကြၽန္မလည္းေတြေဝလာတာအမွန္ပါပဲျမန္မာျပည္က ဝိတိုရိယေဆးရံုမွာ အရင္အပတ္က ကြၽန္မေသြးေရာဂါကို တိုင္ပင္ဖို႔ ဆရာဝန္မႀကီးတစ္ေယာက္ဆီ appointment ယူပါတယ္ ေန႔လည္၂နာရီခ်ိန္းတာ ၄နာရီထိုးတဲ့အထိေရာက္မလာပါဘူး
သူ့ဘာသူဘာႀကီးပဲျဖစ္ေနပါေစ..ဒီလို ..လူနာကို ငါလာခ်င္တဲ့အခ်ိန္လာမယ္ ေစာင့္ႏိုင္ရင္ျပဆိုတဲ့ ဆရာဝန္မ်ိဳးကို ဘယ္လိုမွမေလးစားႏိုင္ေတာ့တဲ့အတြက္ complaint letter ေရးၿပီးထျပန္လာခဲ့ပါတယ္ဘန္ရြမ္ဂရက္မွာ ၾကံဳတုန္းျပလိုက္ပါေတာ့မယ္ေလ ဆိုၿပီး ျပေနတုန္း ဝိတိုရိယ customer care က ဖုံုးလာပါတယ္ေတာင္းပန္ပါတယ္ေပါ့ ကြၽန္မက စိတ္ဆိုးေနတဲ့သူမဟုတ္ပါဘူး စနစ္ႀကီးတစ္ခုလံုး ဒီလိုျဖစ္ေနတာမို႔လို႔ ကြၽန္မလည္း ဘာမွမလုပ္တတ္ပါဘူး ျမင္မိလိုက္တာကေတာ့ ျမန္မာျပည္က ျမန္မာေဆးရံုတစ္ခုမွာ သံုးလိုက္ရမဲ့ ျမန္မာႏိုင္ငံသားတစ္ေယာက္ရဲ႕ ပိုက္ဆံေတြဟာ ဘန္ေကာက္က ဘန္ရြမ္ဂလပ္ကို ေရာက္သြားတာကိုပါပဲ..ကြၽန္မ ဆရာဝန္နဲ႔ ၂ရက္ေတြ႔ ေသြး ၃မ်ိဳးစစ္ခဲ့ရၿပီး ၃လစာ ေသာက္ေဆးရ စုစုေပါင္း ျမန္မာေငြ ၂သိန္းေက်ာ္ပဲက်ခဲ့ပါတယ္..
ဒီ၂သိန္းဖိုးေလာက္ကိုေတာင္ ျမန္မာျပည္ရဲ႕ ျပည္သူ႔က်န္းမာေရး system ႀကီးက ထိုင္းနဲ႔ၿပိဳင္ၿပီး လူနာတစ္ေယာက္ရဲ႕ အိပ္ထဲက ေလ်ာွေလ်ွာ ႐ွဴ႐ွဴေလးထြက္က်လာေအာင္ မလုပ္ႏိုင္ဘူးဆိုတာအရမ္းႏွေမ်ာစရာေကာင္းတဲ့အခ်က္ျဖစ္ပါတယ္သူတို႔ေတြက ကြၽန္မတို႔ အိတ္ထဲက ပိုက္ဆံေတြကို ဆဝါဒီခပ္ ဆိုၿပီး လက္အုပ္ေလးခ်ီ ျပံဳးျပံဳးေလးယူသြားၾကပါတယ္
Creditး-ျမႏ္ေဟာ္စီ ၅ ်သဂုတ္ ၂၀၁၈ via Dr Tay Za Kyaw
Unicode
အကယ်ဒမီဆုရှင်သော်ဇင်လိုမဖြစ်ရအောင် ပိုက်ဆံသာစုထား ရောဂါဖြစ်ရင်ဘန်ကောက်မှာဆေးကုနိုင်အောင် မြန်မာပြည်ကဆရာဝန်တွေ ပညာမညံ့ပါဘူး ညံ့နေတာက ?????
