အပြင်ကမ္ဘာက Avengers များနှင့်လက်တွဲဖော်များ
မာဗယ်စူပါဟီးရိုးရုပ်ရှင်တွေဟာ အခုဆိုရင် ဆယ်နှစ်ပြည့်ထိ အောင်ပွဲခံနေပြီး ဒီနှစ်ထဲမှာလည်း Avengers: End Game ဟာ မျှော်လင့်စောင့်စားမှုအများဆုံး ရုပ်ရှင်တစ်ခု ဖြစ်နေဦးမှာပါ။ လူကြိုက်များတဲ့ Avengers အဖွဲ့ဝင်တွေဟာ အပြင်မှာရော သူတို့လက်တွဲဖော်တွေက ဘယ်သူတွေဖြစ်နေမလဲ ဆိုတာ စိတ်ဝင်စားမယ့် ပြောချင်လွန်းလို့ ပရိသတ်တွေအတွက် ဖော်ပြပေးပါရစေ။
၁. Iron Man သို့မဟုတ် Tony Stark အဖြစ် ပြောင်မြောက်စွာသရုပ်ဆောင်တာကတော့ Robert Downey Jr. ပါပဲ။ သူ့ရဲ့လက်တွဲဖော်က Executive Producer (ရုပ်ရှင်ထုတ်လုပ်မှုကြီးကြပ်မှူး) တစ်ယောက်ဖြစ်တဲ့ Susan Levin ပါ။ သူတို့နှစ်ဦးဟာ ၂၀၀၃ ခုနှစ်က Gothika ရိုက်ကွင်းမှာတွေ့ခဲ့ပြီးနောက် ၂၀၀၅ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ကလေးနှစ်ယောက်ရခဲ့ပါတယ်။
၂. Thor ဇာတ်ကားနဲ့အတူ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲဖြစ်လာသူကတော့ Chris Hemsworth ပါပဲ။ သူနဲ့သူ့ဇနီး Elsa Pataky တို့ဟာ ၂၀၁၀ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ကလေးသုံးယောက်ရှိပါတယ်။
၃. အရေးပါဆုံးဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ Hulk / Bruce Banner အဖြစ် Mark Ruffalo က ပြောစမှတ်ဖြစ်အောင် သရုပ်ဆောင်ခဲ့တယ်။ သူကတော့ မင်းသမီး Sunrise Coigney နဲ့ ၂၀၀၀ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ကလေးသုံးယောက်ရှိပါတယ်။ ဟောလိဝုဒ်ရဲ့ လက်တွဲအမြဲဆုံး စုံတွဲတစ်ခုဆိုလည်း မမှားပါဘူး။
၎. ကမ္ဘာမြေကို မမြင်ရတဲ့ ဒိုင်မေးရှင်းတွေကနေ မှော်အစွမ်းဖြင့် ကာကွယ်ပေးရသူ Doctor Strange အဖြစ် နာမည်ကျော်မင်းသား Benedict Cumberbatch ကသရုပ်ဆောင်ပါတယ်။ သူဟာ ၂၀၁၅ ခုနှစ်မှာ Sophie Hunter နဲ့လက်ထပ်ခဲ့ပြီး ကလေးနှစ်ယောက်ပိုင်ဆိုင်ထားပါတယ်။
၅. Infinity War မှာအရေးပါတဲ့နေရာကနေ ပါဝင်လာခဲ့သူကတော့ Games of Throne စတား Peter Dinklage ဖြစ်ပါတယ်။ သူဟာ အက့်စ်ဂါ့တ်မှာ နေထိုင်တဲ့ Dwarf တစ်ဦးဖြစ်ပြီး Odin ရဲ့လက်နက်တွေကို ဖန်တီးပေးတဲ့ ပန်းပဲဆရာတစ်ယောက် မြင်တွေ့ခဲ့ရတယ်။ သူ့ရဲ့ဖူးစာဖက်ကတော့ ပြဇာတ်ရုံဒါရိုက်တာ တစ်ဦးဖြစ်တဲ့ Erica Schmidt ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ သူတို့လည်းပဲ သာယာတဲ့ အိမ်ထောင်တစ်ခုကို ပိုင်ဆိုင်ထားပြီး သားတစ်ယောက် သမီးတစ်ယောက် ရရှိထားပါပြီ။
Credit \\ original