သင့္ေၾကာင့္ အရက္သိကၡာ မက်ပါေစနဲ႔ (ေသာက္နည္းလြဲေနေသာ ျမန္မာလူမ်ဳိးမ်ား)
သင့္ေၾကာင့္ အရက္သိကၡာ မက်ပါေစနဲ႔ (ေသာက္နည္းလြဲေနေသာ ျမန္မာလူမ်ဳိးမ်ား)
ၿမန္မာၿပည္စားေသာက္ဆိုုင္ထဲမွာ ကၿပေနတဲ့ ဗီဒီယိုု ကလစ္ေလးကိုု ႀကည့္ၿပီး ကြာၿခားမႈကိုု သိသိသာသာၿမင္ေနရတယ္။ကေနတဲ့ေကာင္မေလးေတြက သန္႕ ရွင္းလွပ က်န္းမာေရးေကာင္းၿပီး၊ အရက္ထိုုင္ေသာက္ေနတဲ့သူေတြက ေလးလံ ထိုုင္မိႈင္း၊ က်န္းမာေရးဖရိုုဖရဲၿဖစ္ေနတယ္။
အေမရိကားမွာ အရက္၊ ဘီယာေသာက္ႀကတယ္ ဆိုုတာ အပမ္းေၿဖခ်င္လိုု႕ ေသာက္ႀကတာေလ။ အရက္ကိုု သစ္သီးေတြ နဲ႕ ေဖ်ာ္ထည့္ေသာက္ႀကတာ။ ဗိုုက္တာမင္လဲ ပါတယ္ ဆိုုေတာ့ က်န္းမာေရး ဒီေလာက္မထိခိုုက္ဘူး။ ေသာက္တဲ့အခါမွာ လည္း က်န္းမာေရးလမ္းညြႊန္က ပါၿပီးသား ဥပမာ ဝိုုင္အနီ ဆိုုရင္ ဘယ္လိုု ငါးနဲ႕ ေသာက္သင့္ေႀကာင္း ဝိုုင္နဲ႕ ေတြ႕သြားရင္ ငါးဟာ ဘယ္ႏွစ္မိနစ္အတြင္းမွာ အစာေက်သြားေႀကာင္း၊ ထိုု႕ အတူပဲ ရုုရွားထုုတ္ ေဗာ္ဒဂါ အရက္ပဲ ၿဖစ္ၿဖစ္၊ အေမရိကန္ ထုုတ္ ဂ်က္ဒီနီရယ္ပဲ ၿဖစ္ၿဖစ္၊ အရက္နဲ႕ လိုုက္တဲ့ အသား ကိုု ဘယ္လိုု စားရမယ္ ဆိုုတာ အႀကံေပးတယ္။
တကယ္ေတာ့ အရက္ ကိုု ဒုုကၡအေပးဆံုုး အရာက ဆီအမ်ားအၿပားထည့္ထားတဲ့ အစားအစာၿဖစ္တယ္။ ဆီက အရက္နဲ႕ ေတြ႕ ရင္ ပိုုၿပီး အဆိပ္ၿဖစ္သြားတယ္။ အသားမွာ ပါတဲ့ ဆီနဲ႕ တင္ လံုုေလာက္သြားၿပီ။ အေမရိကန္ေတြက အရက္ဘားမွာ ထိုုင္ရင္လည္း တေမ့တေမာ မထိုုင္ဘူး။ နာရီဝက္ေလာက္ ထုုိင္ၿပီးရင္ ခံုုေပၚက ဆင္း၊ မတ္တပ္ရပ္ၿပီးေသာက္တယ္။ မနက္လင္းရင္ ညက စားေသာက္ထားတဲ့ ကယ္လိုုရီေတြ အတြက္ ၿပန္ၿပီး အားကစားလုုပ္ႀကတယ္။ ဒါေႀကာင့္ ဗိုုက္သိပ္ မထြက္ႀကဘူး။
လူငယ္ေတြက ႀကြက္သားေတြနဲ႕ ခ်ည္းပဲ။ ေပါက္လႊတ္ပဲစား မေနဘူး။ အရက္ေသာက္တယ္ ဆိုုတာ လူမႈေပါင္းသင္းေရး ေလာက္ပဲ လုုပ္ႀကတာေလ။ ဒါေႀကာင့္ သူတိုု႕ အတြက္ က်န္းမာေရး မထိဘူး။ အိပ္ေကာင္းယံုု၊ အားကစား လုုပ္ေကာင္း ယံုုေလာက္ပဲ။ ဒါေႀကာင့္လည္း ဘားမွာ အလုုပ္လုုပ္တဲ့ေကာင္မေလးေတြကလဲ သပ္ရပ္လွပသလိုု၊ လာေသာက္တဲ့ ေကာင္ေလးေတြကလည္း ေရမိုုးခ်ိဳးၿပီး အပ်ံစားလာတာ။