ဒီတစ်ခေါက် ဘန်ကောက်ရောက်တော့…မိုးလင်းတာနဲ့ လင်မယားနှစ်ယောက်ဟိုတယ်က ထွက်လာ.Taxi တားပြီး…Bumrungrad Hospital..နောက်တစ်နေ့လည်း..ဘန်ရွမ်ဂလပ် ..နောက်တစ်နေ့လည်း..ဘန်ရွမ်ဂလပ်..နေ့တိုင်း ဘန်ရွမ်ဂလပ်ကို သွားခဲ့ရပြီး မိုးချုပ်မှ ဟိုတယ်ကို ပြန်ရောက်ကြတာပါ..ဘန်ရွမ်ဂလပ် Bumrungrad ဆိုတာကတော့ ဘန်ကောက်က နာမည်ကြီး ဆေးရုံတစ်ခုပါပဲ.. ဒီနေရာမှာ ကြိုပြောထားချင်တာက ဘန်ကောက်မှာ ဆေးသွားကုတယ် ဆေးသွားစစ်တယ်..ဆိုတဲ့..ခပ်ကြွားကြွား ပို့စ်မျိုးမြန်မာ ဆရာဝန်တွေ ဆေးရုံတွေကို တိုက်ခိုက်တဲ့ပို့စ်မျိုးရေးတော့မယ်လို့ ကျွန်မကို မထင်ကြစေချင်တာပဲဖြစ်ပါတယ်
ဘန်ရွမ်ဂလပ် မှာ ကိုယ်တိုင် ဆေးမကုဖူးပေမဲ့လို့ ဒီဆေးရုံနဲ့ ကတော့ လွန်ခဲ့တဲ့ ၇နှစ် ၈နှစ်လောက်ကတည်းကစပြီး ရင်းနှီးကျွမ်းဝင်မှတွေရှိနေခဲ့ပါတယ်ကျွန်မရဲ့ခင်ပွန်းဟာ လွန်ခဲ့တဲ့ ၁၄နှစ်လောက်ကတည်းက ဒီဆေးရုံကြီးမှာ နှလုံးနဲ့ပတ်သက်တဲ့ ကုသမှုတစ်ခုလုပ်ခဲ့ဖူးပြီး ယနေ့ထက်တိုင် သူ့နှလုံးဆရာဝန်ကြီးနဲ့ တစ်နှစ်ကို အနည်းဆုံးတစ်ခါတော့ တွေ့ဆုံနေရဆဲပါ ကျွန်မ ခင်ပွန်းကိုအကြောင်းပြုပြီး ဒီဆေးရုံကို ပထမဆုံးရောက်ဖူးတဲ့ လွန်ခဲ့တဲ့ ၇နှစ် ၈နှစ်လောက်တုန်းက ဆေးရုံမှာ မြန်မာ လူနာဆိုတာ အတော်ရှားရှားပါးပါးပါပဲ
အခု နောက်ပိုင်းတော့ ဘန်ရွမ်ဂလပ်ဟာ မြန်မာလူနာတွေနဲ့ မြန်မာဆေးရုံကြီးဖြစ်နေပါပြီ Food Court မှာ တန်းစီပါ..တို့ အိမ်သာထဲမှာ..အရေးပေါ်ခလုတ်..တို့ စသည်ဖြင့် မြန်မာလိုစာတမ်းလေးတွေတွေ့ရသလို ဆေးရုံရဲ့ မြေပုံမှာလည်း မြန်မာဘာသာနဲ့ ဘယ်အထပ်မှာ ဘယ်ဌာနရှိတယ်ဆိုတာမျိုးတွေ ထည့်ပြီးရေးလာကြပါပြီမြန်မာစကားပြန်တွေလည်း ရှိလာပါပြီ.. ဒီတစ်ခေါက်ကတော့ ကျွန်မခင်ပွန်းကလည်း လုပ်စရာလေးတွေ တော်တော်များများရှိနေတာမို့ ဆေးရုံတစ်ခုလုံး ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက် အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ပေါ့
