ရင္ေသြးေလး လိုခ်င္ေနၿပီဆိုတဲ့ စိုးရန္ေအာင္နဲ႔ သက္သခင္
ကေလးအရမ္းခ်စ္တတ္တဲ့ သူတို႔ႏွစ္ဦးကေတာ့ ရင္ေသြးေလး တစ္ေယာက္ အရမ္းလိုခ်င္ေနၿပီလို႔ ဆိုပါတယ္။ သ႐ုပ္ေဆာင္ စိုးရန္ေအာင္နဲ႔ သက္သခင္တို႔က အိမ္ေထာင္သက္တမ္း (၁)ႏွစ္ေက်ာ္ထဲ ေရာက္လိုေနပါၿပီ။အႏုပညာေလာကထဲမွာ ေနရာတစ္ေနရာစီ ရရွိထားတဲ့ သ႐ုပ္ေဆာင္ စိုးရန္ေအာင္နဲ႔ သက္သခင္တို႔ကေတာ့ အိမ္ေထာင္သက္တမ္း (၁)ႏွစ္ေက်ာ္ထဲ ေရာက္ရွိလို႔ေနပါၿပီ။ နားလည္မႈေတြနဲ႔ တည္ေဆာက္ထားတဲ့ သူတို႔ရဲ႕ အိမ္ေထာင္ေရးဘဝေလးက အရမ္းကို သာယာလြန္းလွပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ တစ္အိုးတစ္အိမ္ ထူေထာင္တဲ့အခ်ိန္မွာ ေမွ်ာ္လင့္မထားတဲ့ ကိစၥေတြအမ်ားႀကီး ရွိခဲ့ေပမယ့္ နားလည္မႈေတြနဲ႔ပဲ ျဖတ္သန္းျဖစ္တယ္လို႔ စိုးရန္ေအာင္က ဆိုပါတယ္။
“နားလည္ပါတယ္။ နားလည္ပါတယ္ဆိုတဲ့ နားလည္မႈကို အေရးႀကီးဆုံးပါ။ နားလည္တယ္ဆိုၿပီး နားမလည္တဲ့ အေၾကာင္းေတြလည္း အမ်ားႀကီးပါ။ တစ္ခါတစ္ေလလည္း နားလည္ရဲ႕သားနဲ႔ ဆိုးခ်င္တာေတြလည္း ရွိတယ္။ ျဖတ္သန္းလာတဲ့တစ္ေလွ်ာက္မွာ နားလည္သလိုနဲ႔ နားမလည္တဲ့ အေၾကာင္းအရာေတြ အမ်ားႀကီးျဖစ္တယ္။ ဒါေပမယ့္လည္း ကြၽန္ေတာ္တို႔ႏွစ္ေယာက္ နားလည္မႈယူၿပီးနားလည္စြာနဲ႔ ျဖတ္သန္းတယ္” လို႔ သူက ဇူလိုင္(၁) ရက္ေန႔က ျပဳလုပ္တဲ့ အနႏၵ Press Show မွာ ေျဖဆိုခဲ့တာပါ။
ဇနီးျဖစ္သူက ဟင္းမခ်က္တတ္ေပမယ့္လည္း စိုးရန္ေအာင္က သူကိုယ္တိုင္ထမင္းဟင္း ခ်က္ေကြၽးတာမ်ိဳး ရွိတယ္လို႔ သက္သခင္က ဆိုပါတယ္။“သက္သခင္က အစကတည္းက ထမင္းဟင္းမခ်က္တတ္ဘူး။ ဆိုေတာ့ သူက ခ်က္ေကြၽးတယ္။ ဒါေပမယ့္ က်န္တဲ့ အိမ္မႈ ကိစၥေတြအားလုံးကေတာ့ သက္သခင္ အကုန္လုပ္ေပးတယ္” လို႔ ေျပာျပခဲ့ပါတယ္။ကေလးအရမ္းခ်စ္တတ္တဲ့ သူတို႔ႏွစ္ဦးက ရင္ေသြးေလး ယူဖို႔လည္း စဥ္းစားေနတယ္လို႔ ဆိုပါတယ္။
