Latest Posts

မွေးနေ့အကြိုအနေနဲ့သူမအကြိုက်ဆုံးလက်ဆောင်လေးရရှိခဲ့တဲ့အတွက် ပျော်ရွှင်ကြည်နူးနေတဲ့ ရွှေကစ်လေး


ပွင့်လင်းဖြူစင်ပြီး ချစ်စရာကောင်းတဲ့အပြုံးလေးတွေကြောင့် ပရိသတ်တွေချစ်ပြီးရင်းချစ်နေရတာကတော့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ပဲ ဖြစ်ပါတယ်။ သူမရဲ့ချစ်စရာအပြုအမူလေးတွေကြောင့်လည်း ပရိသတ်တွေအရိပ်တကြည့်ကြည့်နဲ့အချစ်ပိုနေရတာပါ။ ကျရာဇာတ်ရုပ်တိုင်းကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့်လည်း အကယ်ဒမီထူးချွန်ဆုတွေ ရရှိပိုင်ဆိုင်ထားနိုင်တာလည်း ဖြစ်ပါတယ်။


အလှအပ မှာလည်းပြောစရာ မရှိသလို သရုပ်ဆောင်အပိုင်းမှာလည်း ကျရာဇာတ်ရုပ်သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေးတစ်ယောက်ပါ။ လတ်တလောမှာလည်း ကားရိုက်တွေနဲ့ပွဲအခမ်းအနားများတက်ရောက်နေရတာလည်း ဖြစ်ပါတယ်။ ဒီလလေးဟာ သူမရဲ့မွေးလလေးဖြစ်တဲ့အတွက် မကြာသေးခင်ကလည်း တရားစခန်းဝင်ရောက်ထားတာပဲ ဖြစ်ပါတယ်။


သြဂုတ်လ (၁၀) ရက်လေးဟာ ရွှေကစ်လေးရဲ့မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ သူမရဲ့မွေးနေ့အကြိုလေးကိုတော့ ချစ်ခင်ရတဲ့သူငယ်ချင်းများက လက်ဆောင်များပေးနေကြပြီပဲ ဖြစ်ပါတယ်။ သူမရဲ့Instagram myday လေးတွင်လည်း မွေးနေ့အကြိုလက်ဆောင်ရထားတဲ့ပန်းစည်းလေးနဲ့ရိုက်ကူးထားတဲ့ပုံရိပ်လေးကို ဝေမျှထားတာဖြစ်လို့ ပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်နော်။



Photo – Wutt Hmone Shwe Yi\Credit -original