ဘယ်နားသွားသွား မြန်မာအမျိုးတွေနဲ့ တွေ့နေ မြန်မာစကားသံတွေကြားနေရတာဆိုတော့..အို..ဆေးလာကုကြတာတပျော်ကြီးပါလား တွေးမိပါသေးတယ် တစ်အိမ်လုံးပါလာကြတာကိုး ကျွန်မတို့ မြန်မာ လူမျိုးတွေ ပြည်ပထွက်ပြီး ဆေးကုနိုင်ကြတယ်ဆိုတာ အရှင်းဆုံးပြောရရင် ပိုက်ဆံရှိလာကြလို့ပါပဲ ဒါပေမဲ့..တခြား တစ်ဘက်ကကြည့်တော့ မြန်မာလူမျိုးတွေအနေနဲ့ မြန်မာဆရာဝန်ကြီးတွေ မြန်မာဆေးရုံတွေ..မြန်မာပြည်က ဓာတ်ခွဲခန်းတွေ..အပေါ် အယုံအကြည်မရှိ အားကိုးအားထားမရှိကြတော့ဘူး ဆိုတဲ့ ကိစွကတော့ ဝမ်းနည်းစရာပဲ ဖြစ်ပါတယ်
ထိုင်းဆရာဝန်တွေဟာ အင်္ဂလိပ်စကားပြော အသံထွက် မြန်မာဆရာဝန်ကြီးတွေလောက် မတော်ကြပါဘူး မပီသကြပါဘူး.. ဒါပေမဲ့ ကမ္ဘာအရပ်ရပ်က လူနာတွေကို သူတို့ဆီရောက်လာအောင် သူတို့ဆီမြဲနေအောင် လုပ်ထားနိုင်တာ.. တနည်းအားဖြင့် စီးပွားရေး စကားနဲ့ပြောရရင် အာရှ ကျန်းမာရေး ဈေးကွက်ရဲ့ market share ကို ရာခိုင်နှုန်းအတော်များများယူထားနိုင်တဲ့ သဘောပါ ဘန်ရွမ်ဂလပ်ဟာ အမေရိကန်လို အဖြူတွေကြားရေပန်းစားတဲ့ဆေးရုံဖြစ်ပါတယ် ကျွန်မမိတ်ဆွေ အမေရိကန်တွေဟာ ဘမ်ရွန်ဂလပ်က ထိုင်းဆရာတွေဆီကိုပဲ အားကိုးတကြီးသွားကြပါတယ် ပိုက်ဆံ ချမ်းသာတဲ့ အာရပ်စော်ဘွားတွေ ဘန်ရွမ်ဂလပ်ကိုလာကြပါတယ်
ဘာလို့ပါလဲ ထိုင်းဆရာဝန်တွေ ဆေးကုပုံကိုကျွန်မပြောပြပါမယ် လုံးဝ အချိန်မဆွဲဘဲ ကုတာမျိုးဖြစ်ပါတယ် လူနာနဲ့တွေ့ပြီး ချက်ချင်း ဘာလုပ် ဘာလုပ် ဥပမာ X ray လုပ်ခိုင်းတာ သွေးဖောက်တာမျိုး..ကို ချက်ချင်း သွားလုပ်ခိုင်းပြီး အဖြေကို ကွန်ပျူတာ ပေါ်ကိုတင် လူနာနဲ့ အတူကြည့်ပြီး..အထဲမှာတော့ ဘယ်လိုတွေဖြစ်နေပြီ ဘာဆက်လုပ်မှသင့်တော်မယ်ဆိုတာမျိုးကို တစ်နေ့တည်းနဲ့ ပြောပြနိုင်တာမျိုးဖြစ်ပါတယ် လုနာကို တစ်ပတ်မှပြန်လာပြပါတို့ ဘာတို့မလုပ်ဘဲ one stop service မျိုးပေးနိုင်တာပါ..ဆေးရုံကလည်း ဆရာဝန်တွေ ရဲ့ ကုထုံးညွှန်ကြားချက်တွေကို အချိန်နဲ့တပြေးညီ အကောင်အထည် ဖော်ပေးနိုင်တဲ့ facility ရှိလို့နေမှာပါပဲ..
ကုတာမြန်တော့ လူနာနဲ့ လူနာရှင်တွေမှာလည်း စိတ်ထဲမတင်မကျ အီလည်လည်ဖြစ်နေတာမျိုးမရှိဘဲ Yes or No Do or Die တန်းသိရတော့လည်း တစ်မျိုးကောင်းပါတယ် ကောင်းတာဖြစ်ဖြစ်..ဆိုးတာဖြစ်ဖြစ်..အကြာကြီး မခံစားနေရတော့ဘူး..