ေကာင္မေလးေတြကိုုလဲ မေလးမစားသြားလုုပ္လိုု႕ မရဘူး။ စူးရဲရဲ အႀကည့္နဲ႕ သြားေစာ္ကားမိရင္ လိင္အႀကမ္းဖက္ ေစာ္ကားမႈ ဆိုုတဲ့ ဥပေဒနဲ႕ ညွိသြားမယ္။ ေထာင္ဒဏ္သိပ္ႀကီးတယ္။ ၿမန္မာၿပည္မွာက အဆင္မေၿပတာေတြ၊ ခံစားခ်က္ေတြ မ်ားတယ္ ထင္ပါရဲ႕ ။ အရက္ကိုု ဘာမွ မပါပဲ ေသာက္တယ္။ တခါတေလ အရက္နဲ႕ ငါးေၿခာက္၊ ငါးပိေႀကာ္နဲ႕ ၿမည္းတဲ့သူေတာင္ရိွေသးတယ္။ အရက္ကလဲ ေရဆာတယ္။ ငါးေၿခာက္၊ ငါးပိေႀကာ္ကလဲ ေရငတ္ေစတယ္။ ေသၿပီေပါ့။ အသားအေရ ေၿခာက္ဖိုု႕ ေသခ်ာေနၿပီ။
ပိုုၿပီး ဆိုုးတာက ညေနစာင္း အရက္ေသာက္ၿပီ ဆိုုရင္ ေဖ့ဘြတ္ကိုု ပြတ္တယ္။ သူမ်ားဘဝေတြ သာယာေနတာေတြကိုု ႀကည့္ၿပီး ပူေလာင္ေနပံုုရပါတယ္။ မူးလာရင္ ဟိုုလူ႕ ဆဲ ၊ ဒီလူ႕ ဆဲ နဲ႕၊ တၿခားသူေတြက သူ႕ ဘဝနဲ႕ သူ ၿဖစ္ေနၿပီ။ ပေရာ္ဖက္ရွင္နယ္ တခုုခုုမွာ ေအာင္ၿမင္ေနႀကၿပီ။ အရက္ဆိုုင္ ေထာင့္ေလးမွာ ညစ္တြန္းတြန္းေနတဲ့သူေတြကိုု လွည့္ႀကည့္ ခ်ိန္ေတာင္ရမွာ မဟုုတ္။ ဘဝၿခားသြားၿပီေလ။
ကိုုယ္က အရက္ဆိုုင္မွာ ထိုုင္ၿပီး သူမ်ားဘဝေတြကိုု ညီမွ်ၿခင္းသြားခ်ေနေတာ့ ကိုုယ္ စိတ္ကစင့္ကလ်ား ၿဖစ္ေနတာ လူသိေတာ့တာေပါ့။ ဒါေႀကာင့္ အရက္ေသာက္တဲ့အခါ ကိုုယ့္က်န္းမာေရးအတြက္ ၿဖစ္ပါေစ။ အပမ္းေၿဖမႈ ပဲ ၿဖစ္ပါေစ။ မေက်နပ္ေတြကိုု ေတြးရင္ က်န္းမာေရး ႏွစ္ဆ ထိပါတယ္။ ကိုုယ္က အရက္ေသာက္ၿပီး စုုတ္ၿပတ္ေနတယ္ ဆိုုရင္ ကိုုယ့္ကိုု မလိုုတဲ့သူေတြက ဝမ္းသာမွာေပါ့။
“ ေတြ႕ လား။ ႏိုုင္ငံေရးလုုပ္တဲ့ေကာင္ေတြက အရက္သမားေတြပါကြာ ” ဆိုုတာမ်ား ဘယ္ေတာ့ မွ အေၿပာမခံရပါေစနဲ႕ ။ က်ေနာ္တိုု႕ ရန္ကုုန္စက္မႈတကၠသိုုလ္ေက်ာင္းသားေတြ ေၿပာေနက် စကားတခုု ရိွတယ္။ သင့္ေႀကာင့္ အရက္သိကၡာ မက်ပါေစနဲ႕ တဲ့Aung Moe Win (ေလးစားမႈျဖင့္ ခရက္ဒစ္)
