Latest Posts

သူငယ်တန်းကတည်းက ရည်းစားစာအပေးခံခဲ့ရတယ်ဆိုတဲ့ ယွန်းယွန်း



ယွန်းယွန်းကတော့ ပရိသတ်တွေမျက်စိရှေ့မှာတင် ကြီးပြင်းလာခဲ့တဲ့ ချစ်စရာကောင်းတဲ့ သရုပ်ဆောင်ကောင်မလေးဖြစ်ပြီး ကလေးသရုပ်ဆောင်ဘဝမှာကတည်းကကျရာဇာတ်ရုပ်တိုင်းမှာ ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့အသည်းကို ကိုင်လှုပ်နိုင်ခဲ့သူပါ။အခုတော့ ယွန်းယွန်းက အပျိုကြီးဖားဖားဖြစ်နေပြီဖြစ်ပြီး ခေါင်းဆောင်မင်းသမီးအဖြစ်သရုပ်ဆောင်ဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။



အကယ်ဒမီယွန်းယွန်းဟာ မကြာသေးမီက Popular Journal နဲ့ အင်တာဗျူးမှာ သူမရဲ့ ပထမဆုံးအချစ်အကြောင်းနဲ့ သူငယ်တန်းကတည်းက ရည်းစားစာအပေးခံခဲ့ရတယ်ဆိုတဲ့အကြောင်း ဖောက်သည်ချပြောပြလာခဲ့ပါတယ်။

ယွန်းယွန်းက ပထမဆုံးချစ်မိတဲ့ crush က ထိုင်းမင်းသား Mario လို့ဆိုပါတယ်။ “မာရီယို၊ Crazy Little Thing Called Love ထဲက မာရီယိုကိုကြိုက်တယ်”လို့ဖြေထားပြီး ပထမဆုံးရည်းစားစာအပေးခံခဲ့ရတဲ့အကြောင်းကိုတော့ “ခြောက်နှစ်တုန်းက သူငယ်တန်းပေါ့။ ဘယ်လိုအပေးခံရလဲဆိုတော့ အတန်းထဲကပဲ။ထမင်းချိုင့်ထဲမှာလာထည့်သွားတာ။

မသိဘူး။ Lunch Break ကျတော့မှထမင်းချိုင့်ကိုသွားဖွင့်တော့ တွေ့တာ”လို့ ရယ်မောရင်းပြောပြထားပါတယ်။

ုပထမဆုံးချစ်သူများနေ့မှာလက်ဆောင်ရဖူးတာကိုလည်း ယွန်းယွန်းက “အဲ့လို Desk အောက်မှာ လာထည့်သွားတာပဲ။ ပန်းတွေတို့ ချောကလက်တွေတို့ရဖူးတယ်။ ဒါပေမယ့် ဘယ်သူပေးမှန်းမသိဘူး။ ယွန်းယွန်းကတော့ ချစ်သူများနေ့မှာ Marshmellow လေးတွေ သူငယ်ချင်းတွေကိုကျွေးတယ်”လို့ ဖြေထားပါတယ်။ ယွန်းယွန်းက သူ့ရဲ့ပထမဆုံးတွေအကြောင်းကိုတော့ “ပထမဆုံးအနမ်းကတော့ မေမေ၊ဒါမှမဟုတ်ဖေဖေဖြစ်မယ်။

ပထမဆုံးရည်းစားထားဖူးတဲ့အရွယ်ကိုတော့ ဖြေလို့မရသေးဘူး။ ပထဆုံးကိုင်ဖူးတဲ့ဖုန်းက iPhone 5S ပထမဆုံးချက်ဖူးတဲ့ဟင်းက ဂဏန်းကော်ရည်ခေါက်ဆွဲ။ပထမဆုံးအိမ်ကမသိအောင် ခိုးလုပ်ဖုးတဲ့အရာတော့ မရှိဘူး။ လုပ်သမျှအကုန်သိတယ်”လို့လည်းဖြေထားပါတယ်။



တက္ကသိုလ်မှာ စိတ်ပညာကျောင်းသူတစ်ဦးဖြစ်တဲ့ ယွန်းယွန်းက တက္ကသိုလ်တက်ရတဲ့ခံစားချက်ကို “အရမ်းပျော်တာပဲ။

Highschool ထိက အမြဲတမ်း မိဘတွေအနားမှာရှိတယ်။ Highschool ပြီးတော့ တက္ကသိုလ်တက်တော့ ပထမဆုံးလွပ်လပ်တဲ့အမှတ်တရဆိုတော့ အရမ်းပျော်တယ်။ ပထမဆုံးကျောင်းပြေးဖူးတာကတော့ First Year တုန်းက။ ပထမဆုံးအပြင်မှာသိတဲ့ အနုပညာရှင်ကတော့ ဦးကျော်ဟိန်းပါ”လို့ပြောပြသွားပါတယ်။

ယွန်းယွန်းဟာ လက်ရှိမှာ အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်နေသလို ပွဲတက်တွေလည်းလက်ခံပြီးပရိသတ်တွေနဲ့ ထိတွေ့မှုမပျက်သွားအောင်ကြိုးစားနေပါတယ်။

ပရိသတ်တွေက ယွန်းယွန်းကိုရုပ်ရှင်ဇာတ်ကားတွေမှာ ခေါင်းဆောင်မင်းသမီးအဖြစ်အမြန်မြင်ချင်နေပြီဖြစ်ပေမယ့်လည်း ယွန်းယွန်းက စကောစကအရွယ်ဖြစ်နေတာမို့ ပရိသတ်တွေအတွက်လည်းကြည့်ရှု့ရတာအကျိုးရှိပြီး အရွယ်နဲ့လည်းလိုက်ဖက်တဲ့ ကာရိုက်တာမျိုးကိုသရုပ်ဆောင်သွားမယ်လို့အင်တာဗျူးတွေမှာဖြေထားပါတယ်။ ဒါ့အပြင် စိတ်ပညာကျောင်းသူတစ်ဦးဖြစ်တဲ့ယွန်းယွန်းက

စိတ်ပညာနဲ့ ပတ်သက်တဲ့ဇာတ်ရုပ်တွေကို သရုပ်ဆောင်ချင်တယ်လို့လည်းပြောထားပါသေးတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ယွန်းယွန်းကိုချစ်ကြလား။ယွန်းယွန်းရဲ့နောက်ထပ်အနုပညာလှုပ်ရှားမှုတွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Credit  \\  original