အရေးကြီးတာဆိုရင်လည်း အရေးကြီးတာဆက်လုပ်ဖို့ အချိန်မနှောင့်နှေးတော့ဘူးပေါ့ ဆရာတွေဟာ ဒီလောက်ကြီးတဲ့ဆေးရုံကြီးမှာ ဌာနတွေအများကြီး သွားပြီး ရောဂါအမျိုးမျိုးကို ကုသမှုခံနေရတဲ့ လူနာတစ်ယောက်ထဲကို ပူးပေါင်းပြီးဆေးကုနိုင်ကြတာပါ ကျွန်မ ခင်ပွန်းဟာ ဒီတစ်ခါ နှလုံး လည်ပင်းအကျိတ်နဲ့ အစာအိမ်အူလမ်းကြောင်း ၃မျိုးကို ကုသစစ်ဆေးဖို့သွားခဲ့တာပါ သူ့ဆရာဝန်တွေ အချိတ်အဆက်မိနေတာ လုံးဝဟာကွက်မရှိပါဘူး
ဘာပဲလုပ်လုပ် နှလုံးဆရာဝန်ကြီးရဲ့ သဘောတူ ထောက်ခံ ချက်ကိုပဲအရယူပြီး.. သူ့နှလုံးအခြေအနေအရ ဒီကုထုံးနဲ့ ဖြစ်ပါ့မလား ဆိုတာမျိုးတွေကို တိုင်ပင်ချိတ်ဆက်ပြီး ကုသးပေးကြတာမျိုးပဲဖြစ်ပါတယ် ကိုယ့် ကိစွပဲကိုယ်ကြည့်ပြီး လူနာကို မျက်နှာလွှဲခဲပစ်မလုပ်တတ်ကြတာ သူတို့ကို အားကိုးမိစေတဲ့ အချက်တစ်ခုဖြစ်ပါတယ် ပြီးတော့ အားသာချက်တစ်ခုက ဒီဆရာတွေရဲ့ clinic hour တွေကိုကြည့်ရင်း ဒီဆေးရုံတစ်ခုထဲမှာပဲ တစ်နေကုန် သို့မဟုတ် မနက်ပိုင်း ညနေပိုင်း ထိုင်နေကြတာကိုတွေ့ရပါတယ် ခွဲစိတ်စရာရှိလည်း ဒီသက်ဆိုင်ရာ ဌာနတွေမှာပဲ လုပ်လိုက်ကြပါတယ်
ဒီတော့ ပြောထားတဲ့အချိန်သာရောက်အောင်သွားပါ ဆရာခွဲခန်းအရေးတကြီးဝင်ရတဲ့ ကိစွ မျိုးတွေသာမရှိခဲ့ရင် စောင့်ရလှ၁၅ မိနစ်ပါပဲ.. ကျွန်မတို့ တွေ့ရတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဆရာဝန်ကို ဆရာ မှန်ပြောင်းကြည့်နေတဲ့လူနာကြောင့် ၁နာရီလောက်စောင့်ရတော့ ဆရာ့ နပ်စ်မလေးဟာ ပြာနေပါတယ် Customer care ဆိုတာ complaint လာမှလုပ်တယ်ဆို အလကား ပါပဲ အရာမထင်ပါဘူး.. ကျွန်မတို့ကို စားသောက်ဆိုင်တွေသွားစားပါဆိုပြီး ဆေးရုံက ကူပွန်လေးတွေ ထုတ်ပေးပါတယ်..ကော်ဖီ ဖျော်ပေးရမလား မေးပါတယ်.. သူနာပြုတွေဟာ တွေ့တာနဲ့ လက်အုပ်ကလေးချီပြီး နှုတ်ဆက်တတ်ကြပါတယ် ဒီက သူနာပြုတချို့ အဖေအရွယ် အမေအရွယ်တွေကိုတောင်မှ သံပြတ်နဲ့ ပြောဆိုနေတာ.. ဆောင့်အောင့်နေတာ ..တွေ့ရတာ ဝမ်းနည်းစရာပါပဲ