Unicode
သင့်ကြောင့် အရက်သိက္ခာ မကျပါစေနဲ့ (သောက်နည်းလွဲနေသော မြန်မာလူမျိုးများ)
မြန်မာပြည်စားသောက်ဆိုင်ထဲမှာ ကပြနေတဲ့ ဗီဒီယို ကလစ်လေးကို ကြည့်ပြီး ကွာခြားမှုကို သိသိသာသာမြင်နေရတယ်။ကနေတဲ့ကောင်မလေးတွေက သန့် ရှင်းလှပ ကျန်းမာရေးကောင်းပြီး၊ အရက်ထိုင်သောက်နေတဲ့သူတွေက လေးလံ ထိုင်မှိုင်း၊ ကျန်းမာရေးဖရိုဖရဲဖြစ်နေတယ်။
အမေရိကားမှာ အရက်၊ ဘီယာသောက်ကြတယ် ဆိုတာ အပမ်းဖြေချင်လို့ သောက်ကြတာလေ။ အရက်ကို သစ်သီးတွေ နဲ့ ဖျော်ထည့်သောက်ကြတာ။ ဗိုက်တာမင်လဲ ပါတယ် ဆိုတော့ ကျန်းမာရေး ဒီလောက်မထိခိုက်ဘူး။ သောက်တဲ့အခါမှာ လည်း ကျန်းမာရေးလမ်းညွှန်က ပါပြီးသား ဥပမာ ဝိုင်အနီ ဆိုရင် ဘယ်လို ငါးနဲ့ သောက်သင့်ကြောင်း ဝိုင်နဲ့ တွေ့သွားရင် ငါးဟာ ဘယ်နှစ်မိနစ်အတွင်းမှာ အစာကျေသွားကြောင်း၊ ထို့ အတူပဲ ရုရှားထုတ် ဗော်ဒဂါ အရက်ပဲ ဖြစ်ဖြစ်၊ အမေရိကန် ထုတ် ဂျက်ဒီနီရယ်ပဲ ဖြစ်ဖြစ်၊ အရက်နဲ့ လိုက်တဲ့ အသား ကို ဘယ်လို စားရမယ် ဆိုတာ အကြံပေးတယ်။
တကယ်တော့ အရက် ကို ဒုက္ခအပေးဆုံး အရာက ဆီအများအပြားထည့်ထားတဲ့ အစားအစာဖြစ်တယ်။ ဆီက အရက်နဲ့ တွေ့ ရင် ပိုပြီး အဆိပ်ဖြစ်သွားတယ်။ အသားမှာ ပါတဲ့ ဆီနဲ့ တင် လုံလောက်သွားပြီ။ အမေရိကန်တွေက အရက်ဘားမှာ ထိုင်ရင်လည်း တမေ့တမော မထိုင်ဘူး။ နာရီဝက်လောက် ထိုင်ပြီးရင် ခုံပေါ်က ဆင်း၊ မတ်တပ်ရပ်ပြီးသောက်တယ်။ မနက်လင်းရင် ညက စားသောက်ထားတဲ့ ကယ်လိုရီတွေ အတွက် ပြန်ပြီး အားကစားလုပ်ကြတယ်။ ဒါကြောင့် ဗိုက်သိပ် မထွက်ကြဘူး။
လူငယ်တွေက ကြွက်သားတွေနဲ့ ချည်းပဲ။ ပေါက်လွှတ်ပဲစား မနေဘူး။ အရက်သောက်တယ် ဆိုတာ လူမှုပေါင်းသင်းရေး လောက်ပဲ လုပ်ကြတာလေ။ ဒါကြောင့် သူတို့ အတွက် ကျန်းမာရေး မထိဘူး။ အိပ်ကောင်းယုံ၊ အားကစား လုပ်ကောင်း ယုံလောက်ပဲ။ ဒါကြောင့်လည်း ဘားမှာ အလုပ်လုပ်တဲ့ကောင်မလေးတွေကလဲ သပ်ရပ်လှပသလို၊ လာသောက်တဲ့ ကောင်လေးတွေကလည်း ရေမိုးချိုးပြီး အပျံစားလာတာ။
