Latest Posts

ေက်ာက္သားျဖင့္ ပူေဇာ္ထုလုပ္ထားေသာ ကမာၻ႕အၾကီးဆံုး ဗုဒၶရုပ္ပြားေတာ္ျမတ္ၾကီး



ဗုဒၶရုပ္ပြားေတာ္ျမတ္ေတြကို ဂ်ပန္ျပည္၊ တရုတ္ျပည္ေတြမွာ ေတာ္ေတာ္ေလးကို ဥာဏ္ေတာ္ျမင့္ျမင့္ (အၾကီးၾကီး) ထုဆစ္ပူေဇာ္ခဲ့ၾကပါတယ္။ ဂ်ပန္ႏုိင္ငံမွာဆိုရင္လည္း ဒီလို ရုပ္ပြားေတာ္ျမတ္ၾကီးရွိသလို အခုတစ္ေခါက္ေဖာ္ျပေပးမွာက တရုတ္ျပည္ကပါ။ ထူးဆန္းတာက ေက်ာက္သားေတြကို ထြင္းထုပူေဇာ္ထားတာျဖစ္ျပီး၊ တကယ့္ကို ၾကည္ညိဳပူေဇာ္ဖြယ္ရာ ျဖစ္ခဲ့ပါတယ္။


တရုတ္ႏိုင္ငံ၊ စီခၽြမ္ျပည္နယ္၊ ေလရွန္ျမိဳ႕ရဲ႕ အေရွ႕ဖက္မွာ တည္ရွိတဲ့ ေလရွန္ ဗုဒၶရုပ္ပြားေတာ္ျမတ္ၾကီးဟာ ယူနက္စကိုက တရား၀င္အသိအမွတ္ျပဳထားတဲ့ေနရာလည္း ျဖစ္ပါတယ္။ (၁၉၉၆)ခုႏွစ္မွာ အတည္ျပဳေပးခဲ့တာျဖစ္ျပီး၊ သိပ္မၾကာေသးတဲ့ ဆယ္စုႏွစ္တစ္ခုကမွလို႔ ဆိုလို႔ရပါတယ္။ ရုပ္ပြားေတာ္ျမတ္တည္ရွိရာေနရာက ျမစ္သံုးခုေပါင္းဆံုတဲ့ေနရာျဖစ္ေနတာကလည္း ထူးဆန္းေနပါတယ္။



တန္မင္းဆက္ (၇၁၃)ခုႏွစ္မွာ စတင္ ထုလုပ္ပူေဇာ္ခဲ့ျပီး၊ (၈၀၃)ခုႏွစ္အေရာက္မွေတာ့ ေလရွန္ရုပ္ပြားေတာ္ျမတ္ၾကီးကို ျပီးစးခဲ့ပါတယ္။ ႏွစ္ေပါင္း (၉၀)ေလာက္ကို အလုပ္သမားေတြဟာ မေနမနား ၾကိဳးစားခဲ့ရသလို အင္အားအမ်ားၾကီးသံုးျပီး အေကာင္အထည္ေဖာ္ခဲ့ရတယ္လို႔ ဆိုပါတယ္။ ေက်ာက္သားနဲ႔ ပူေဇာ္ထားတဲ့ ရုပ္ပြားေတာ္ျမတ္ေတြထဲမွာ ကမာၻ႕အၾကီးဆံုး စံခ်ိန္၀င္ထားပါတယ္။

ဥာဏ္ေတာ္အျမင့္ (၂၃၃)ေပ ရွိတဲ့ ရုပ္ပြားေတာ္ျမတ္ၾကီးဟာ လက္ေခ်ာင္းေတာ္က (၂၇)ေပ၊ ေျခဖမိုးေတာ္က ေပ (၃၀) နဲ႔ ပုခံုေတာ္က (၇၉)ေပ အက်ယ္အရွည္ေတြ ရွိတယ္လို႔ သိရပါတယ္။ စတင္သြန္းလုပ္ဖို႔ အၾကံေပးခဲ့တာက ဘုန္းေတာ္ၾကီး ဟိုင္တုန္ဟာ ျမစ္ေရသံုးခုေပါင္းဆံုတည္ရွိေနတဲ့ ေဒသမွာ သဘာ၀ေဘးအႏၱရာယ္ကို ကာကြယ္ဖို႔ ျမတ္ဗုဒၶရဲ႕ အရိပ္အာ၀ါသေအာက္မွာ ရွိေစရန္အလို႔ငွာ တည္ထားကိုးကြယ္ခဲ့ပါတယ္။



တကယ္တမ္းမွာေတာ့ ဒီထပ္ဆန္းျပားတဲ့ အႏၱရာယ္ေတြၾကံဳလာႏုိင္ဖို႔ ရွိခဲ့ျပီး၊ ေဒသေနျပည္သူေတြ ၀တ္ျပဳဆုေတာင္းဖို႔အတြက္ တည္ထားေနစဥ္မွာပဲ ဘုန္းေတာ္ၾကီးဟာ ပ်ံလြန္ေတာ္မူခဲ့ပါတယ္။ တစ္၀က္ေလာက္ပဲ ျပီးစီးေသးေပမဲ့ ဆက္လက္ေဆာင္ရြက္ခဲ့ၾကျပီး၊ ဒီေန႔ေခတ္မွာ လူအမ်ားၾကည္ညိဳဖြယ္ရာ ဗုဒၶရုပ္ပြားေတာ္ျမတ္ၾကီးအျဖစ္ တည္ရွိလာပါတယ္။



