Latest Posts

႐ုံးတက္႐ုံးဆင္းအခ်ိန္ကုန္မခံခ်င္ရင္ ဒီျပစ္မႈကုိမက်ဴးလြန္နဲ႔ေလလို႔ ေျပာလိုက္တဲ့ သင္းသင္း


ကာမလိမ္လည္မႈနဲ႔ သ႐ုပ္ေဆာင္ေဝဠဳေက်ာ္ကို တရားစြဲဆိုထားတဲ့အမႈမွာ အခ်ိန္ကာလတခုအထိ ၾကာျမင့္လာၿပီျဖစ္ၿပီး အခ်ိန္အကုန္မခံခ်င္ရင္ေတာ့ ျပစ္မႈမက်ဴးလြန္နဲ႔လို႔ သင္းသင္းက ေျပာပါတယ္။

“႐ုံးတက္႐ုံးဆင္း အခ်ိန္ကုန္တယ္ဆိုတာကေတာ့ အခ်ိန္ကုန္မခံခ်င္ရင္ ဒီျပစ္မႈကိုမက်ဴးလြန္နဲ႔ေလ။ က်မကေတာ့ အဲ့အတိုင္းပဲေျပာမွာပဲ။ ဘယ္သူကေရာ တက္ခ်င္မွာလဲ။ သူတို႔ေယာက္်ားေလးဘက္ကေတာင္ ဒီလိုေျပာရင္ က်မ မိန္းကေလးဘက္က ပိုဆိုးတာေပါ့” လို႔ သင္းသင္းက ေျပာပါတယ္။ယေန႔႐ုံးခ်ိန္းမွာေတာ့ ပထမတျဖတ္ တရား႐ုံးကိုတင္သြင္းထားတဲ့ သက္ေသမ်ားကို ၾကားနာခဲ့ၿပီးျဖစ္ၿပီး တဖက္ေရွ႕ကေတာ့ ကန႔္ကြက္မႈရွိတဲ့အတြက္ ေနာက္တပတ္မွာေတာ့ ေလွ်ာက္လႊဲခ်က္တင္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

“ဒီေန႔အေျခအေနကေတာ့ ပထမ တျဖတ္တင္ထားတဲ့ သက္ေသေတြကို နားေထာင္လို႔ၿပီးသြားပါၿပီ။ ဟိုဘက္ကေရွ႕ေနက က်မနဲ႔ေဝဠဳေက်ာ္ေျပာထားတဲ့အသံေတြကို သမီးရည္းစာပါဆိုမွ ခ်စ္သံႀကိဳက္သံမၾကားလို႔ ဘာသံၾကားခ်င္ေနလဲမသိဘူး။ အလာပသလာပ ဆိုၿပီးေတာ့ ႐ုံးကို ကန႔္ကြက္ထားတယ္။ က်မတို႔ဘက္ကလည္း ေနာက္တပတ္မွာ ေလွ်ာက္လႊဲခ်က္စာတင္မွာပါ” လို႔ သင္းသင္းကေျပာပါတယ္။

သက္ေသအျဖစ္တင္သြင္းထားတဲ့ အသံဖိုင္ ၂၀၀ေက်ာ္အနက္ ဆက္လက္စစ္ေဆးရန္အတြက္ က်န္ရွိေနေသးၿပီး ထပ္မံၿပီးေတာ့လည္း သက္ေသခံမ်ားတင္သြင္းသြားဖို႔ရွိတယ္လို႔ သိရပါတယ္။“အသံဖိုင္ ၂၀၀ေက်ာ္ကိုကေတာ့ သူနဲ႔က်မနဲ႔ ပတ္သက္တဲ့ပုံစံမ်ိဳးကိုပဲ တင္တာပါပဲ။ အသံဖိုင္ကေတာ့ က်န္ပါေသးတယ္။ တင္ဖို႔အတြက္ကလည္း က်န္ပါေသးတယ္” လို႔ သင္းသင္းက ေျပာပါတယ္။ေဝဠဳေက်ာ္ကေတာ့ တရား႐ုံးက အထြက္မွာ မီဒီယာမ်ားကို “အမႈအေျခအေနကေတာ့ တရား႐ုံးကဆုံးျဖတ္မွာပါ။ အခုကေတာ့ ႐ုံးတက္႐ုံးဆင္းလာေနရတာပါပဲ။ ဒါပါပဲ” လို႔ ေျပာသြားခဲ့ပါတယ္။ေဝဠဳေက်ာ္ကေတာ့ ၿပီးခဲ့တဲ့လပိုင္းက တရား႐ုံးကင္းလြတ္ခြင့္ေလွ်ာက္ထားခဲ့ေပမယ့္ တရား႐ုံးက ကန႔္ကြက္ခဲ့တဲ့အတြက္ ႐ုံးခ်ိန္းမ်ားကို ဆက္လက္လာေရာက္ကာ စစ္ေဆးခံေနရဆဲျဖစ္ပါတယ္။ဇန္နဝါရီလ ၈ ရက္ေန႔က တရားလိုျဖစ္သူ သင္းသင္းက စတင္ တရားစြဲဆိုခဲ့ၿပီး ဇန္နဝါရီလ ၂၂ ရက္ေန႔မွာေတာ့ ေဝဠဳေက်ာ္မွ တရား႐ုံးသို႔ လာေရာက္၍ အာမခံ ေလွ်ာက္ထားခဲ့ၿပီး အမႈဆက္လက္စစ္ေဆးဆဲျဖစ္ပါတယ္Credit-original

