Latest Posts

အနုပညာကြေးလေးတွေကိုစုပြီး အမေ့ကိုအပ်ခဲ့တဲ့အပြင်ပိုလျှံတဲ့ငွေနဲ့အလှူလုပ်ခဲ့တဲ့ နေဆန်း



နေဆန်းကတော့ မွန်တိုင်းရင်းသားလေး တစ်ဦးဖြစ်ပြီး လူမှုကွန်ရက်စာမျက်နှာထက်ကနေ ဟာသဗီဒီယိုလေးတွေ လူသိများလာတာပဲဖြစ်ပြီး ဟာသဗီဒီယိုလေးတွေအပြင် ပညာပေးဗီဒီယိုလေးတွေကိုလည်းတင် ဆက်ပေးလေ့ရှိသူပဲဖြစ်ပါတယ်။ သူ့ရဲ့ ဗီဒီယို ဇာတ်လမ်းလေးတွေကို ပရိသတ်တွေက အချိန်နဲ့တပြေးညီ စောင့်ကြည့်အားပေးရတဲ့အထိ ကြိုက်နှစ်သက်ကြတာပဲ ဖြစ်ပါတယ်။


အလှူအတန်းတွေလည်းမကြာခဏလုပ်လေ့ရှိသူဖြစ်တဲ့နေဆန်းဟာ မကြာသေးမီက နေဆန်းဟာမွေးရပ်မြေဖြစ်တဲ့ မွန်ပြည်နယ် ၊ မော်လမြိုင်မြို့က Food Boxမှာ မုန့် တွေကိုသွားရောက်လှူဒါန်း ခဲ့ပြီး မိဘအပေါ်မှာလည်း သိတတ်ကာ အလုပ်အကျွေးပြုစုနေသူဖြစ်ပါတယ်။ စကားပြောပွင့်လင်းပြီး ရိုးသားတဲ့သူ့ကို မိန်းကလေးပရိသတ်တွေကလည်း အမှန်အကန်အားပေးဝန်းရံကြတာပဲ ဖြစ်ပါတယ်။




လက်ရှိမှာတော့ သူ့ရဲ့အနုပညာကြေးတွေကို မိဘတွေဆီအပ်ပြီး ဆွမ်းကျွေးအလှူလေးလည်းပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။” စုထားတဲ့အနုပညာကြေးငွေတွေကို အမေ့လက်ထဲအပ်တယ်။ပြီးတော့ဒီနေ့ ဆွမ်းကျွေးကုသိုလ်လည်း လုပ်ခဲ့တယ်” လို့ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပုံရိပ်လေးတွေနဲ့ အတူ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။




Credit \\  original