“ၿဖဳံဘူး႐ြာဓေလ့အေၾကာင္းေတြကို ကိုယ္တိုင္ေလ့လာေနၿပီျဖစ္တဲ့ ဝတ္မႈံေ႐ႊရည္”
ဝတ္မႈံေရႊရည္ တစ္ေယာက္ ခင္ေႏွာင္းကာရိုက္တာျဖစ္လာဖုိ႔ တကယ့္ကုိ ၿဖဳံဘူးရြာသူေလး တစ္ေယာက္လုိ ေလ့က်င့္ေရးေတြ လုပ္ေနပါၿပီ။ ၿဖဳံဘူးရြာရဲ႕ ဓေလ့ေတြကုိလည္း သူမအတြက္ ေလ့လာလုိ႔ မဆုံးႏုိင္ေအာင္ ျဖစ္ေနပါၿပီတဲ့။
သရုပ္ေဆာင္ ဝတ္မႈံေရႊရည္ဟာ ‘’ဝတ္လဲေတာ္ ေရႊပုဆုိး တန္းထုိးလုိ႔ႀကိဳမယ္’’ ရုပ္ရွင္ကားႀကီး ရုိက္ဖုိ႔အတြက္ ေရစႀကိဳၿမိဳ႕အေက်ာ္က ၿဖဳံဘူးရြာသူေလး ခင္ေႏွာင္းျဖစ္ဖုိ႔ ႀကိဳးစားေနတာ ေတြ႔ရပါတယ္။ ဒီလုိ ႀကိဳးစားေနတဲ့အခ်ိန္ကေတာ့ သူမအတြက္ မေမ့ႏုိင္စရာ အမွတ္တရေတြ မ်ားေနတယ္လုိ႔ ဆုိပါတယ္။
‘’ဝတ္လဲေတာ္ေရႊပုဆိုးတန္းထုိးလို႔ ႀကိဳမယ္’’ ဇာတ္ကားႀကီး မ႐ိုက္ခင္ျဖံဳဘူးရြာဓေလ့ မ်ားကိုကြင္းဆင္းေလ့လာ ေနတဲ႕အမွတ္တရေန့ရက္မ်ား။ ဇာတ္ကားအတြက္ဆို ေပမယ့္ကစ္အတြက္ေတာ့တကယ့္ကို မေမ့ႏိုင္စရာအေတြ႔အၾကံဳ ေတြနဲ႔ေပ်ာ္စရာ ေန႔ရက္ေတြပါ။ ဇာတ္ကားစ႐ိုက္ေတာ့မယ္ဆိုရင္လည္း ပံုေလးေတြ တင္ေပးမယ္ေနာ့။ ဒါခင္ေႏွာင္းအစစ္ မဟုတ္ေသးဘူးေနာ့’’ ဆုိၿပီးေတာ့ ဇူလုိင္လ ၁၇ ရက္ေန႔ ည ၇ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။
‘’ဝတ္လဲေတာ္ ေရႊပုဆုိး တန္းထုိးလုိ႔ ႀကိဳမယ္’’ ရုပ္ရွင္ဇာတ္ကားႀကီးဟာ နာမည္ေက်ာ္စာေရးဆရာမႀကီး ခင္ခင္ထူးရဲ႕ ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ ဝတၳဳစာအုပ္တစ္အုပ္ျဖစ္ပါတယ္။ ဒီ ဝတၳဳကုိ အေျခခံၿပီး ရုပ္ရွင္ဇာတ္ကားႀကီး တစ္ကားအျဖစ္ ဇူလုိင္လ ၁၇ ရက္ေန႔မနက္က ကန္ေတာ့ပြဲေပးရင္း စတင္ရုိက္ကူးေနၿပီလုိ႔ သိရပါတယ္။ ဒီဇာတ္ကားထဲမွာေတာ့ အဓိက သရုပ္ေဆာင္မ်ားအေနနဲ႔ ေဒါင္း၊ ထူးေအာင္၊ မုိ႔မုိ႔ျမင့္ေအာင္၊ ဝတ္မႈံေရႊရည္တုိ႔က ပါဝင္သရုပ္ေဆာင္သြားမွာျဖစ္ပါတယ္။
ဝတ္မံႈေရႊရည္ဟာ ၂၀၁၃ခုႏွစ္မွာ “နင္ေစရင္” ရုပ္ရွင္ဇာတ္ကားနဲ႕ အေကာင္းဆံုး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ရရွိခဲ့ၿပီး အဲ့ဒီအကယ္ဒမီ ေရႊၾကယ္ကိုလည္း ၂၀၁၅ခုႏွစ္၊ ေဖေဖာ္ဝါရီ (၁)ရက္ေန႕က ေမွာ္ဘီၿမိဳ႕ရွိ ေအာင္ဇဗၺဴေတာ ရေက်ာင္းတိုက္မွာ လွဴဒါန္းခဲ့ပါတယ္။ သူမဟာ ၂၀၁၄ခုႏွစ္မွာေတာ့ “ႏွလံုးသားနဲ႕ျပဳလုပ္သည္” ရုပ္ရွင္ဇာတ္ကားႀကီး နဲ႕ အေကာင္းဆံုး အမ်ိဳးသမီးဇာတ္ပို႕ဆုကိုလည္း ရ႐ွိထားပါတယ္။
