Latest Posts

မင်းသမီး မေ သရုပ်ဆောင်တာကို ချီးကျူးခဲ့တဲ့ အောင်မြင့်မြတ်


ရုပ်ရှင်ဇာတ်ကား အနည်းငယ်သာ ရိုက်ထားပေမယ့်လည်း ယောကျာ်းပီသတဲ့ မျက်နှာပေါက်နဲ့ ပီပီပြင်ပြင်သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေ အခိုင်အမာ ရရှိထားတဲ့

မင်းသား အောင်မြင့်မြတ်ကတော့ ရုပ်ရှင်ကားတွေ ဆက်တိုက်ရိုက်နေတာကို တွေ့ရပါတယ်။ အောင်မြင့်မြတ်ကတော့ လက်ရှိမှာ ကတိ ဆိုတဲ့ ဇာတ်ကားကို မင်းသမီး မေ နဲ့ ရိုက်နေပြီး မေ ရဲ့ သရုပ်ဆောင်မှုတွေကို ချီးကျုးသွားခဲ့ပါတယ်။


ဗီလိန်ဇာတ်ရုပ်တွေ ရိုက်ဖြစ်တာနဲ့ ပတ်သက်ပြီး “အစကတော့ ဗီလိမ်ကာရိုက်တာတွေ မရိုက်ဖြစ်ဘူး။ ကျနော်က ကြမ်းကြမ်းတမ်းတမ်းဖက်တွေ သွားရတယ်။ အဲ့ဒါကြောင့်လည်း နေမှာပေါ့။ ခေါက်ရိုးကျိုးနေတဲ့ အရာတွေကို သိပ်မကြိုက်ဘူး”

မေနဲ့သရုပ်ဆောင် ရတဲ့အမှတ်တရတွေက” ရှေ့ကားဆို မေ နဲ့ဘဲနှစ်ယောက် အဓိကသရုပ်ဆောင်နဲ့ဘဲ သရုပ်ဆောင်ခဲ့တယ် ဆိုတော့ အဓိကဒီကားမှာ သူနဲ့မို့ပိုပြီး အဆင်ပြေသွားတာ ပါတယ်ပေါ့ အများကြီးပြောနေစရာ မလိုဘူးသူနဲ့က သူသရုပ်ဆောင်တာလဲ ကြိုက်တယ်

စကားအများကြီးမပြောရတဲ့ သရုပ်ဆောင် နဲ့ဆိုအဆင်ပြေတယ် ကျွန်တော်ကိုယ်တိုင်ကလဲ စကားအများကြီးပြောရတဲ့ ဇာတ်ဝင်ခန်းဆိုအားနည်းတယ် အပြင်မှာသာ အများကြီးပြောရင်ပြောတာ ဇာတ်ကားထဲရောက်ရင် အများကြီးမပြောချင်ဘူး အပြင်မှာလဲကျွန်တော်က စကားနဲတော့လေ အဲ့လိုဇာတ်လေးတွေဘဲ လုပ်ဖြစ်တယ် မေက အိုင်တင်တွေပိုင်တယ် အဓိကက တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်တဲ့အချိန်မှာ သူဘာလုပ်မလဲ ကိုယ်ဘာလုပ်မလဲသိနေတယ်


ကတိ ဇာတ်ကားကြောင့် စိုးရိမ်မှုတွေရှိခဲ့လား” စစချင်းကတော့မယုံဘူးပေါ့နော် သူကိုဟိုလိုကြီးမယုံတာ မဟုတ်ဘူးစိတ်ပူတာ ဒီရုပ်ရှင်ဆိုတာကြီးက အရမ်းခက်တယ်လေ

သူများတွေလွယ်လွယ်ကူကူ ရိုက်နေပေမဲ့ ကျွန်တော်တို့ရိုက်နေတဲ့ ရုပ်ရှင်ဆိုတာကြီးက အရမ်းခက်တယ်လေ ရုပ်ရှင်တစ်ခါဖြစ်လာဖို့ အချိန်အတိုင်းအတာတခု ပြင်ဆင်မှုရှိရမယ် ပြီးတော့ဖန်တီးသူတွေ ဒါရိုတ်တာတွေ ဇာတ်ညွှန်းတွေက ဒီအပေါ်မှာ ၁၀၀ရာခိုင်နှုန်း စိတ်ဝင်စားနိုင်ရမယ် ကိုယ်မယုံတဲ့ကာရိုတ်တာတစ်ခုကို ပရိတ်သတ်ကိုချပြရင် ပရိတ်သတ်ကလဲယုံမှာမဟုတ်ဘူး”


နောက်ထပ် သရုပ်ဆောင်မယ့်ကာရိုက်တာတွေနဲ့ ပတ်သက်ပြီး “အဓိကကလည်း ဗီလိန် မလုပ်ချင်ဘူးဆိုတဲ့ နောက်ကွယ်မှာ အကြောင်းအရာတွေ အများကြီး ရှိတယ်။

လူတယောက်က ဆိုးတယ်။ အကြောင်းပြချက်တွေ ရှိပါတယ်။ မသိဘူး ဆိုးမယ်ဆိုတဲ့ အပိုင်းတွေ မရှိပါဘူး။ ဇာတ်လမ်းကောင်းကောင်းလေး ရှိရင်တော့ လက်ခံမှာပါ။ နောက်နှစ်ထဲမှာတော့ စနေမောင်မောင် အတွက် သေချာပြင်ဆင်ပြီးတော့ ရိုက်ဖြစ်မှာပါ” ဆိုပြီးတော့ ပြောကြားသွား ခဲ့ပါတယ်။Credit-original