သူတို့လည်း..ဟိုဆေးရုံ ဒီဆေးရုံသာ ပြေးပြီး လူနာကြည့်နေရမယ်ဆိုရင် Traffic ကြောင့် နောက်ကျတာမျိုးတွေဖြစ်နိုင်တာပါပဲလေ ဒီအတွက် ဆေးရုံက ဒီဆရာတွေကို လခနှုန်းထားတစ်ခုပေးပြီး ခန့်ထားတယ်လို့ထင်ပါတယ် လူနာဆီကလည်း စမ်းသပ်ခရကြပါတယ် နောက်တစ်ခုက သူတို့ဆီမှာ recovery rate အရမ်းကောင်းပါတယ် ကျောက်ကပ်ဆေးတဲ့ လူနာဟာ ဆေးပြီးရင် အမောမဆို့ပါဘူး ချက်ချင်း ထောင်လာပါတယ် မြန်မာပြည်မှာ ကျောက်ကပ်တစ်ခါဆေးပြီးတိုင်း ၂ရက်လောက် မောပန်းနှုန်းချိနေတယ်လို့ကြားဖူးပါတယ် ဒူးခွဲတယ်. .. ရေခဲ အုံပြီးပြန်လွှတ်ပေးလိုက်တယ် မှန်ပြောင်းကြည့်တယ်.. ပြီးတာနဲ့ အစာစား..ပြန်..တစ်ခုခုဖြစ်ရင် Ambulance ခေါ်လိုက်..
လူနာကို မလိုဘဲ လုံးဝ ဆေးရုံမတက်ခိုင်းပါဘူး လိုရင်လည်း လိုသလိုလုပ်ပါတယ် မလိုရင်လည်းမလုပ်ပါဘူး ဆေးကုသမှု စရိတ်ကိုပြောမယ်ဆိုရင် မြန်မာပြည်က နာမည်ကြီးနေရာတွေမှာ ပြသလောက်ပဲ ကုန်တာပါ နေစရိတ် စားစရိတ် သွားစရိတ်လေးတော့ရှိမယ်ပေါ့လေ…ဒါပေမဲ့..မြန်မြန်သိရတယ်ကုရတယ်..စစ်တာဆေးတာတွေ မှန်တယ် မြန်တယ်Communication ကောင်းတယ်ဆိုတော့.. မထူးပါဘူး..ဘန်ကောက် သာသွားလိုက်ပါတော့မယ်လို့ လူတွေစိတ်မှာဖြစ်လာတယ်ထင်ပါရဲ့..
ဆရာဝန်တွေဟာ..လူနာအတွက် လိုအပ်သမျှ ဥပမာ ကျန်းမာရေး အာမခံ နဲ့ပတ်သက်တဲ့ စာရွက်စာတမ်း တွေကို သေသေချာချာ ဖြည့်ပေးကြပါတယ်နောက်တစ်ခုကတော့ အရမ်းသဘောကောင်းကြတာပါပဲ ဆရာဝန်တွေဟာ လူနာကို ပြုံးပြုံးချိုချို ဆက်ဆံပေးကြပါတယ် အချိန်ပေးကြပါတယ် နားလည်အောင် ရှင်းပြကြပါတယ် နင် စိတ်မပူနဲ့နော် နင် ညအိပ်ပျော်အောင်အိပ် စိတ်ပူရမှာက ငါနော်.. ငါကနင့်ကိုကုရမှာ.. ဟုတ်ပြီလား.. ငါ ဘယ်လောက်ပင်ပန်းခဲ့ ပင်ပန်းခဲ့..နင်ကောင်းနေတော့ငါပျော်သွားပြီ နင် ငါ့ဆီလာလည်နော် သိချင်တာရှိရင် အီးမေးလေးပို့လိုက်နော်.. လူဆိုတာသေမျိုးပဲနော်.. နင်အရင်မသေဘဲ ..ငါအရင်သေချင်သေနေမှာလေ.. ဒါပေမဲ့..ငါ့လူနာတွေအကုန်လုံး ၉၉နှစ်တို့..၉၂နှစ်တို့..အသက်ရှည်ကြတယ်..နင်ကတော့ ၁၀၀ထိရှည်အောင်လုပ်ရမယ်နော်…အဲလို စကားလေးတွေကို ချစ်ချစ်ခင်ခင်တရင်းတနှီးပြောတတ်ပါတယ်
