Latest Posts
The Model Academy ရဲ့ဒိုင်ဖြစ်သူ ဇင်အောင်ရဲ့ အတွင်းရေးတွေ ထွက်ပေါ်
Unicode
MRTV-4 က အစီစဉ်တင်ဆက်သူတွေထဲမှာ ပရိသတ်တွေကြားမှာ ရေပန်းစား အောင်မြင်နေတဲ့ အစီစဉ်တင်ဆက်သူ တွေ အများအပြားရှိပါတယ် ။ အဲဒီထဲကမှ ပရိသတ်တွေ အားပေးမှုများတဲ့ အစီစဉ်တင်ဆက်သူက တော့ ဇင်အောင်ပဲဖြစ်ပါတယ် ။ ဇင်အောင် ရိုက်ကူးပုံဖော်တဲ့ Program တွေထဲမှာ ပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့ Program တွေလည်း အများကြီးရှိခဲ့ပါတယ် ။ The Model Academy ၊ Let’s Talk ၊ Style Secret အစရှိတဲ့ အစီစဉ်တွေကတော့ ပရိသတ်တွေ အကြိုက်အများဆုံးအစီစဉ်တွေ ဖြစ်ခဲ့ပါတယ် ။ လတ်တလော The Model Academy ရဲ့ဂယက်နဲ့ပတ်သက်ပြီး အစီစဉ်တင်ဆက်သူ ဇင်အောင်ရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကြောင့် ပရိသတ်အချို့က သူ့ကို ရှုံ့ချ ဝေဖန်မှုတွေလည်း ရှိနေခဲ့ပါတယ် ။
ဒီဂယက်တွေကြောင့် အစီစဉ်တင်ဆက်သူ ဇင်အောင်ရဲ့ ကိုယ်ရေး ကိုယ်တာ အတွင်းရေးတွေဟာ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပါတယ် ။ ဇင်အောင်ဟာ အမျိုးသား ချင်းချစ်ကြိုက်တဲ့ သူဖြစ်ကြောင်းကို Screenshort တွေနဲ့တကွ ပေါက်ကြားခဲ့တာဖြစ်ပါတယ် ။ ဒီသတင်းဟာ ကောလဟလလား တကယ်လားဆိုတာကိုတော့ အတိကျမသိရပေမယ့် ပရိသတ်တွေကတော့ စိတ်ဝင်တစားရှိနေကြပါတယ် ။
တချို့ ပရိသတ်တွေက ဒီလိုဖြစ်မယ်လို့ထင်သားပဲလို့ မှတ်ချက်ပေးနေကြသလို တချို့ကလည်း CCTV Record ကိုအခုဖွင့်ပြလိုက်ရမလား ဆိုတဲ့ ဇင်အောင်ရဲ့စကားနဲ့ စနောက်မှတ်ချက်ပေးထားတာကိုတွေ့ရပါတယ် ။ ဒီ Screenshort တွေက ဟိန်းမင်းသူရဲ့ အကောင့် ဟက်ခံရစဉ်က ဇင်အောင်နဲ့ ပြောခဲ့တဲ့ Screenshort တွေ ပေါက်ကြားခဲ့တာပဲ ဖြစ်တယ်လို့သိရပါတယ် ။ လက်ရှိ ဝေဖန်မှုတွေ အပြင်းထန်ခံနေရတဲ့ ဇင်အောင်ကို ပရိသတ်တွေက ပြန်ပြီး အောက်ဖဲလှန်တဲ့ အနေနဲ့ တင်ခဲ့ကြတာဖြစ်ပါတယ် ။Credit-ungparsay