အိမ္သို႔လာကန္ေတာ့သည့္ တပည့္ေဟာင္းက က်ပ္သိန္း ၈၀ ေက်ာ္ လုယူထြက္ေျပး
မႏၲေလး၊ အမရပူရၿမိဳ႕နယ္၊ ထုံးဘိုေတာင္ေက်း႐ြာတြင္ ဆရာျဖစ္သူ၏ေနအိမ္သို႔ လာေရာက္ကန္ေတာ့သည့္ အမ်ိဳးသားက ေငြက်ပ္သိန္း ရွစ္ဆယ္ေက်ာ္ကို လုယူထြက္ေျပးမႈ ဇူလိုင္လ ၅ ရက္ေန႕က ျဖစ္ပြားခဲ့ေၾကာင္း တိုင္းရဲတပ္ဖြဲ႕ထံမွ စုံစမ္းသိရွိရသည္။
ယင္းေန႕က အသက္ ၆၅ ႏွစ္အ႐ြယ္ ေဒၚစန္းၿမိဳင္သည္ ေနအိမ္တြင္ ညတစ္ဦးတည္းရွိေနစဥ္ ခင္ပြန္းျဖစ္သူ၏လုပ္ငန္းခြင္တြင္ တပည့္အျဖစ္ ပညာသင္ေပးခဲ့ဖူးသူ အသက္၂၆ ႏွစ္အ႐ြယ္ မ်ိဳးမင္းဟန္က လာေရာက္ကန္ေတာ့ခဲ့ျခင္းျဖစ္ၿပီး ေဒၚစန္းၿမိဳင္က မုန႔္ဖိုးေပးရန္အတြက္ အိပ္ခန္းအတြင္းဝင္ေရာက္ေနစဥ္ ၎ကလိုက္လာၿပီး လည္ပင္းကိုညွစ္ခဲ့ရာ သတိေမ့သြားစဥ္ ေနအိမ္အတြင္းရွိ ေငြက်ပ္ သိန္း ၈,၁၅၀,၀၀၀ က်ပ္ကို လုယူထြက္ေျပးသြားခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။
အဆိုပါျဖစ္စဥ္ကို ရဲတပ္ဖြဲ႕ထံ တိုင္ၾကားသည့္အတြက္ ရဲတပ္ဖြဲ႕က လိုက္လံစုံစမ္းစဥ္ ေဒၚစန္းၿမိဳင္၏ ေနအိမ္အနီးမွာပင္ ဆိုင္ကယ္တစ္စီးႏွင့္အတူ ေတြ႕ရွိခဲ့သျဖင့္ စစ္ေဆးခဲ့ရာ လုယူသြားသည့္ ပိုက္ဆံမ်ားႏွင့္အတူ ျပန္လည္ဖမ္းဆီးရမိခဲ့သည္။
ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ အသက္ ၂၆ ႏွစ္အ႐ြယ္ မ်ိဳးမင္းဟန္ကို ျမစ္ငယ္နယ္ေျမရဲစခန္းတြင္ လုယက္မႈ၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၉၄ အရ အမႈဖြင့္စစ္ေဆးလ်က္ရွိသည္။
Credit : Original
Unicode
မန္တလေး၊ အမရပူရမြို့နယ်၊ ထုံးဘိုတောင်ကျေးရွာတွင် ဆရာဖြစ်သူ၏နေအိမ်သို့ လာရောက်ကန်တော့သည့် အမျိုးသားက ငွေကျပ်သိန်း ရှစ်ဆယ်ကျော်ကို လုယူထွက်ပြေးမှု ဇူလိုင်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ယင်းနေ့က အသက် ၆၅ နှစ်အရွယ် ဒေါ်စန်းမြိုင်သည် နေအိမ်တွင် ညတစ်ဦးတည်းရှိနေစဉ် ခင်ပွန်းဖြစ်သူ၏လုပ်ငန်းခွင်တွင် တပည့်အဖြစ် ပညာသင်ပေးခဲ့ဖူးသူ အသက်၂၆ နှစ်အရွယ် မျိုးမင်းဟန်က လာရောက်ကန်တော့ခဲ့ခြင်းဖြစ်ပြီး ဒေါ်စန်းမြိုင်က မုန့်ဖိုးပေးရန်အတွက် အိပ်ခန်းအတွင်းဝင်ရောက်နေစဉ် ၎င်းကလိုက်လာပြီး လည်ပင်းကိုညှစ်ခဲ့ရာ သတိမေ့သွားစဉ် နေအိမ်အတွင်းရှိ ငွေကျပ် သိန်း ၈,၁၅၀,၀၀၀ ကျပ်ကို လုယူထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါဖြစ်စဉ်ကို ရဲတပ်ဖွဲ့ထံ တိုင်ကြားသည့်အတွက် ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းစဉ် ဒေါ်စန်းမြိုင်၏ နေအိမ်အနီးမှာပင် ဆိုင်ကယ်တစ်စီးနှင့်အတူ တွေ့ရှိခဲ့သဖြင့် စစ်ဆေးခဲ့ရာ လုယူသွားသည့် ပိုက်ဆံများနှင့်အတူ ပြန်လည်ဖမ်းဆီးရမိခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသက် ၂၆ နှစ်အရွယ် မျိုးမင်းဟန်ကို မြစ်ငယ်နယ်မြေရဲစခန်းတွင် လုယက်မှု၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၉၄ အရ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။