ေျခက်ိဳးေနတဲ့အေဖကို ျပဳစုဖို႔ ဆရာ၀န္ဘြဲ႔ ရေအာင္ယူျပီး၊ ဆရာ၀န္မလုပ္တဲ့ သားလိမၼာ
ေျခက်ိဳးေနတဲ့အေဖကို ျပဳစုဖို႔ ဆရာ၀န္ဘြဲ႔ ရေအာင္ယူျပီး၊ ဆရာ၀န္မလုပ္တဲ့ သားလိမၼာ
အိုင္ယာလန္ႏုိင္ငံံ၊ ဒတ္ပလင္လိုေနရာမ်ိဳး တကၠသိုလ္ကေန ဆရာ၀န္ဘြဲ႔ ရေအာင္ယူျပီး၊ ေတာ္လြန္းလို႔ ကမ္းလွမ္းခ်က္ေတြ အမ်ားၾကီးနဲ႔ အလုပ္ေတြက ေခၚခဲ့ေပမဲ့အေဖ့ကို ျပဳစုဖို႔ ေဆးေက်ာင္း တက္ခဲ့တာဆိုတဲ့ Faiq Syukri ဆိုတဲ့ အမ်ိဳးသားရဲ႕အေၾကာင္းကို Harian Metro သတင္းစာကေန အက်ယ္တ၀င့္ ေဖာ္ျပခဲ့ပါတယ္။လြန္ခဲ့တဲ့ ငါးႏွစ္ ေဆးေက်ာင္းသား ဘ၀ကို ေလွ်ာက္လွမ္းဖို႔ ျပင္ဆင္ေနတုန္းမွာ Faiq Syukri ရဲ႕ အေဖျဖစ္သူဟာ မေမွ်ာ္လင့္ဘဲ မေတာ္တဆျဖစ္ရပ္ တစ္ခုေၾကာင့္ ေျခေထာက္က်ိဳးသြားခဲ့ပါတယ္။
မသြားႏုိင္မလာႏိုင္နဲ႔ အလုပ္လုပ္ဖို႔လည္း အဆင္မေျပ၊ အရာရာကို လူတစ္ေယာက္ကူမွရတဲ့ ဘ၀ကိုအေဖျဖစ္သူက ေရာက္သြားခဲ့တာပါ။အေမနဲ႔ သားႏွစ္ေယာက္တည္း က်န္ေတာ့တဲ့အေျခအေနမွာ အိမ္ကိစၥလည္း တာ၀န္ယူရ၊ အေဖ့ကိုလည္း ျပဳစုေနရတဲ့အျဖစ္ကို ကာကြယ္ကို Faiq Syukri တစ္ေယာက္ေဆးေက်ာင္းမွာထူးထူးခၽြန္ခၽြန္ ျပီးေအာင္တက္ခဲ့ျပီး ဆရာ၀န္ဘြဲ႔ရခ်ိန္မွာ အိမ္မွာပဲေနပါေတာ့တယ္။ တကယ့္ေဆးရံုၾကီးေတြက လာကမ္းလွမ္းခ်ိန္မွာေတာင္ အကုန္ျငင္းပယ္ခဲ့ျပီး၊
အေဖ့အတြက္ အခ်ိန္ပိုေပးလို႔ရမယ့္ ဘ႑ာေရးအၾကံေပး အလုပ္ကိုပဲ ေရြးခ်ယ္ခဲ့ျပီး၊ သင္ထားတဲ့ပညာေတြနဲ႔ အေဖျဖစ္သူကို အစြမ္းကုန္ က်န္းမာေအာင္ထားပါေတာ့တယ္၊ပညာအရည္အခ်င္း ျမင့္တဲ့အတြက္ ပုိက္ဆံလည္းတစ္ဖက္ကရ၊ ဆရာ၀န္ပညာနဲ႔ ကိုယ္တိုင္အေဖကို ျပဳစုရင္း အေမ့ကို ကူေနတဲ့ Faiq Syukri ဟာ သူ႕ရဲ႕ဆံုးျဖတ္ခ်က္နဲ႔ ပတ္သက္ျပီး
ဘယ္ေတာ့မွ ေနာင္တမရသလို အေဖ့ကို ျပန္ေက်းဇူးဆပ္ခြင့္ ရတဲ့အတြက္ကိုပဲ သူေက်နပ္ေနမိတယ္လို႔ ဆိုပါတယ္။ လက္ရွိအလုပ္ဟာ ဧည္႔သည္နဲ႔ ေတြ႔ခ်ိန္တစ္ခုပဲအခ်ိန္ေပးရတာျဖစ္သလို သူ႔အတြက္လည္း အဆင္ေျပတဲ့အတြက္ ဆရာ၀န္ဘ၀ကို စြန္႔လႊတ္ခဲ့ရလည္း ကိစၥမရွိဘူးလို႔ ဆိုခဲ့ပါတယ္။
Faiq Syukri လိုသားမ်ိုးကေတာ့ တကယ့္ရွားမွရွားျဖစ္ျပီး၊ လက္ရွိမွာ သူ႔အေၾကာင္းကို မီဒီယာေတြက စိတ္၀င္တစားနဲ႔ ၀ိုင္း၀န္းေဖာ္ျပ ေနၾကပါတယ္။ ဆရာ၀န္ဘြဲ႔ကို အေဖကိုျပဳစုဖို႔ ယူခဲ့တဲ့ သူမလို႔ပါ။သူေရး (APPANPYAY);Credit-(APPANPYAY)
