ခင်ပွန်းရိုက်ပေးတဲ့ ပုံလှလှလေးတွေကို တင်လိုက်တဲ့ ပိုင်ဖြိုးသု
ရယ်လိုက်ရင် အရမ်းချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ ဝါသနာပါရာ အနုပညာအလုပ်တွေလုပ်ရင်း သာယာတဲ့ အိမ်ထောင်ရေးကို ပုံဖော်နေတာပါ။ စိတ်တူကိုယ်တူ ဝါသနာတူတဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားတဲ့ ပိုင်ဖြိုးသုကတော့ သူမဝါသနာပါရာ အနုပညာကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ရသူလေးပဲ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ပိုင်ဖြိုးသုက ခင်ပွန်းနဲ့အတူ ခရီးထွက်ရင်း ရိုက်ကူးထားတဲ့ အလှပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဓါတ်ဖမ်းတာတော်တဲ့ ခင်ပွန်းရဲ့ကင်မရာရိုက်ချက်တွေအောက်မှာ သုသုတစ်ယောက် အရမ်းချစ်ဖို့ကောင်းနေတာပါနော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် အမြဲလိုလို ပျော်ပျော်နေတတ်တဲ့ ပိုင်ဖြိုးသုရဲ့အလှပုံရိပ်လေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။
ပိုင်ဖြိုးသုကတော့ “Life is too short. So, I would rather chase my dreams than the fame & the money 😍📸 – Na Gyi” ဆိုပြီး သူမရဲ့ချစ်စရာကောင်းတဲ့ ခရီးသွားပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။
ကလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့ ပိုင်ဖြိုးသုကတော့ မကြာခဏဆိုသလို ခင်ပွန်းကို ကလေးလို ချွဲတတ်သူလေးမို့ ပရိသတ်တွေကလည်း ချစ်မဝဖြစ်နေကြရတာပါ။
အကယ်ဒမီရ မင်းသမီးလေးကလည်း တကယ့် ကလေးလေးလိုပဲနော်…။
အနုပညာကို ချစ်မြတ်နိုးကြတာချင်းတူတဲ့ ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံနှစ်ဦးကတော့ ချစ်ရတဲ့အနုပညာအလုပ်တွေလုပ်ရင်း သာယာပျော်ရွင်တဲ့ အိမ်ထောင်မှုဘဝလေးကို ဖန်တီးပုံဖော်ထားတာပါ။ ဒါရိုက်တာ ဏကြီး ပုံဖော်ရိုက်ကူးထားတဲ့ “မီ” ရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်တွေရဲ့ အားပေးနှစ်ခြိုက်ခြင်းကို အပြည့်အဝရရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ခရီးထွက်ရင်းပျော်နေတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Paing Phyoe Thu’s Facebook
Credit \\ original





