အနုပညာအလုပ်လုပ်လို့ ဆရာဝန်မလုပ်လိုက်ရတာ နောင်တမရဘူးဆိုတဲ့ နန်းမြတ်ဖြိုးသင်း
ချစ်စရာကောင်းတဲ့ မျက်နှာထားလေးနဲ့ အချစ်သီချင်းလေးတွေ ဆိုတတ်တဲ့ နန်းမြတ်ဖြိုးသင်းကတော့ လက်ရှိအချိန်မှာ အိမ်ထောင်ကျပြီး သားလေးတယောက်ပါ ရနေပြီဖြစ်တာကြောင့် အနုပညာအလုပ်တွေကို အနားယူထားတာ ဖြစ်ပါတယ်။
ထို့နောက် နန်းမြတ်ဖြိုးသင်းကတော့ သူ့အနေနဲ့ အနုပညာလုပ်ခဲ့ရလို့ ဆရာဝန်အလုပ်ကို မလုပ်တော့တဲ့ အပေါ် နောင်တလုံးဝမရဘူးလို့ ပြောကြားသွား ခဲ့ပါတယ်။
နန်းမြတ်ဖြိုးသင်းကတော့ 8day နဲ့ အင်တာဗျူးတွင် သားလေးလည်း မွေးပြီပြီဆိုတော့ အနုပညာတွေ ပြန်လုပ်ဖို့ ရှိလားဆိုတဲ့ အပေါ်မှာတော့ “ရုပ်ရှင်တွေ ဘာတွေကတော့ ပြန်မရိုက်သေးဘူး။ ဘာလို့လဲဆိုတော့ စိတ်နှစ်ခွ မဖြစ်ချင်ဘူး။ အပြင်သွားရင်တောင် ကိုယ်က အပြစ်ရှိသလို ခံစားနေရတယ်။
သားပေါ်မှာလည်း စိတ်ကရှိတယ်။ ရိုက်ကူးရေးမှာဆိုလည်း ကိုယ်တာဝန်ယူထားတဲ့ အပိုင်းမှာ တာဝန်မကျေသလို ခံစားရမယ်။ အဲ့ကြောင့် ရိုက်ကူးရေးကတော့ နားထားပါတယ်။ သီချင်းလေးတွေတော့ ပြန်ဆိုဖြစ်နေပါပြီ။ သီချင်းတွေလည်း ဝယ်စုထားတာရှိတော့ အဲ့ဒါလေးတွေ ရှိတယ်။ ပြီးတော့ ကြော်ငြာလေးတွေ ရိုက်ဖြစ်တယ်”
ဆရာဝန်ကနေ အနုပညာတွေ လုပ်တယ်ဆိုတော့ နှမြောမိလားဆိုတဲ့ အပေါ်မှာတော့ “နှမြောစိတ်တော့ မဖြစ်မိပါဘူး။
ဒီအလုပ်သာ မလုပ်ဖြစ်ရင်လည်း မြန်မာပြည်မှာ ရှိမယ်လို့ မထင်မိပါဘူး။ အဒေါ်တွေဘာတွေကလည်း နိုင်ငံခြားမှာ ဆိုတော့ အားလုံးသွားဖို့လည်း ဆုံးဖြတ်ပြီးသွားတော့မှ ဒီအလုပ်ကြီးကို လုပ်ဖြစ်တာပေါ့။
နိုင်ငံခြားရောက်နေပြီးရင်လည်း ကိုယ့်ဘဝတိုးတက်မယ် ဒါတွေတော့ ရှိတယ်။ ဒါပေမယ့်လည်း အခုချိန်မှာ ကိုယ်က ဒီမှာရှိနေတဲ့အတွက်ကြောင့် ကိုယ့်မိဘနား နေခွင့်ရတယ်။
လိုအပ်တာတွေလည်း လုပ်ပေးဖြစ်တယ်။ အနုပညာအလုပ်လုပ်ခဲ့ရလို့ ဆရာဝန်မလုပ်ခဲ့ရလို့ဆိုတဲ့ နောင်တဆိုတာလည်း မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်ချင်တဲ့ အလုပ်ကို ယုံယုံကြည်ကြည် လုပ်ခဲ့တဲ့ အတွက် လိပ်ပြာလည်း သန့်ပြီးသားပါ”
ဆေးပြန်ကုဖို့ အစီအစဉ်ရှိလားဆိုတဲ့ အပေါ်မှာတော့ “စီးပွားရေးတော့ လုပ်ဖြစ်မှာပေါ့နော်။ ဆေးပြန်ကုဖို့ဘာညာကျတော့လည်း အရမ်းခက်ခဲသွားပြီ သားသားလည်းရှိလာတော့ ပြီးတော့ စာတွေလည်း ပြန်သင်ရဦးမှာပေါ့။
တော်တော်တော့ အလှမ်းဝေးသွားပါပြီ” ဆိုပြီးတော့ ပြောကြားသွား ခဲ့ပါတယ်။
Credit \\ original