လက္ရွိမွာ တရုတ္ျပည္ကို တကူးတက လာဖူးရတဲ့ အဓိက ခရီးသြားေနရာ ျဖစ္ေနျပီး၊ ကမာၻအႏွံ႕ႏွံ႕က ခရီးသြားေတြကလည္း ထူးျခားဆန္းၾကယ္ခဲ့မႈေတြကို ၾကည္႔ရင္း ေန႔တုိင္းတဖြဲဖြဲလာေနၾကပါတယ္။

Credit  \\  original

ကျောက်သားဖြင့် ပူဇော်ထုလုပ်ထားသော ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး

ဗုဒ္ဓရုပ်ပွားတော်မြတ်တွေကို ဂျပန်ပြည်၊ တရုတ်ပြည်တွေမှာ တော်တော်လေးကို ဉာဏ်တော်မြင့်မြင့် (အကြီးကြီး) ထုဆစ်ပူဇော်ခဲ့ကြပါတယ်။ ဂျပန်နိုင်ငံမှာဆိုရင်လည်း ဒီလို ရုပ်ပွားတော်မြတ်ကြီးရှိသလို အခုတစ်ခေါက်ဖော်ပြပေးမှာက တရုတ်ပြည်ကပါ။ ထူးဆန်းတာက ကျောက်သားတွေကို ထွင်းထုပူဇော်ထားတာဖြစ်ပြီး၊ တကယ့်ကို ကြည်ညိုပူဇော်ဖွယ်ရာ ဖြစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်၊ လေရှန်မြို့ရဲ့ အရှေ့ဖက်မှာ တည်ရှိတဲ့ လေရှန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဟာ ယူနက်စကိုက တရားဝင်အသိအမှတ်ပြုထားတဲ့နေရာလည်း ဖြစ်ပါတယ်။ (၁၉၉၆)ခုနှစ်မှာ အတည်ပြုပေးခဲ့တာဖြစ်ပြီး၊ သိပ်မကြာသေးတဲ့ ဆယ်စုနှစ်တစ်ခုကမှလို့ ဆိုလို့ရပါတယ်။ ရုပ်ပွားတော်မြတ်တည်ရှိရာနေရာက မြစ်သုံးခုပေါင်းဆုံတဲ့နေရာဖြစ်နေတာကလည်း ထူးဆန်းနေပါတယ်။

တန်မင်းဆက် (၇၁၃)ခုနှစ်မှာ စတင် ထုလုပ်ပူဇော်ခဲ့ပြီး၊ (၈၀၃)ခုနှစ်အရောက်မှတော့ လေရှန်ရုပ်ပွားတော်မြတ်ကြီးကို ပြီးစးခဲ့ပါတယ်။ နှစ်ပေါင်း (၉၀)လောက်ကို အလုပ်သမားတွေဟာ မနေမနား ကြိုးစားခဲ့ရသလို အင်အားအများကြီးသုံးပြီး အကောင်အထည်ဖော်ခဲ့ရတယ်လို့ ဆိုပါတယ်။ ကျောက်သားနဲ့ ပူဇော်ထားတဲ့ ရုပ်ပွားတော်မြတ်တွေထဲမှာ ကမ္ဘာ့အကြီးဆုံး စံချိန်ဝင်ထားပါတယ်။

ဉာဏ်တော်အမြင့် (၂၃၃)ပေ ရှိတဲ့ ရုပ်ပွားတော်မြတ်ကြီးဟာ လက်ချောင်းတော်က (၂၇)ပေ၊ ခြေဖမိုးတော်က ပေ (၃၀) နဲ့ ပုခုံတော်က (၇၉)ပေ အကျယ်အရှည်တွေ ရှိတယ်လို့ သိရပါတယ်။ စတင်သွန်းလုပ်ဖို့ အကြံပေးခဲ့တာက ဘုန်းတော်ကြီး ဟိုင်တုန်ဟာ မြစ်ရေသုံးခုပေါင်းဆုံတည်ရှိနေတဲ့ ဒေသမှာ သဘာဝဘေးအန္တရာယ်ကို ကာကွယ်ဖို့ မြတ်ဗုဒ္ဓရဲ့ အရိပ်အာဝါသအောက်မှာ ရှိစေရန်အလို့ငှာ တည်ထားကိုးကွယ်ခဲ့ပါတယ်။

တကယ်တမ်းမှာတော့ ဒီထပ်ဆန်းပြားတဲ့ အန္တရာယ်တွေကြုံလာနိုင်ဖို့ ရှိခဲ့ပြီး၊ ဒေသနေပြည်သူတွေ ဝတ်ပြုဆုတောင်းဖို့အတွက် တည်ထားနေစဉ်မှာပဲ ဘုန်းတော်ကြီးဟာ ပျံလွန်တော်မူခဲ့ပါတယ်။ တစ်ဝက်လောက်ပဲ ပြီးစီးသေးပေမဲ့ ဆက်လက်ဆောင်ရွက်ခဲ့ကြပြီး၊ ဒီနေ့ခေတ်မှာ လူအများကြည်ညိုဖွယ်ရာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် တည်ရှိလာပါတယ်။

လက်ရှိမှာ တရုတ်ပြည်ကို တကူးတက လာဖူးရတဲ့ အဓိက ခရီးသွားနေရာ ဖြစ်နေပြီး၊ ကမ္ဘာအနှံ့နှံ့က ခရီးသွားတွေကလည်း ထူးခြားဆန်းကြယ်ခဲ့မှုတွေကို ကြည့်ရင်း နေ့တိုင်းတဖွဲဖွဲလာနေကြပါတယ်။

Credit  \\  original