နူးညံ့တဲ့ တိမ်စိုင်လေးတွေနဲ့အပြိုင် ကျက်သရေရှိရှိ လှနေတဲ့ ပိုးမမှီသာ
ချစ်စရာကောင်းတဲ့ အပြုံးပိုင်ရှင်လေး ပိုးမမှီသာက စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်း MV မှာ သရုပ်ဆောင်ရင်း နာမည်ကြီးလာခဲ့သူလေး ဖြစ်ပါတယ်။ ဆရာဝန်လောင်းလေးတစ်ဦးဖြစ်တဲ့ ပိုးမမှီသာက ဆေးတက္ကသိုလ်တက်ရင်းနဲ့ အားလပ်ချိန်မှာတော့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်သူတစ်ဦး ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး တည်ငြိမ်လှပတဲ့ ပိုးမမှီသာကို ပရိသတ်တွေကလည်း ချစ်ခင်အားပေးကြတာကို တွေ့ရပါတယ်။
ဒီတစ်ခေါက်မှာတော့ ပိုးမမှီသာက စစ်ကိုင်းမြို့က မင်ကွန်းစေတီတော်ကြီးမှာ ရိုက်ကူးထားတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးထားတာကို တွေ့ရပါတယ်။
ချစ်ရတဲ့ မိုမိုလေးပရိသတ်တွေအတွက် ဆရာဝန်မလေး ပိုးမမှီသာရဲ့ ချစ်စရာကောင်းပြီး ကျက်သရေရှိရှိလှနေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။
ပိုးမမှီသာက လက်ရှိမှာတော့ စိုင်းစိုင်းခမ်းလှိုင်နဲ့အတူတူ “ပိတောက်ကတဲ့ဂီတ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပြီး အခြားသော အနုပညာလှုပ်ရှားမှုတွေကိုလည်း လုပ်ကိုင်နေလျက်ရှိပါတယ်။
ပိုးမမှီသာရဲ့ ပုံရိပ်လေးတွေကတော့ အရမ်းကိုလှပတာပဲနော်။ ပရိသတ်ကြီးလည်း ဒီပုံလေးတွေကိုကြည့်ရင်း ရင်သက်ရှုမော သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
RowenaSource: Poe Mamhe Thar’s fb\Credit- original