Latest Posts

ေဒါင္းနဲ႔ တြဲ႐ိုက္ရမွာမို႔ ရင္ခုန္ေနတယ္ဆိုတဲ့ ေဖြးေဖြး


ေဖြးေဖြးကေတာ့ မၾကာခင္မွာ ႐ိုက္ကူးမယ့္ ႐ုပ္ရွင္ဇာတ္ကားႀကီးအတြက္ ကိုယ္လုံးလွလွေလး ျဖစ္ေအာင္ ဝိတ္ခ်ေနတယ္လို႔ ဆိုပါတယ္။ ဒါ႐ိုက္တာ ေအာင္ျမတ္႐ိုက္ကူးမယ့္ ဇာတ္ကားမွာလည္း ေဒါင္းနဲ႔အတူ တြဲ႐ိုက္ရမွာ ျဖစ္ပါတယ္။

ေဖြးေဖြးက ဒါ႐ိုက္တာ ေအာင္ျမတ္႐ိုက္ကူးၿပီး ေဒါင္းနဲ႔အတူ သ႐ုပ္ေဆာင္ရမယ့္ ဇာတ္ကားအတြက္ ရင္ခုန္လို႔ေနပါတယ္။ ေဖြးေဖြးနဲ႔ ေဒါင္းက အျပင္မွာလည္း ခင္ေပမယ့္လည္း ပထမဆုံးအေနနဲ႔ ဇာတ္ကားအတူတြဲ႐ိုက္ဖူးတာ ျဖစ္တယ္လို႔ သိရပါတယ္။

“ေဒါင္းနဲ႔က အျပင္မွာလည္း သိတယ္။ အျပင္မွာလည္း ေတြ႕ဖူးတယ္။ ဆာတိုရီကဆိုေတာ့ေလ ကိုရဲတိုက္နဲ႔ ခင္သလိုမ်ိဳး ေဒါင္းနဲ႔လည္း သိပါတယ္။ သူနဲ႔လည္း အတူတူ႐ိုက္ရမယ္ဆိုေတာ့ ရင္ေတာ့ခုန္ပါတယ္။ သူနဲ႔ပထမဆုံး ႐ိုက္မွာဆိုေတာ့ေလ” လို႔ ၾသဂုတ္လ(၁၀)ရက္ေန႔က ျပဳလုပ္တဲ့ Bella ပြဲမွာ မီဒီယာေတြကို ေျပာျပခဲ့တာ ျဖစ္ပါတယ္။

ေဒါင္းနဲ႔ ႐ိုက္မယ့္ ဇာတ္ကားဟာ အခ်စ္ဇာတ္ကားေလး ျဖစ္တာေၾကာင့္ ကိုယ္လုံးလွလွေလး ျဖစ္ေအာင္ ဝိတ္ခ်ေနတယ္လို႔ ဆိုပါတယ္။
“ဝိတ္ခ်ေနတယ္။ လိုခ်င္တဲ့ဝိတ္ကိုေတာ့ မေရာက္ေသးပါဘူး။ ေဖြးက အရင္တုန္းက ဝတာႀကိဳက္တယ္။ ဒီႏွစ္မွာ ေတာ့ ကိုယ္လုံးလွလွေလး ျဖစ္ခ်င္တယ္။ ႀကိဳးစားေနပါတယ္။ဇာတ္႐ုပ္အတြက္ပါ။ ကိုေအာင္ျမတ္နဲ႔ ႐ိုက္မယ့္ ဇာတ္ကား ၿပီးေတာ့ ေဒါင္းနဲ႔ လူငယ္အခ်စ္ဇာတ္ကားေလးဆိုေတာ့ ပိန္ပိန္ေလးမွ လွမွာဆိုေတာ့ေလ” လို႔ သူမက ဆက္လက္ေျပာျပထားပါတယ္။

