ထူးျခားမိုးေလဝသအေျခအေနသတင္း မိုးဇလထုတ္ျပန္
၂၀၁၉ ခုႏွစ္ ဩဂုတ္လ (၄)ရက္၊ ျမန္မာစံေတာ္ခ်ိန္ ေန႔လယ္(၂:၀၀)နာရီအခ်ိန္ မိုးေလဝသႏွင့္ ေဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ဒီကေန႔ျမန္မာစံေတာ္ခ်ိန္ (၁)နာရီခြဲအခ်ိန္ တိုင္းထြာခ်က္မ်ားအရ မေန႔က ဗီယက္နမ္ ႏိုင္ငံကမ္းေျခကို ဟႏြိဳင္းၿမိဳ႕အနီးက ျဖတ္ေက်ာ္
ဝင္ေရာက္ခဲ့တဲ့ အပူပိုင္းမုန္တိုင္း “ဝီဖာ” (Wipha)ဟာ ကုန္းတြင္း မုန္တိုင္းငယ္အျဖစ္ လာအိုႏိုင္ငံေပၚတြင္ ဆက္လက္တည္ရွိေနတယ္လို႔ ထူးျခားမိုးေလဝသအေျခအေနသတင္း အမွတ္စဥ္(၀၈/၂၀၁၉) မွာေဖာ္ျပထားပါတယ္။ ကုန္းတြင္းမုန္တိုင္းငယ္ဟာ
အေနာက္-အေနာက္ေတာင္ ဘက္သို႔ ျဖည္း ညင္းစြာ ေ႐ြ႕လ်ားေနၿပီး အားေလ်ာ့သြားမယ္လို႔ ခန႔္မွန္းထားတယ္လို႔လည္း ေဖာ္ျပထားပါတယ္။ သတိေပးႏႈိးေဆာ္ခ်က္ အေနနဲ႔ ကုန္းတြင္းမုန္တိုင္းငယ္အရွိန္ေၾကာင့္ ဒီကေန႔လယ္ ကေန ေနာက္(၄၈)နာရီအတြင္း ပဲခူး
တိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသ ႀကီး၊ ရွမ္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္တို႔မွာ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ ေဒသအလိုက္နဲ႔ေနရာကြက္ၿပီး မိုးႀကီး
တာေတြနဲ႔ အတူ ေလျပင္းတိုက္ခတ္တာ ျဖစ္ေပၚႏိုင္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ မၾကာခဏ မိုးသက္ေလျပင္းမ်ား က်ေရာက္ၿပီး၊ လႈိင္းႀကီးရာမွ လႈိင္း အလြန္ႀကီးႏိုင္ပါတယ္။ မိုးသက္
ေလျပင္းက်စဥ္ ေရျပင္၊ေျမျပင္ေလ ဟာ တစ္နာရီကိ မိုင္(၄၀)ကေန (၄၅)မိုင္အထိ တိုက္ခတ္ႏိုင္ၿပီး လႈိင္းအျမင့္မွာ (၁၀)ေပကေန (၁၅)ေပခန႔္ ရွိႏိုင္တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ေလျပင္းတိုက္ခတ္တာ၊ မိုးသည္းထန္စြာ ႐ြာသြန္းတာေတြ႕
ေၾကာင့္ လွ်ပ္တစ္ျပက္ေရႀကီးတာ၊ ေျမၿပိဳတာေတြလည္း ေပၚေပါက္ႏိုင္တာေၾကာင့္ ကုန္းျမင့္ေဒသအနီးမွာေနထိုင္ၾကသူေတြ ေျမၿပိဳမႈအႏၲရာယ္ကို သတိထားဖို႔နဲ႔ ျမစ္ငယ္၊ ေခ်ာင္းငယ္ေတြ အနီးေနထိုင္ၾကသူေတြကိုလည္း ေရႀကီး၊ ေရလွ်ံတာေတြ ျဖစ္ေပၚႏိုင္ေသာ
ေၾကာင့္ သတိျပဳေနထိုင္ၾကဖို႔ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက အႀကံျပဳထားပါတယ္။ ဒါအျပင္ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနရဲ႕ ေနာက္ဆုံး
ထုတ္ျပန္ခ်က္အရ ဘဂၤလားပင္လယ္ေအာ္အေရွ႕ေျမာက္ပိုင္းမွာ ေနာက္(၄၈)နာရီအတြင္း ေလဖိအားနည္းရပ္ဝန္းတစ္ခု ျဖစ္ေပၚႏိုင္တယ္လို႔ ထုတ္ျပန္ထားပါတယ္။ မိုး/ဇလ
Credit \\ original
ယူနီကုဒ္ျဖင့္ဖတ္ရန္
၂၀၁၉ ခုနှစ် ဩဂုတ်လ (၄)ရက်၊ မြန်မာစံတော်ချိန် နေ့လယ်(၂:၀၀)နာရီအချိန် မိုးလေဝသနှင့် ဇေလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့မြန်မာစံတော်ချိန် (၁)နာရီခွဲအချိန် တိုင်းထွာချက်များအရ မနေ့က ဗီယက်နမ် နိုင်ငံကမ်းခြေကို ဟနွိုင်းမြို့အနီးက ဖြတ်ကျော်
ဝင်ရောက်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း “ဝီဖာ” (Wipha)ဟာ ကုန်းတွင်း မုန်တိုင်းငယ်အဖြစ် လာအိုနိုင်ငံပေါ်တွင် ဆက်လက်တည်ရှိနေတယ်လို့ ထူးခြားမိုးလေဝသအခြေအနေသတင်း အမှတ်စဉ်(၀၈/၂၀၁၉) မှာဖော်ပြထားပါတယ်။ ကုန်းတွင်းမုန်တိုင်းငယ်ဟာ
အနောက်-အနောက်တောင် ဘက်သို့ ဖြည်း ညင်းစွာ ရွေ့လျားနေပြီး အားလျော့သွားမယ်လို့ ခန့်မှန်းထားတယ်လို့လည်း ဖော်ပြထားပါတယ်။ သတိပေးနှိုးဆော်ချက် အနေနဲ့ ကုန်းတွင်းမုန်တိုင်းငယ်အရှိန်ကြောင့် ဒီကနေ့လယ် ကနေ နောက်(၄၈)နာရီအတွင်း ပဲခူး
တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နဲ့နေရာကွက်ပြီး မိုးကြီး
တာတွေနဲ့ အတူ လေပြင်းတိုက်ခတ်တာ ဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးရာမှ လှိုင်း အလွန်ကြီးနိုင်ပါတယ်။ မိုးသက်
လေပြင်းကျစဉ် ရေပြင်၊မြေပြင်လေ ဟာ တစ်နာရီကိ မိုင်(၄၀)ကနေ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ (၁၀)ပေကနေ (၁၅)ပေခန့် ရှိနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လေပြင်းတိုက်ခတ်တာ၊ မိုးသည်းထန်စွာ ရွာသွန်းတာတွေ့
ကြောင့် လျှပ်တစ်ပြက်ရေကြီးတာ၊ မြေပြိုတာတွေလည်း ပေါ်ပေါက်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူတွေ မြေပြိုမှုအန္တရာယ်ကို သတိထားဖို့နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေ အနီးနေထိုင်ကြသူတွေကိုလည်း ရေကြီး၊ ရေလျှံတာတွေ ဖြစ်ပေါ်နိုင်သော
ကြောင့် သတိပြုနေထိုင်ကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အကြံပြုထားပါတယ်။ ဒါအပြင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ နောက်ဆုံး
ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းမှာ နောက်(၄၈)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ မိုး/ဇလ
Credit \\ original