Unicode
ခြေကျိုးနေတဲ့အဖေကို ပြုစုဖို့ ဆရာဝန်ဘွဲ့ ရအောင်ယူပြီး၊ ဆရာဝန်မလုပ်တဲ့ သားလိမ္မာအိုင်ယာလန်နိုင်ငံံ၊ ဒတ်ပလင်လိုနေရာမျိုး တက္ကသိုလ်ကနေ ဆရာဝန်ဘွဲ့ ရအောင်ယူပြီး၊ တော်လွန်းလို့ ကမ်းလှမ်းချက်တွေ အများကြီးနဲ့ အလုပ်တွေက ခေါ်ခဲ့ပေမဲ့
အဖေ့ကို ပြုစုဖို့ ဆေးကျောင်း တက်ခဲ့တာဆိုတဲ့ Faiq Syukri ဆိုတဲ့ အမျိုးသားရဲ့အကြောင်းကို Harian Metro သတင်းစာကနေ အကျယ်တဝင့် ဖော်ပြခဲ့ပါတယ်။လွန်ခဲ့တဲ့ ငါးနှစ် ဆေးကျောင်းသား ဘဝကို လျှောက်လှမ်းဖို့ ပြင်ဆင်နေတုန်းမှာ Faiq Syukri ရဲ့ အဖေဖြစ်သူဟာ မမျှော်လင့်ဘဲ မတော်တဆဖြစ်ရပ် တစ်ခုကြောင့် ခြေထောက်ကျိုးသွားခဲ့ပါတယ်။
မသွားနိုင်မလာနိုင်နဲ့ အလုပ်လုပ်ဖို့လည်း အဆင်မပြေ၊ အရာရာကို လူတစ်ယောက်ကူမှရတဲ့ ဘဝကိုအဖေဖြစ်သူက ရောက်သွားခဲ့တာပါ။အမေနဲ့ သားနှစ်ယောက်တည်း ကျန်တော့တဲ့အခြေအနေမှာ အိမ်ကိစ္စလည်း တာဝန်ယူရ၊ အဖေ့ကိုလည်း ပြုစုနေရတဲ့အဖြစ်ကို ကာကွယ်ကို Faiq Syukri တစ်ယောက်ဆေးကျောင်းမှာ
ထူးထူးချွန်ချွန် ပြီးအောင်တက်ခဲ့ပြီး ဆရာဝန်ဘွဲ့ရချိန်မှာ အိမ်မှာပဲနေပါတော့တယ်။ တကယ့်ဆေးရုံကြီးတွေက လာကမ်းလှမ်းချိန်မှာတောင် အကုန်ငြင်းပယ်ခဲ့ပြီး၊အဖေ့အတွက် အချိန်ပိုပေးလို့ရမယ့် ဘဏ္ဍာရေးအကြံပေး အလုပ်ကိုပဲ ရွေးချယ်ခဲ့ပြီး၊ သင်ထားတဲ့ပညာတွေနဲ့ အဖေဖြစ်သူကို အစွမ်းကုန် ကျန်းမာအောင်ထားပါတော့တယ်၊
ပညာအရည်အချင်း မြင့်တဲ့အတွက် ပိုက်ဆံလည်းတစ်ဖက်ကရ၊ ဆရာဝန်ပညာနဲ့ ကိုယ်တိုင်အဖေကို ပြုစုရင်း အမေ့ကို ကူနေတဲ့ Faiq Syukri ဟာ သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးဘယ်တော့မှ နောင်တမရသလို အဖေ့ကို ပြန်ကျေးဇူးဆပ်ခွင့် ရတဲ့အတွက်ကိုပဲ သူကျေနပ်နေမိတယ်လို့ ဆိုပါတယ်။ လက်ရှိအလုပ်ဟာ ဧည့်သည်နဲ့ တွေ့ချိန်တစ်ခုပဲအချိန်ပေးရတာဖြစ်သလို သူ့အတွက်လည်း အဆင်ပြေတဲ့အတွက် ဆရာဝန်ဘဝကို စွန့်လွှတ်ခဲ့ရလည်း ကိစ္စမရှိဘူးလို့ ဆိုခဲ့ပါတယ်။Faiq Syukri လိုသားမျိုးကတော့ တကယ့်ရှားမှရှားဖြစ်ပြီး၊ လက်ရှိမှာ သူ့အကြောင်းကို မီဒီယာတွေက စိတ်ဝင်တစားနဲ့ ၀ိုင်းဝန်းဖော်ပြ နေကြပါတယ်။ ဆရာဝန်ဘွဲ့ကို အဖေကိုပြုစုဖို့ ယူခဲ့တဲ့ သူမလို့ပါ။သူရေး (APPANPYAY);Credit-APPANPYAY)


