“ဒဏ္ဍာရီမိုး” ရုပ်ရှင်ကြည့်ပြီးရင် သူ့ရဲ့သရုပ်ဆောင်ချက်တွေကို ဝေဖန်အကြံပြုပေးပါဦးဆိုတဲ့ ရွှေထူး
ချစ်ပရိသတ်တွေအတွက် သူ့ရဲ့တတိယောက်မြောက် ရုပ်ရှင်ဇာတ်ကားကြီးအတွက် ရင်ခုန်နေတဲ့ အဆိုတော် သရုပ်ဆောင် ရွှေထူးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ရွှေထူးကတော့ ” ပညာလည်းရသလို … အရမ်းလည်းရှိန်ခဲ့ရပါတယ် … ကိုရဲတိုက်ရဲ့မျက်လုံး စေ့စေ့ကြည့်ပြီးသရုပ်ဆောင်ဖို့ စိုးရိမ်စိတ်များစွာနဲ့ အကောင်းဆုံး ကြိုးစားထားပါတယ် … July11 ဒဏ္ဏာရီမိုး ကျွန်တော့်ပါဝင်ထားတဲ့ တတိယမြောက်ရုပ်ရှင်ကားကြီးရုံတင်ပါပြီ … ရုပ်ရှင် ကြည့်ပြီးသွားတဲ့ ပရိသတ်တိုင်း အခြားမင်းသားများကို သွားအားပေးဖို့ ကြည့်ရင်ပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ သရုပ်ဆောင်မှုလေးပါ ကြည့်ပေးရင်း ဝေဖန်အကြံပြုပေးကြပါဦး … ဒီဇာတ်ကားအတွက် အစစအရာရာ သင်ပြ စေတနာထားပေးကြတဲ့ … ဒဏ္ဏာရီမိုး အဖွဲ့သားအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ …
အားပေးကြမယ့် ပရိသတ်များကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ … အကောင်းဆုံးကြိုးစားတဲ့ ကျွန်တော့်ကိုကျွန်တော်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ … လေးစားလျက် ရွှေထူး” ဆိုပြီး စီနီယာဖြစ်တဲ့ ရဲတိုက်ကို ရှိန်ပြီး စိုးရိမ်စိတ်များစွာနဲ့ သရုပ်ဆောင်ခဲ့ရတဲ့အကြောင်းရယ်၊ အခြားမင်းသားတွေကို အားပေးဖို့ သွားကြည့်တယ်ဆိုရင်တောင် ကျွန်တော့ရဲ့သရုပ်ဆောင်မှုလေးပါ ကြည့်ပေးပါဆိုပြီး ပရိသတ်တွေကို တောင်းဆိုထားတာပါ။
ရွှေထူးပါဝင်သရုပ်ဆောင်ထားတဲ့ “ပက်ပက်စက်စက်ညှို့” နဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်တွေကြားမှာ အောင်မြင်မှုတွေရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ “ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ ရဲတိုက်၊ ဒေါင်း၊ ရွှေထူးနဲ့ ဝတ်မှုံရွှေရည်တို့က အဓိကပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ “ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ လာမယ့် ဂျူလိုင်လ ၁၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာပါ။ချစ်ပရိသတ်တွေလည်း “ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသရင် သွားကြည့်ပြီး ရွှေထူးရဲ့သရုပ်ဆောင်ချက်လေးတွေကို ဝေဖန်အကြံပြုပေးခဲ့ကြပါဦးနော်။
Source;Htoo Khant’s Facebook,CRD-MOMOLAY