လူနာတွေ လူနာရှင်တွေဆိုတာ အခြေအနေအရပ်ရပ်အရ စိတ်ဖိစီးမှု တွေရှိနေကြတဲ့သူတွေဖြစ်ပါတယ် ကိုယ့်ကိုကြည့်ပေးတဲ့ ဆရာက ဒီလိုကြင်ကြင်နာနာ ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံတဲ့အခါကြည်နူးရတာအမှန်ပါပဲ..ဒီလိုရေးတော့ ဆရာဝန်မိတ်ဆွေတွေကိုတော့ အားနာမိပါတယ်..ကျွန်မကိုယ်တိုင် ဆရာဝန်မိသားစုထဲက လူပါပဲ..ဒါပေမဲ့ သူတို့တွေကပဲ ကျွန်မကို ဘာဖြစ်ဖြစ် ဘန်ကောက်သာသွားလိုက်ပါလို့ပြောလာကြတော့ ကျွန်မလည်းတွေဝေလာတာအမှန်ပါပဲမြန်မာပြည်က ဝိတိုရိယဆေးရုံမှာ အရင်အပတ်က ကျွန်မသွေးရောဂါကို တိုင်ပင်ဖို့ ဆရာဝန်မကြီးတစ်ယောက်ဆီ appointment ယူပါတယ် နေ့လည်၂နာရီချိန်းတာ ၄နာရီထိုးတဲ့အထိရောက်မလာပါဘူး
သူ့ဘာသူဘာကြီးပဲဖြစ်နေပါစေ..ဒီလို ..လူနာကို ငါလာချင်တဲ့အချိန်လာမယ် စောင့်နိုင်ရင်ပြဆိုတဲ့ ဆရာဝန်မျိုးကို ဘယ်လိုမှမလေးစားနိုင်တော့တဲ့အတွက် complaint letter ရေးပြီးထပြန်လာခဲ့ပါတယ်ဘန်ရွမ်ဂရက်မှာ ကြုံတုန်းပြလိုက်ပါတော့မယ်လေ ဆိုပြီး ပြနေတုန်း ဝိတိုရိယ customer care က ဖုံးလာပါတယ်တောင်းပန်ပါတယ်ပေါ့ ကျွန်မက စိတ်ဆိုးနေတဲ့သူမဟုတ်ပါဘူး စနစ်ကြီးတစ်ခုလုံး ဒီလိုဖြစ်နေတာမို့လို့ ကျွန်မလည်း ဘာမှမလုပ်တတ်ပါဘူး မြင်မိလိုက်တာကတော့ မြန်မာပြည်က မြန်မာဆေးရုံတစ်ခုမှာ သုံးလိုက်ရမဲ့ မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ ပိုက်ဆံတွေဟာ ဘန်ကောက်က ဘန်ရွမ်ဂလပ်ကို ရောက်သွားတာကိုပါပဲ..ကျွန်မ ဆရာဝန်နဲ့ ၂ရက်တွေ့ သွေး ၃မျိုးစစ်ခဲ့ရပြီး ၃လစာ သောက်ဆေးရ စုစုပေါင်း မြန်မာငွေ ၂သိန်းကျော်ပဲကျခဲ့ပါတယ်..
ဒီ၂သိန်းဖိုးလောက်ကိုတောင် မြန်မာပြည်ရဲ့ ပြည်သူ့ကျန်းမာရေး system ကြီးက ထိုင်းနဲ့ပြိုင်ပြီး လူနာတစ်ယောက်ရဲ့ အိပ်ထဲက လျောှလျှော ရှူရှူလေးထွက်ကျလာအောင် မလုပ်နိုင်ဘူးဆိုတာအရမ်းနှမျောစရာကောင်းတဲ့အချက်ဖြစ်ပါတယ်သူတို့တွေက ကျွန်မတို့ အိတ်ထဲက ပိုက်ဆံတွေကို ဆဝါဒီခပ် ဆိုပြီး လက်အုပ်လေးချီ ပြုံးပြုံးလေးယူသွားကြပါတယ်
Credit-မွန်ဟော်စီ ၅ သြဂုတ် ၂၀၁၈ via Dr Tay Za Kyaw

