အစ္စဏီ ဘယ်နေ့လွတ်မယ်ဆိုတာ မိသားစုတွေတောင် မသိနိုင်သေးပါဘူး ဆိုတဲ့ ကျော်စွာ
ပရိသတ်တွေ ၀မ်းသာနေကြတဲ့ အစ္စဏီရဲ့ သတင်းနဲ့ ပတ်သက်ပြီး အစ္စဏီရဲ့ အကိုဖြစ်သူ ကျော်စွာက တစ်ချို့ကိစ္စတွေဟာ မီဒီယာတွေနဲ့ fan တွေရဲ့ ထင်မြင်ချက်နဲ့ ကိုးကားဖော်ပြမှုတွေရှိနေပြီး အဲ့ဒါတွေက အရမ်းကို အန္တရာယ်ရှိနိုင်ပြီး သတိထားသင့်တယ်လို့ ပြောလာပါတယ်။
ပရိသတ်တွေရဲ့ ကြားမှာ ပျံ့နှံ့နေတဲ့ အစ္စဏီဟာ နောက်တစ်ပတ် သောကြာနေ့မှာ လွှတ်တော့မယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး လဲ သူတို့ မိသားစုချင်းတောင် Date အတိအကျ မသိသေးတဲ့ ကိစ္စဖြစ်တယ်လို့ လဲ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
ကျော်စွာ ရေးသားခဲ့တာကတော့ “media တွေအနေနဲ့ သတင်းတွေ ထိမ်းထိမ်းသိမ်းသိမ်းတင်ပေးပါ ။ ကာယကံရှင်တွေအနေနဲ့ တရားဝင်ထုတ် မပြောထားတဲ့ စကားတွေ၊(အစဏီ့နှုတ်ကပြောရင် အစဏီ့စကား အစဏီ့အမေနှုတ်ကထွက်ရင် အစဏီ့အမေရဲ့စကား ဒါကပဲ တရားဝင်ဖြစ်ပါတယ်။) နောက်တစ်ချက်က ဖန်တွေ၊ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ ထင်မြင်ချက်တွေကို ကိုးကာဲးပီး ပြန်လည်ဖော်ပြတာတွေဟာ အင်မတန်အနရယ်ရှိပါတယ် ။ အဓိကအချက်ကတော့ ဟန်ထွန်းဘယ်နေ့လွတ်မယ်ဆိုတာကို ကျနော်တို့အနေနဲ့လဲ မသိနိုင်သလို ထုတ်လဲပြောထားခြင်းလဲမရှိသေးပါဘူး” လို့ ဆြို့ပီး ရေးသားခဲ့တာဖြစ်ပါတယ်။
မော်ဒယ်သရုပ်ဆောင် စူးရှထက်ကအဆိုတော် အစ္စဏီကို တရားစွဲဆို ထားတဲ့ အမှု(၃)ခုလုံးကို ပိတ်သိမ်းပေးခဲ့ပြီး ကျေအေးလွှာမှာ လက်မှတ်ရေးထိုးပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အမှုမှာ တစ်နှစ်နဲ့ လေးလ ခန့်ကြာမြင့်ခဲ့ပြီး အဆိုအချိန်တွေမှာ အစ္စဏီတစ်ယောက် အချုပ်ထဲမှာဘဲ နေထိုင် ခဲ့ရတာဖြစ်ပါတယ်။ဒီလိုကျေအေးခဲ့တာနဲ့ ပတ်သက်ပြီး ယုန်လေးက စူးရှထက်ကို ကျေးဇူးတင်ကြောင်းနဲ့ အစ္စဏီဟာ နောက်တစ်ပတ် သောကြာနေ့မှာ ထွက်လာတော့မှာ ဖြစ်ပြီး အနုပညာ အလုပ်တွေ ဆက်လက်လုပ်ဆောင်ကာ သီချင်းတွေလဲ အသစ်သစ်တွေ ဖန်တီးသွားမှ ဖြစ်တာကြောင့် ဆက်လက်အားပေးကြဖို့ ပရိသတ်ကြီးကို ဖိတ်ခေါ်ခဲ့ပါသေးတယ်။
သို့ပေမယ့်လဲ ယခု အခါမှာတော့ အစ္စဏီရဲ့ အကိုဖြစ်သူ ကျော်စွာရဲ့ လွှတ်လာမယ့်အချိန်အတိအကျ မသိရသေးဘူး ဆိုတဲ့အပေါ် ပရိသတ်တွေ စိတ်မကောင်းဖြစ်နေခဲ့ကြပါတယ်။ ဖတ်ရှု့ပေးသူတွေလဲ အမြန်ဆုံးလွတ်လာဖို့ ဆုတောင်ပေးလိုက်ကြပါဦး။ ပရိသတ်တွေ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။Credit-original