Unicode

ကာမလိမ်လည်မှုနဲ့ သရုပ်ဆောင်ဝေဠုကျော်ကို တရားစွဲဆိုထားတဲ့အမှုမှာ အချိန်ကာလတခုအထိ ကြာမြင့်လာပြီဖြစ်ပြီး အချိန်အကုန်မခံချင်ရင်တော့ ပြစ်မှုမကျူးလွန်နဲ့လို့ သင်းသင်းက ပြောပါတယ်။

“ရုံးတက်ရုံးဆင်း အချိန်ကုန်တယ်ဆိုတာကတော့ အချိန်ကုန်မခံချင်ရင် ဒီပြစ်မှုကိုမကျူးလွန်နဲ့လေ။ ကျမကတော့ အဲ့အတိုင်းပဲပြောမှာပဲ။ ဘယ်သူကရော တက်ချင်မှာလဲ။ သူတို့ယောက်ျားလေးဘက်ကတောင် ဒီလိုပြောရင် ကျမ မိန်းကလေးဘက်က ပိုဆိုးတာပေါ့” လို့ သင်းသင်းက ပြောပါတယ်။

ယနေ့ရုံးချိန်းမှာတော့ ပထမတဖြတ် တရားရုံးကိုတင်သွင်းထားတဲ့ သက်သေများကို ကြားနာခဲ့ပြီးဖြစ်ပြီး တဖက်ရှေ့ကတော့ ကန့်ကွက်မှုရှိတဲ့အတွက် နောက်တပတ်မှာတော့ လျှောက်လွှဲချက်တင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ဒီနေ့အခြေအနေကတော့ ပထမ တဖြတ်တင်ထားတဲ့ သက်သေတွေကို နားထောင်လို့ပြီးသွားပါပြီ။ ဟိုဘက်ကရှေ့နေက ကျမနဲ့ဝေဠုကျော်ပြောထားတဲ့အသံတွေကို သမီးရည်းစာပါဆိုမှ ချစ်သံကြိုက်သံမကြားလို့ ဘာသံကြားချင်နေလဲမသိဘူး။ အလာပသလာပ ဆိုပြီးတော့ ရုံးကို ကန့်ကွက်ထားတယ်။ ကျမတို့ဘက်ကလည်း နောက်တပတ်မှာ လျှောက်လွှဲချက်စာတင်မှာပါ” လို့ သင်းသင်းကပြောပါတယ်။

သက်သေအဖြစ်တင်သွင်းထားတဲ့ အသံဖိုင် ၂၀၀ကျော်အနက် ဆက်လက်စစ်ဆေးရန်အတွက် ကျန်ရှိနေသေးပြီး ထပ်မံပြီးတော့လည်း သက်သေခံများတင်သွင်းသွားဖို့ရှိတယ်လို့ သိရပါတယ်။“အသံဖိုင် ၂၀၀ကျော်ကိုကတော့ သူနဲ့ကျမနဲ့ ပတ်သက်တဲ့ပုံစံမျိုးကိုပဲ တင်တာပါပဲ။ အသံဖိုင်ကတော့ ကျန်ပါသေးတယ်။ တင်ဖို့အတွက်ကလည်း ကျန်ပါသေးတယ်” လို့ သင်းသင်းက ပြောပါတယ်။ဝေဠုကျော်ကတော့ တရားရုံးက အထွက်မှာ မီဒီယာများကို “အမှုအခြေအနေကတော့ တရားရုံးကဆုံးဖြတ်မှာပါ။ အခုကတော့ ရုံးတက်ရုံးဆင်းလာနေရတာပါပဲ။ ဒါပါပဲ” လို့ ပြောသွားခဲ့ပါတယ်။ဝေဠုကျော်ကတော့ ပြီးခဲ့တဲ့လပိုင်းက တရားရုံးကင်းလွတ်ခွင့်လျှောက်ထားခဲ့ပေမယ့် တရားရုံးက ကန့်ကွက်ခဲ့တဲ့အတွက် ရုံးချိန်းများကို ဆက်လက်လာရောက်ကာ စစ်ဆေးခံနေရဆဲဖြစ်ပါတယ်။ဇန်နဝါရီလ ၈ ရက်နေ့က တရားလိုဖြစ်သူ သင်းသင်းက စတင် တရားစွဲဆိုခဲ့ပြီး ဇန်နဝါရီလ ၂၂ ရက်နေ့မှာတော့ ဝေဠုကျော်မှ တရားရုံးသို့ လာရောက်၍ အာမခံ လျှောက်ထားခဲ့ပြီး အမှုဆက်လက်စစ်ဆေးဆဲဖြစ်ပါတယ်Credit-original