Latest Posts

VICTORIA အမႈနဲ႕ ပတ္သတ္ၿပီး ဒဲ့ ေျပာလိုက္တဲ့ နမ့္စန္ျမိဳ႕ က ကိုယ္ပိုင္အထက္တန္း ေက်ာင္းအုပ္ဆရာၾကီး



VICTORIA အမႈနဲ႕ ပတ္သတ္ၿပီး ဒဲ့ ေျပာလိုက္တဲ့ နမ့္စန္ျမိဳ႕ က ကိုယ္ပိုင္အထက္တန္း ေက်ာင္းအုပ္ဆရာၾကီး

သမီးေလး ဗစ္တိုးရီးယားအမွုမွာယခုလက္ရွိအခ်ိန္တြင္ တရားခံေအာင္ၾကီးအား တရားခံအျဖစ္စြပ္စြဲကာတရားစြဲဆိုထားတာျဖစ္ပါတယ္။

ထိုသို႕ တရားစြဲ ဆို ထားမႈ အ ေပၚ နမ့္စန္ျမိဳ႕ ကကိုယ္ပိုင္အထက္တန္း ေက်ာင္းအုပ္ဆရာၾကီး ဦး ေကာင္းျမတ္သူက ယေန႕ မွာေတာ့ ေအာက္ပါအတိုင္း ေျပာၾကားလိုက္ပါတယ္ …။

” ျမန္မာနိုင္ငံမွာ တရားဥပေဒစိုးမိုးေရးဆိုတာ ေငြမ႐ွိတဲ့သူေတြကို ေထာင္ထဲပို႔တာလား…? ” ေခါင္းစဥ္ျဖင့္

ျမန္မာႏိုင္ငံမွာေက်ာေထာက္ေနာက္ခံမရွိတဲ့ ဆင္းရဲသားေတြကေတာ့အမႈအခင္းျဖစ္ရင္ ခင္ဗ်ားတို႔ကို အကူအညီေတာင္းဖို႔ေနေနသာသာ ခင္ဗ်ားတို႔ သိမွာေတာင္ ေၾကာက္ေနၾကၿပီ။

ခင္ဗ်ားတို႔က ေငြ႐ွိ ဂုဏ္႐ွိတဲ့သူေတြကို ခ်ိဳသာသေလာက္ ဆင္းရဲသား မ်က္ႏွာမြဲေတြကိုေတာ့ ေျခာက္စား ေျမာက္စား ငိုစား ရီစား ေဟာက္စားတတ္တယ္။Victoria ကေလး အမႈ ၊

လနဲ႔ခ်ီၾကာ ၊ အီးေရာအီးေရာနဲ႔ အခ်ိန္ဆြဲ ၊ ျပည္သူေတြကေပါက္ကြဲ၊ သမၼတအထိေရာက္ ၊ တရာခံမိေအာင္ဖမ္းဆိုေတာ့ ကားဆရာကို ခ်က္ခ်င္းဖမ္းျပလိုက္တယ္။



သူက ေက်ာေထာက္ေနာက္ခံမ႐ွိတဲ့ ဆင္းရဲသားဆိုေတာ့ ခင္ဗ်ားတို႔ ခ်က္ခ်င္း ဖမ္းႏိုင္မွာေပါ့…..

ခင္ဗ်ားတို႔ပဲ ကားဆရာကို စစ္ေဆးၿပီး အျပစ္မ႐ွိဘူးဆိုၿပီးလြတ္ေပးထားတာေလ… ေမ့ၿပီလား…. ဒါနဲ႔ အမႈက” အရမ္းနက္နဲလို႔ အခ်ိန္ၾကာေနတယ္”လို႔ ခင္ဗ်ားတို႔ပဲ ေျပာခဲ့တာေလ…

အခုက်ေတာ့ ႏွစ္ရက္ သံုးရက္အတြင္း တရာခံ မိသြားတယ္ေပါ့…ခင္ဗ်ားတို႔လက္ထက္ သစ္တိုတစ္ေခ်ာင္းနဲ႔ ေထာင္ထဲပို႔ႏိုင္တယ္။ သစ္ကားႀကီးတစ္စီးလံုး ပိုင္႐ွင္မဲ့ျဖစ္သြားတယ္။

ယာမ သံုးေလးျပား ေထာင္ထဲ ပို႔ႏိုင္တယ္ ။ ကားတစ္စီးလံုး ပိုင္႐ွင္မဲ့ျဖစ္သြားတယ္။

အပ္တိုတစ္ေခ်ာင္းဟာ လက္နက္မႈနဲ႔ ေထာင္က်ႏိုင္ေပမဲ့ ေသနတ္မ်ိဳးစံု ကိုင္ေဆာင္ထားတဲ့ အဖြဲ႔ေပါင္းစံုကေတာ့ ခင္ဗ်ားတို႔ ထုတ္ထားတဲ့ ၫႊန္ၾကားခ်က္ေဖာက္ၿပီးသြားခ်င္သလို သြားေနၾကတယ္။



ဒီနိုင္ငံမွာ ဥပေဒဆိုတာ ဆင္းရဲသားေတြအတြက္ပဲ ထုတ္ထားတာလား….ေငြ႐ွိတဲ့သူေတြက လိုက္နာစရာမလိုဘူးလား….ခင္ဗ်ားတို႔ကို ေမးခြန္းတစ္ခုေမးခ်င္တယ္….