ကောင်မလေးတွေကိုလဲ မလေးမစားသွားလုပ်လို့ မရဘူး။ စူးရဲရဲ အကြည့်နဲ့ သွားစော်ကားမိရင် လိင်အကြမ်းဖက် စော်ကားမှု ဆိုတဲ့ ဥပဒေနဲ့ ညှိသွားမယ်။ ထောင်ဒဏ်သိပ်ကြီးတယ်။ မြန်မာပြည်မှာက အဆင်မပြေတာတွေ၊ ခံစားချက်တွေ များတယ် ထင်ပါရဲ့ ။ အရက်ကို ဘာမှ မပါပဲ သောက်တယ်။ တခါတလေ အရက်နဲ့ ငါးခြောက်၊ ငါးပိကြော်နဲ့ မြည်းတဲ့သူတောင်ရှိသေးတယ်။ အရက်ကလဲ ရေဆာတယ်။ ငါးခြောက်၊ ငါးပိကြော်ကလဲ ရေငတ်စေတယ်။ သေပြီပေါ့။ အသားအရေ ခြောက်ဖို့ သေချာနေပြီ။
ပိုပြီး ဆိုးတာက ညနေစာင်း အရက်သောက်ပြီ ဆိုရင် ဖေ့ဘွတ်ကို ပွတ်တယ်။ သူများဘဝတွေ သာယာနေတာတွေကို ကြည့်ပြီး ပူလောင်နေပုံရပါတယ်။ မူးလာရင် ဟိုလူ့ ဆဲ ၊ ဒီလူ့ ဆဲ နဲ့၊ တခြားသူတွေက သူ့ ဘဝနဲ့ သူ ဖြစ်နေပြီ။ ပရော်ဖက်ရှင်နယ် တခုခုမှာ အောင်မြင်နေကြပြီ။ အရက်ဆိုင် ထောင့်လေးမှာ ညစ်တွန်းတွန်းနေတဲ့သူတွေကို လှည့်ကြည့် ချိန်တောင်ရမှာ မဟုတ်။ ဘဝခြားသွားပြီလေ။
ကိုယ်က အရက်ဆိုင်မှာ ထိုင်ပြီး သူများဘဝတွေကို ညီမျှခြင်းသွားချနေတော့ ကိုယ် စိတ်ကစင့်ကလျား ဖြစ်နေတာ လူသိတော့တာပေါ့။ ဒါကြောင့် အရက်သောက်တဲ့အခါ ကိုယ့်ကျန်းမာရေးအတွက် ဖြစ်ပါစေ။ အပမ်းဖြေမှု ပဲ ဖြစ်ပါစေ။ မကျေနပ်တွေကို တွေးရင် ကျန်းမာရေး နှစ်ဆ ထိပါတယ်။ ကိုယ်က အရက်သောက်ပြီး စုတ်ပြတ်နေတယ် ဆိုရင် ကိုယ့်ကို မလိုတဲ့သူတွေက ဝမ်းသာမှာပေါ့။
“ တွေ့ လား။ နိုင်ငံရေးလုပ်တဲ့ကောင်တွေက အရက်သမားတွေပါကွာ ” ဆိုတာများ ဘယ်တော့ မှ အပြောမခံရပါစေနဲ့ ။ ကျနော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတွေ ပြောနေကျ စကားတခု ရှိတယ်။ သင့်ကြောင့် အရက်သိက္ခာ မကျပါစေနဲ့ တဲ့Aung Moe Win (လေးစားမှုဖြင့် ခရက်ဒစ်)


