လိုက်ဖက်ညီတဲ့ သတို့သား၊ သတို့သမီးလေးအဖြစ် တွေ့မြင်ရတဲ့ စည်သူဝင်းနဲ့ ပိုးကြာဖြူခင်
MRTV 4 မင်းသားနဲ့ မင်းသမီးလေးဖြစ်တဲ့ စည်သူဝင်းနဲ့ ပိုးကြာဖြူခင်က “မိုးကောင်းကင်အိမ်မက်” ဆိုတဲ့ ဇာတ်လမ်းတွဲကနေတဆင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ လိုက်ဖက်ညီလွန်းတဲ့ စည်သူဝင်းနဲ့ ပိုးကြာဖြူခင်တို့က အတွဲညီညီနဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေသလို အခြားသော ဇာတ်လမ်းတွဲတွေကို ရိုက်ကူးနေလျက်ရှိတာကို တွေ့ရပါတယ်။
စည်သူဝင်းနဲ့ ပိုးကြာဖြူခင်က လက်ရှိမှာတော့ Aroma မင်္ဂလာဝတ်စုံဆိုင်အတွက် ကြော်ငြာဓာတ်ပုံတွေကို ရိုက်ကူးပေးနေလျက်ရှိတာကို တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ပိုးကြာဖြူခင်နဲ့ စည်သးဝင်းတို့ရဲ့ ပုံရိပ်လေးကို မျှဝေပေးလိုက်ပါတယ်နော်။
စည်သူဝင်းနဲ့ ပိုးကြာဖြူခင်ကို “မိုးကောင်းကင်အိမ်မက်” ဇာတ်လမ်းတွဲမှာကတည်းက ရဲသွေးနဲ့ဆိုင်းမိုင်အဖြစ် ပရိသတ်တွေရဲ့ အားပေးခြင်းကို တစ်ခဲနက်ခံထားရတာဖြစ်ပြီး အခုချိမ်ထိလည်း ပရိသတ်တွေရဲ့ ချစ်ခင်မှုကို တိုးပြီး ရရှိထားတာ ဖြစ်ပါတယ်။
ဘယ်လိုတွေတောင် လိုက်ဖက်နေတာလဲကွယ်..
ပိုးကြာဖြူခင်နဲ့ စည်သူဝင်းတို့ကတော့ ကျက်သရေရှိတဲ့ မြန်မာသတို့သား သတို့သမီးဝတ်စုံလေးတွေနဲ့ ကိုယ်စီချောမော လှပနေကြတာ ပရိသတ်ကြီး အတွေ့ပါပဲနော်။ ပရိသတ်ကြီးလည်း ပိုးကြာဖြူခင်နဲ့ စည်သူဝင်းတို့ရဲ့ ပုံလေးတွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲနော်။
Credit \\ original