ျမန္မာနိုင္ငံမွာ တရားဥပေဒစိုးမိုးေရးဆိုတာ ေငြမ႐ွိတဲ့သူေတြကို ေထာင္ထဲပို႔တာလား ” ဆိုျပီးေျပာၾကား လိုက္တာပဲ ျဖစ္ပါတယ္ …။ ။

ေမတၱာျဖင့္

Credit:ေကာင္းျမတ္သူ

Unicode

VICTORIA အမှုနဲ့ ပတ်သတ်ပြီး ဒဲ့ ပြောလိုက်တဲ့ နမ့်စန်မြို့ က ကိုယ်ပိုင်အထက်တန်း ကျောင်းအုပ်ဆရာကြီး

သမီးလေး ဗစ်တိုးရီးယားအမှုမှာယခုလက်ရှိအချိန်တွင် တရားခံအောင်ကြီးအား တရားခံအဖြစ်စွပ်စွဲကာတရားစွဲဆိုထားတာဖြစ်ပါတယ်။

ထိုသို့ တရားစွဲ ဆို ထားမှု အ ပေါ် နမ့်စန်မြို့ ကကိုယ်ပိုင်အထက်တန်း ကျောင်းအုပ်ဆရာကြီး ဦး ကောင်းမြတ်သူက ယနေ့ မှာတော့ အောက်ပါအတိုင်း ပြောကြားလိုက်ပါတယ် …။

” မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးဆိုတာ ငွေမရှိတဲ့သူတွေကို ထောင်ထဲပို့တာလား…? ” ခေါင်းစဉ်ဖြင့်

မြန်မာနိုင်ငံမှာကျောထောက်နောက်ခံမရှိတဲ့ ဆင်းရဲသားတွေကတော့အမှုအခင်းဖြစ်ရင် ခင်ဗျားတို့ကို အကူအညီတောင်းဖို့နေနေသာသာ ခင်ဗျားတို့ သိမှာတောင် ကြောက်နေကြပြီ။

ခင်ဗျားတို့က ငွေရှိ ဂုဏ်ရှိတဲ့သူတွေကို ချိုသာသလောက် ဆင်းရဲသား မျက်နှာမွဲတွေကိုတော့ ခြောက်စား မြောက်စား ငိုစား ရီစား ဟောက်စားတတ်တယ်။Victoria ကလေး အမှု ၊

လနဲ့ချီကြာ ၊ အီးရောအီးရောနဲ့ အချိန်ဆွဲ ၊ ပြည်သူတွေကပေါက်ကွဲ၊ သမ္မတအထိရောက် ၊ တရာခံမိအောင်ဖမ်းဆိုတော့ ကားဆရာကို ချက်ချင်းဖမ်းပြလိုက်တယ်။

သူက ကျောထောက်နောက်ခံမရှိတဲ့ ဆင်းရဲသားဆိုတော့ ခင်ဗျားတို့ ချက်ချင်း ဖမ်းနိုင်မှာပေါ့…..

ခင်ဗျားတို့ပဲ ကားဆရာကို စစ်ဆေးပြီး အပြစ်မရှိဘူးဆိုပြီးလွတ်ပေးထားတာလေ… မေ့ပြီလား…. ဒါနဲ့ အမှုက” အရမ်းနက်နဲလို့ အချိန်ကြာနေတယ်”လို့ ခင်ဗျားတို့ပဲ ပြောခဲ့တာလေ…

အခုကျတော့ နှစ်ရက် သုံးရက်အတွင်း တရာခံ မိသွားတယ်ပေါ့…ခင်ဗျားတို့လက်ထက် သစ်တိုတစ်ချောင်းနဲ့ ထောင်ထဲပို့နိုင်တယ်။ သစ်ကားကြီးတစ်စီးလုံး ပိုင်ရှင်မဲ့ဖြစ်သွားတယ်။

ယာမ သုံးလေးပြား ထောင်ထဲ ပို့နိုင်တယ် ။ ကားတစ်စီးလုံး ပိုင်ရှင်မဲ့ဖြစ်သွားတယ်။

အပ်တိုတစ်ချောင်းဟာ လက်နက်မှုနဲ့ ထောင်ကျနိုင်ပေမဲ့ သေနတ်မျိုးစုံ ကိုင်ဆောင်ထားတဲ့ အဖွဲ့ပေါင်းစုံကတော့ ခင်ဗျားတို့ ထုတ်ထားတဲ့ ညွှန်ကြားချက်ဖောက်ပြီးသွားချင်သလို သွားနေကြတယ်။

ဒီနိုင်ငံမှာ ဥပဒေဆိုတာ ဆင်းရဲသားတွေအတွက်ပဲ ထုတ်ထားတာလား….ငွေရှိတဲ့သူတွေက လိုက်နာစရာမလိုဘူးလား….ခင်ဗျားတို့ကို မေးခွန်းတစ်ခုမေးချင်တယ်….

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးဆိုတာ ငွေမရှိတဲ့သူတွေကို ထောင်ထဲပို့တာလား ” ဆိုပြီးပြောကြား လိုက်တာပဲ ဖြစ်ပါတယ် …။ ။

မေတ္တာဖြင့်

Credit:ကောင်းမြတ်သူ