“ကြၽန္ေတာ္တို႔ ႏွစ္ေယာက္လုံးက အ႐ိုးသားဆုံး ဝန္ခံရရင္ ကေလး အရမ္းခ်စ္တတ္တယ္။ ကေလးေလးေတြဆိုလည္း တအား ခ်စ္တာ။ ကိုယ့္အနီးအနားမွာလည္း တူေလးေတြ တူမေလးေတြ ရွီတယ္။ တအား ခ်စ္တတ္တယ္။ကြၽန္ေတာ္တို႔ ကိုယ္တိုင္ လည္း လိုခ်င္တယ္။ ကြၽန္ေတာ္တို႔ ကိုယ္တိုင္လည္း အခုခ်ိန္ထိ ႀကိဳးစားေနတုန္းပါ” လို႔ စိုးရန္ေအာင္က ေျပာျပခဲ့ပါတယ္။
အႏုပညာေလာကထဲမွာ ေနရာတစ္ေနရာစီ ခိုင္ခိုင္မာမာရရွိထားတဲ့ သူတို႔ႏွစ္ဦးဟာ ခ်စ္သူသက္တမ္း(၈)ႏွစ္ေက်ာ္မွာ လက္ထပ္ခဲ့ၾကတာပါ။ နားလည္မႈေတြနဲ႔ ခ်စ္သူသက္တမ္းကိုု (၈)ႏွစ္ေက်ာ္ၾကာ ထိန္းသိမ္းႏိုင္ခဲ့တဲ့ သူတို႔အတြဲေလးကလည္း ပရိသတ္ေတြအားက်ရတဲ့ အတြဲတစ္တြဲပါ။သူတို႔ရဲ႕ ေစ့စပ္ေၾကာင္းလမ္းပြဲကို ႏိုဝင္ဘာ(၉)ရက္ေန႔က အင္လ်ားလိတ္ဟိုတယ္မွာ အရင္ဆုံး ျပဳလုပ္ခဲ့တာပါ။ေစ့စပ္ၿပီး လအနည္းငယ္အၾကာ ၂၀၁၈ခုႏွစ္ ဧၿပီ(၆) ရက္ေန႔က ကိုးမိုင္ရွိ ပရိယတၱတိသဒၶမၼပါလ ေအာင္ေျမဘုံသာ သွ်ာမ္းေက်ာင္းတိုက္မွာ မဂၤလာဦးဆြမ္းေကြၽးအလႉ ျပဳလုပ္ခဲ့ပါတယ္။
Credit \\ original
UNICODE
ရင်သွေးလေး လိုချင်နေပြီဆိုတဲ့ စိုးရန်အောင်နဲ့ သက်သခင်
ကလေးအရမ်းချစ်တတ်တဲ့ သူတို့နှစ်ဦးကတော့ ရင်သွေးလေး တစ်ယောက် အရမ်းလိုချင်နေပြီလို့ ဆိုပါတယ်။ သရုပ်ဆောင် စိုးရန်အောင်နဲ့ သက်သခင်တို့က အိမ်ထောင်သက်တမ်း (၁)နှစ်ကျော်ထဲ ရောက်လိုနေပါပြီ။အနုပညာလောကထဲမှာ နေရာတစ်နေရာစီ ရရှိထားတဲ့ သရုပ်ဆောင် စိုးရန်အောင်နဲ့ သက်သခင်တို့ကတော့ အိမ်ထောင်သက်တမ်း (၁)နှစ်ကျော်ထဲ ရောက်ရှိလို့နေပါပြီ။ နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ သူတို့ရဲ့ အိမ်ထောင်ရေးဘဝလေးက အရမ်းကို သာယာလွန်းလှပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တစ်အိုးတစ်အိမ် ထူထောင်တဲ့အချိန်မှာ မျှော်လင့်မထားတဲ့ ကိစ္စတွေအများကြီး ရှိခဲ့ပေမယ့် နားလည်မှုတွေနဲ့ပဲ ဖြတ်သန်းဖြစ်တယ်လို့ စိုးရန်အောင်က ဆိုပါတယ်။