Credit: Duwun
Unicode Version
ဝတ်မှုံရွှေရည် တစ်ယောက် ခင်နှောင်းကာရိုက်တာဖြစ်လာဖို့ တကယ့်ကို ဖြုံဘူးရွာသူလေး တစ်ယောက်လို လေ့ကျင့်ရေးတွေ လုပ်နေပါပြီ။ ဖြုံဘူးရွာရဲ့ ဓလေ့တွေကိုလည်း သူမအတွက် လေ့လာလို့ မဆုံးနိုင်အောင် ဖြစ်နေပါပြီတဲ့။
သရုပ်ဆောင် ဝတ်မှုံရွှေရည်ဟာ ‘’ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်’’ ရုပ်ရှင်ကားကြီး ရိုက်ဖို့အတွက် ရေစကြိုမြို့အကျော်က ဖြုံဘူးရွာသူလေး ခင်နှောင်းဖြစ်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ ဒီလို ကြိုးစားနေတဲ့အချိန်ကတော့ သူမအတွက် မမေ့နိုင်စရာ အမှတ်တရတွေ များနေတယ်လို့ ဆိုပါတယ်။
‘’ဝတ်လဲတော်ရွှေပုဆိုးတန်းထိုးလို့ ကြိုမယ်’’ ဇာတ်ကားကြီး မရိုက်ခင်ဖြုံဘူးရွာဓလေ့ များကိုကွင်းဆင်းလေ့လာ နေတဲ့အမှတ်တရနေ့ရက်များ။ ဇာတ်ကားအတွက်ဆို ပေမယ့်ကစ်အတွက်တော့တကယ့်ကို မမေ့နိုင်စရာအတွေ့အကြုံ တွေနဲ့ပျော်စရာ နေ့ရက်တွေပါ။ ဇာတ်ကားစရိုက်တော့မယ်ဆိုရင်လည်း ပုံလေးတွေ တင်ပေးမယ်နော့။ ဒါခင်နှောင်းအစစ် မဟုတ်သေးဘူးနော့’’ ဆိုပြီးတော့ ဇူလိုင်လ ၁၇ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
‘’ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ ကြိုမယ်’’ ရုပ်ရှင်ဇာတ်ကားကြီးဟာ နာမည်ကျော်စာရေးဆရာမကြီး ခင်ခင်ထူးရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ဝတ္ထုစာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီ ဝတ္ထုကို အခြေခံပြီး ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားအဖြစ် ဇူလိုင်လ ၁၇ ရက်နေ့မနက်က ကန်တော့ပွဲပေးရင်း စတင်ရိုက်ကူးနေပြီလို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အဓိက သရုပ်ဆောင်များအနေနဲ့ ဒေါင်း၊ ထူးအောင်၊ မို့မို့မြင့်အောင်၊ ဝတ်မှုံရွှေရည်တို့က ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ “နင်စေရင်” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ “နှလုံးသားနဲ့ပြုလုပ်သည်” ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။
Credit: Duwun