ဒါ႐ိုက္တာ ေအာင္ျမတ္႐ိုက္ကူးမယ့္ Love Equation ဇာတ္ကားထဲမွာေတာ့ မိုးေဟကို၊ ေဖြးေဖြး၊ ေဒါင္း၊ ခါရာတို႔ပါဝင္မွာ ျဖစ္ပါတယ္။ဒီဇာတ္ကားထဲမွာေတာ့ ေဒါင္း၊ ခါရာ တို႔ဟာ အဆိုပါ မင္းသမီး ႏွစ္ေယာက္နဲ႔ ပထမဆုံး႐ိုက္ကူးမယ့္ ႐ုပ္ရွင္ဇာတ္ကားႀကီးပါ။ မိုးေဟကိုနဲ႔ ေဖြးေဖြးတို႔ကေတာ့ ‘’ပပဝတီ စီရင္ခန္း’’ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ အတူတူပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ဒိတ္ဒိတ္ႀကဲ ေအာင္ျမင္ေနတဲ့ မင္းသမီး ႏွစ္လက္ျဖစ္ပါတယ္။

ေဖြးေဖြးဟာ ဂီတကိုဝါသနာပါသူတစ္ဦးျဖစ္ေပမယ့္ လက္ရွိမွာေတာ့ ေအာင္ျမင္တဲ့သ႐ုပ္ေ ဆာင္တစ္ေယာ က္ျဖစ္ေနသူပါ။

သူမကိုေတာ့တီဗီေၾကာ္ျငာေတြေက နတဆင့္လူသိမ်ားခဲ့ၾကတာျဖစ္ပါတယ္။ သူမ်ားနဲ႔ မတူတဲ့ ဖက္ရွင္အျပင္အဆင္ေတြေၾကာင့္လည္း ပိုသတိ ထားမိေစခဲ့ပါတယ္။ေဖြေဖြးက ဗီဒီယိုဇာတ္ ကားေပါင္း တစ္ရာေက်ာ္ ႐ိုက္ကူးခဲ့သူတစ္ဦးျဖစ္ၿပီး မဂၢဇင္းကာဗာမ်ားစြာနဲ႔ ေၾကာ္ျငာမ်ားစြာကိုလည္း ႐ိုက္ကူးခဲ့သူ ျဖစ္ပါတယ္။

ေဖြးေဖြး(Phway Phway)ဟာ ၂၀၁၈ခုႏွစ္အတြက္ အမ်ိဳးသမီးဇာတ္ေဆာင္ဆုနဲ႔ ဆိုရင္ အကယ္ဒမီ (၃)ဆုကို ပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။ ပရိသတ္ရဲ႕ လက္ခံအားေပးမႈကို ရရွိထားသူ သူမဟာ ၂၀၁၂ခုႏွစ္တြင္ လက္ပံ ႐ုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ရရွိခဲ့သလို၂၀၁၅ ခုႏွစ္မွာေတာ့ ကြၽန္မက ႏွင္းဆီပါေမာင္ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ပိုင္ဆိုင္ထားႏိုင္ခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္အတြက္ အေကာင္းဆုံးအမ်ိဳးသမီး ဇာတ္ေဆာင္ဆုအျဖစ္ ေ႐ႊၾကာ႐ုပ္ရွင္ကားႀကီးနဲ႔ ထပ္မံရရွိခဲ့ပါတယ္။Credit -original

UNICODE

ဒေါင်းနဲ့ တွဲရိုက်ရမှာမို့ ရင်ခုန်နေတယ်ဆိုတဲ့ ဖွေးဖွေး
ဖွေးဖွေးကတော့ မကြာခင်မှာ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးအတွက် ကိုယ်လုံးလှလှလေး ဖြစ်အောင် ဝိတ်ချနေတယ်လို့ ဆိုပါတယ်။ ဒါရိုက်တာ အောင်မြတ်ရိုက်ကူးမယ့် ဇာတ်ကားမှာလည်း ဒေါင်းနဲ့အတူ တွဲရိုက်ရမှာ ဖြစ်ပါတယ်။