“နားလည်ပါတယ်။ နားလည်ပါတယ်ဆိုတဲ့ နားလည်မှုကို အရေးကြီးဆုံးပါ။ နားလည်တယ်ဆိုပြီး နားမလည်တဲ့ အကြောင်းတွေလည်း အများကြီးပါ။ တစ်ခါတစ်လေလည်း နားလည်ရဲ့သားနဲ့ ဆိုးချင်တာတွေလည်း ရှိတယ်။ ဖြတ်သန်းလာတဲ့တစ်လျှောက်မှာ နားလည်သလိုနဲ့ နားမလည်တဲ့ အကြောင်းအရာတွေ အများကြီးဖြစ်တယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့နှစ်ယောက် နားလည်မှုယူပြီးနားလည်စွာနဲ့ ဖြတ်သန်းတယ်” လို့ သူက ဇူလိုင်(၁) ရက်နေ့က ပြုလုပ်တဲ့ အနန္ဒ Press Show မှာ ဖြေဆိုခဲ့တာပါ။
ဇနီးဖြစ်သူက ဟင်းမချက်တတ်ပေမယ့်လည်း စိုးရန်အောင်က သူကိုယ်တိုင်ထမင်းဟင်း ချက်ကျွေးတာမျိုး ရှိတယ်လို့ သက်သခင်က ဆိုပါတယ်။“သက်သခင်က အစကတည်းက ထမင်းဟင်းမချက်တတ်ဘူး။ ဆိုတော့ သူက ချက်ကျွေးတယ်။ ဒါပေမယ့် ကျန်တဲ့ အိမ်မှု ကိစ္စတွေအားလုံးကတော့ သက်သခင် အကုန်လုပ်ပေးတယ်” လို့ ပြောပြခဲ့ပါတယ်။ကလေးအရမ်းချစ်တတ်တဲ့ သူတို့နှစ်ဦးက ရင်သွေးလေး ယူဖို့လည်း စဉ်းစားနေတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ နှစ်ယောက်လုံးက အရိုးသားဆုံး ဝန်ခံရရင် ကလေး အရမ်းချစ်တတ်တယ်။ ကလေးလေးတွေဆိုလည်း တအား ချစ်တာ။ ကိုယ့်အနီးအနားမှာလည်း တူလေးတွေ တူမလေးတွေ ရှီတယ်။ တအား ချစ်တတ်တယ်။ကျွန်တော်တို့ ကိုယ်တိုင် လည်း လိုချင်တယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အခုချိန်ထိ ကြိုးစားနေတုန်းပါ” လို့ စိုးရန်အောင်က ပြောပြခဲ့ပါတယ်။
အနုပညာလောကထဲမှာ နေရာတစ်နေရာစီ ခိုင်ခိုင်မာမာရရှိထားတဲ့ သူတို့နှစ်ဦးဟာ ချစ်သူသက်တမ်း(၈)နှစ်ကျော်မှာ လက်ထပ်ခဲ့ကြတာပါ။ နားလည်မှုတွေနဲ့ ချစ်သူသက်တမ်းကို (၈)နှစ်ကျော်ကြာ ထိန်းသိမ်းနိုင်ခဲ့တဲ့ သူတို့အတွဲလေးကလည်း ပရိသတ်တွေအားကျရတဲ့ အတွဲတစ်တွဲပါ။
သူတို့ရဲ့ စေ့စပ်ကြောင်းလမ်းပွဲကို နိုဝင်ဘာ(၉)ရက်နေ့က အင်လျားလိတ်ဟိုတယ်မှာ အရင်ဆုံး ပြုလုပ်ခဲ့တာပါ။စေ့စပ်ပြီး လအနည်းငယ်အကြာ ၂၀၁၈ခုနှစ် ဧပြီ(၆) ရက်နေ့က ကိုးမိုင်ရှိ ပရိယတ္တတိသဒ္ဓမ္မပါလ အောင်မြေဘုံသာ သျှာမ်းကျောင်းတိုက်မှာ မင်္ဂလာဦးဆွမ်းကျွေးအလှူ ပြုလုပ်ခဲ့ပါတယ်။
Credit \\ original