Latest Posts

ရွှေမိုးလေးကညိုတယ်ဆိုတဲ့သီချင်းလေးကိုချစ်စရာကောင်းလောက်အောင် Tik Tok ကစားထားကြတဲ့မအေးသောင်းနဲ့ခြူးလေးတို့ရဲ့Videoလေး



MRTV-4 ဇာတ်လမ်းတွဲလေးတွေကနေပရိသတ်အားပေးမှုတစ်ခဲနက်နဲ့အောင်မြင်နေတာကတော့ သရုပ်တောင်ခြူးလေးပဲဖြစ်ပါတယ်။ချစ်စရာကောင်းရုံသာမက ဖြူစင်ရိုးသားတဲ့စိတ်ဓာတ်လေးကြောင့်ပရိသတ်တွေအချစ်ပိုနေတာပဲဖြစ်ပါတယ်။သူကတော့ဇာတ်လမ်းတွဲတွေများစွာကိုလည်းရိုက်ကူးနေရပြီးသူ့ဇာတ်ကားလေးတွေတိုင်းကလည်းပရိသတ်တစ်ခဲနက်အားပေးမှူတွေနဲ့အောင်မြင်နေတာပါ။



သူမကတော့အောင်မြင်လာတာနဲ့အမျှပရိသတ်တွေအတွက်အနုပညာအလုပ်တွေကိုအဆက်မပြတ်လုပ်ကိုင်နေတာပါ။ကြော်ငြာဓာတ်ပုံလေးတွေလည်းအများဆုံးရိုက်ကူးနေရပြီး တစ်နေ့တစ်ခြားလည်းအလှတွေပိုလာတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။သူကတော့ဒီနေ့မှာလည်း နိုင်ငံကျော်ဒီဇိုင်နာငြိမ်းကိုရဲ့ wedding showမှာပါဝင်လျှောက်ရမှာဖြစ်ပါတယ်။ဒီပွဲမှာသူနဲ့တူတူနိုင်ငံကျော်သရုပ်ဆောင်မင်းသားမင်းသမီးတွေလည်းပါဝင်မှာဖြစ်ပါတယ်။


ဒီပွဲလေးမကျင်းပခင်လေးမှာတော့ ပြည်သူချစ်မင်းသမီးချောလေးဖြစ်တဲ့ အေးဝတ်ရည်သောင်းနဲ့Tik Tok Video လေးဆော့ကစားနေတာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးကတော့ ” ရွှေမိုးလေးက ညိုတယ်” ဆိုတဲ့ သီချင်းလေးကိုချစ်စရာကောင်းလောက်အောင် Tik Tok ကစားထားကြတာပါ။ ပရိသတ်ကြီးအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။


Source- Chue Lay

Credit  \\  original