အရာအာလံုးထက္ ေ႐ွ႕ဆံုးမွာထားၿပီး ခ်စ္ေပးရင္ရၿပီ ဆိုတဲ့ ေနျခည္ဦး
ႏိုင္ငံေက်ာ္ Beauty Blogger မေလး ေနျခည္ဦးက အခုဆိုရင္ ေနရာအႏွ့ံအျပားက ခ်စ္ပရိသတ္မ်ားစြာကို ပိုင္ဆိုင္ထားေနသူေလး ျဖစ္ပါတယ္။ ေနျခည္ဦးက အခုဆိုရင္ ႐ုပ္႐ွင္ဇာတ္ကားႀကီးေတြမွာ သ႐ူပ္ေဆာင္ရတဲ့ မင္းသမီးတစ္လက္ ျဖစ္လို႔ေနၿပီပဲ ျဖစ္ပါတယ္။ ေနျခည္ဦးက လက္ရိွမွာလည္း အႏုပညာလုပ္ငန္းေတြအျပင္ အျခားေသာ လႈပ္႐ွားမႈေတြကိုလည္း ဆက္တိုက္ဆိုသလို လုပ္ကုိင္ေနတာျဖစ္ပါတယ္။
ပရိသတ္ေတြက ေနျခည္ဦးရဲ႕ အႏုပညာလုပ္ငန္းေတြအျပင္ သူမရဲ႕ အခ်စ္ေရးကိစၥကိုလည္း စိတ္ဝင္စားေနၾကတာ ျဖစ္ပါတယ္။ ေနျခည္ဦးနဲ႔ သူမရဲ႕ခ်စ္သူက လြန္ခဲ့တဲ့ ရက္သတၱပတ္ေက်ာ္က လမ္းခြဲခဲ့တာပဲ ျဖစ္ပါတယ္။
ေကာင္ေလးဘက္ကေတာ့ အရင္လို ျပန္ေနဖို႔ လူသိ႐ွင္ၾကားေတာင္းပန္ေနေပမယ့္လည္း ေနျခည္ဦးကေတာ့ အဆင္ေျပတယ္ မေျပဘူးဆိုတာထက္ အေကာင္းဆံုးကိုပဲ လုပ္ေဆာင္သြားမယ္လို႔ ေျပာခဲ့ပါတယ္။
ဒီေန႔မွာေတာ့ ေနျခည္ဦးက “သစၥာရွိပါ့မယ္ဆိုၿပီး ဘုရားမွာ က်ိန္ေပးစရာမလိုဘူး။ အရာအားလံုးထက္ ေရွ႕ဆံုးမွာထားၿပီး ခ်စ္ေပးေနရင္ရၿပီ။” ဆိုၿပီး သူမရဲ႕ ေဖ့စ့္ဘုတ္မွာ ေရသားထားခဲ့ပါတယ္။
ေနျခည္ဦးရဲ႕ ထိုစကားေၾကာင့္ ပရိသတ္ေတြက သူမတို႔ ခ်စ္သူႏွစ္ဦး အဆင္ေျပသြားၿပီလားဆိုတာကို စိတ္ဝင္စားေနၾကတာ ျဖစ္ပါတယ္။ ပရိသတ္ႀကီးေရာ ေနျခည္ဦးေျပာတာကို ဘယ္လိုသေဘာရပါသလဲ?Credit-Rowena;Source: Nay Chi Oo’s fb
Unicode
နိုင်ငံကျော် Beauty Blogger မလေး နေခြည်ဦးက အခုဆိုရင် နေရာအနှံ့အပြားက ချစ်ပရိသတ်များစွာကို ပိုင်ဆိုင်ထားနေသူလေး ဖြစ်ပါတယ်။ နေခြည်ဦးက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ သရူပ်ဆောင်ရတဲ့ မင်းသမီးတစ်လက် ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။ နေခြည်ဦးက လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေအပြင် အခြားသော လှုပ်ရှားမှုတွေကိုလည်း ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာဖြစ်ပါတယ်။
ပရိသတ်တွေက နေခြည်ဦးရဲ့ အနုပညာလုပ်ငန်းတွေအပြင် သူမရဲ့ အချစ်ရေးကိစ္စကိုလည်း စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ နေခြည်ဦးနဲ့ သူမရဲ့ချစ်သူက လွန်ခဲ့တဲ့ ရက်သတ္တပတ်ကျော်က လမ်းခွဲခဲ့တာပဲ ဖြစ်ပါတယ်။
ကောင်လေးဘက်ကတော့ အရင်လို ပြန်နေဖို့ လူသိရှင်ကြားတောင်းပန်နေပေမယ့်လည်း နေခြည်ဦးကတော့ အဆင်ပြေတယ် မပြေဘူးဆိုတာထက် အကောင်းဆုံးကိုပဲ လုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။
ဒီနေ့မှာတော့ နေခြည်ဦးက “သစ္စာရှိပါ့မယ်ဆိုပြီး ဘုရားမှာ ကျိန်ပေးစရာမလိုဘူး။ အရာအားလုံးထက် ရှေ့ဆုံးမှာထားပြီး ချစ်ပေးနေရင်ရပြီ။” ဆိုပြီး သူမရဲ့ ဖေ့စ့်ဘုတ်မှာ ရေသားထားခဲ့ပါတယ်။
နေခြည်ဦးရဲ့ ထိုစကားကြောင့် ပရိသတ်တွေက သူမတို့ ချစ်သူနှစ်ဦး အဆင်ပြေသွားပြီလားဆိုတာကို စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော နေခြည်ဦးပြောတာကို ဘယ်လိုသဘောရပါသလဲ?Credit-Rowena;Source: Nay Chi Oo’s fb