ဖွေးဖွေးက ဒါရိုက်တာ အောင်မြတ်ရိုက်ကူးပြီး ဒေါင်းနဲ့အတူ သရုပ်ဆောင်ရမယ့် ဇာတ်ကားအတွက် ရင်ခုန်လို့နေပါတယ်။ ဖွေးဖွေးနဲ့ ဒေါင်းက အပြင်မှာလည်း ခင်ပေမယ့်လည်း ပထမဆုံးအနေနဲ့ ဇာတ်ကားအတူတွဲရိုက်ဖူးတာ ဖြစ်တယ်လို့ သိရပါတယ်။

“ဒေါင်းနဲ့က အပြင်မှာလည်း သိတယ်။ အပြင်မှာလည်း တွေ့ဖူးတယ်။ ဆာတိုရီကဆိုတော့လေ ကိုရဲတိုက်နဲ့ ခင်သလိုမျိုး ဒေါင်းနဲ့လည်း သိပါတယ်။ သူနဲ့လည်း အတူတူရိုက်ရမယ်ဆိုတော့ ရင်တော့ခုန်ပါတယ်။ သူနဲ့ပထမဆုံး ရိုက်မှာဆိုတော့လေ” လို့ သြဂုတ်လ(၁၀)ရက်နေ့က ပြုလုပ်တဲ့ Bella ပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒေါင်းနဲ့ ရိုက်မယ့် ဇာတ်ကားဟာ အချစ်ဇာတ်ကားလေး ဖြစ်တာကြောင့် ကိုယ်လုံးလှလှလေး ဖြစ်အောင် ဝိတ်ချနေတယ်လို့ ဆိုပါတယ်။

“ဝိတ်ချနေတယ်။ လိုချင်တဲ့ဝိတ်ကိုတော့ မရောက်သေးပါဘူး။ ဖွေးက အရင်တုန်းက ဝတာကြိုက်တယ်။ ဒီနှစ်မှာ တော့ ကိုယ်လုံးလှလှလေး ဖြစ်ချင်တယ်။ ကြိုးစားနေပါတယ်။ဇာတ်ရုပ်အတွက်ပါ။ ကိုအောင်မြတ်နဲ့ ရိုက်မယ့် ဇာတ်ကား ပြီးတော့ ဒေါင်းနဲ့ လူငယ်အချစ်ဇာတ်ကားလေးဆိုတော့ ပိန်ပိန်လေးမှ လှမှာဆိုတော့လေ” လို့ သူမက ဆက်လက်ပြောပြထားပါတယ်။

ဒါရိုက်တာ အောင်မြတ်ရိုက်ကူးမယ့် Love Equation ဇာတ်ကားထဲမှာတော့ မိုးဟေကို၊ ဖွေးဖွေး၊ ဒေါင်း၊ ခါရာတို့ပါဝင်မှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာတော့ ဒေါင်း၊ ခါရာ တို့ဟာ အဆိုပါ မင်းသမီး နှစ်ယောက်နဲ့ ပထမဆုံးရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးပါ။ မိုးဟေကိုနဲ့ ဖွေးဖွေးတို့ကတော့ ‘’ပပဝတီ စီရင်ခန်း’’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတူပါဝင်သရုပ်ဆောင်ထားတဲ့ ဒိတ်ဒိတ်ကြဲ အောင်မြင်နေတဲ့ မင်းသမီး နှစ်လက်ဖြစ်ပါတယ်။

ဖွေးဖွေးဟာ ဂီတကိုဝါသနာပါသူတစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့သရုပ်ေ ဆာင်တစ်ယော က်ဖြစ်နေသူပါ။

သူမကိုတော့တီဗီကြော်ငြာတွေကေ နတဆင့်လူသိများခဲ့ကြတာဖြစ်ပါတယ်။ သူများနဲ့ မတူတဲ့ ဖက်ရှင်အပြင်အဆင်တွေကြောင့်လည်း ပိုသတိ ထားမိစေခဲ့ပါတယ်။ဖွေဖွေးက ဗီဒီယိုဇာတ် ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

ဖွေးဖွေး(Phway Phway)ဟာ ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။Credit -original