UNICODE
ဟင်းချက်ကောင်းပြီး အိမ်မှုကိစ္စနိုင်နင်းတဲ့ စိုးပြည့်သဇင် ရဲ့ ဒီနေ့ဟင်းပွဲလေးများ
နိုင်ငံကျော်သရုပ်ဆောင် မင်းသမီးချောလေး အကယ်ဒမီ စိုးပြည့်သဇင် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင်တစ်ဦးပါ။ သရုပ်ဆောင်ပီပြင်ပြီး ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင် နိုင်တဲ့ သူမက ချစ်စရာကောင်းတဲ့ မျက်နှာလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ချစ်ပရိသတ်တွေအတွက် စိုးပြည့်သဇင် သူမရဲ့ ဒီနေ့ဟင်းချက်ဖြစ်တဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။စိုးပြည့်သဇင်က အနုပညာလှုပ်ရှားမှု အနေနဲ့ ပွဲတက်များနဲ့ လူးလူးစိန် ဇာတ်လမ်းတွဲကို သရုပ်ဆောင် ကျော်ကျော် နဲ့အတူ ရိုက်ကူးနေတာပါ။စိုးပြည့်က သူမရဲ့ ဒုတိယဝါသနာ က ဟင်းချက်ရတာပါတဲ့။
ဒီတစ်ခါမှာတော့ အိမ်မှုကိစ္စနိုင်နင်းတဲ့ စိုးပြည့်သဇင်က သူမရဲ့ လက်ရာ၊ ကြက်သားအာလူး၊ ဂေါ်ရခါးညွန့်ကြော်၊ ကင်ပွန်းချဉ်အရည်သောက် ဟင်းလေးတွေကို ချက်ထားတဲ့ အကြောင်း ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြထားပါတယ်။စိုးပြည့်သဇင် က သူမရဲ့ ဟင်းပွဲလေးတွေကို စားကြပါဦးဆိုပြီးပြောထားပြီး “အားလုံးကိုကျွေးပါတယ်နော်…ဖုန်းကြီးကိုက်စားလိုက်ပါ😬” ဆိုပြီး စနောက်ထားပါသေးတယ်။
သရုပ်ဆောင်စိုးပြည့်သဇင် ရဲ့ ဟင်းချက်ထားတဲ့ ပုံရိပ် လေးတွေကို ပရိသတ်တွေသဘောကျမှာပါ။ ကြည့်ရူပေးကြတဲ့ ပရိသတ် ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်နော်။Credit -original