Latest Posts

ဆရာမ ဒေါ်နီလာအေး ထွက်ဆိုတဲ့ ဗစ်တိုးရီးယား ရုံးချိန်း

Wisdom Hill ပုဂၢလိက မူႀကိဳ ေက်ာင္းက ဆရာမ တစ္ဦး ျဖစ္သူ ေဒၚနီလာေအးက ကိုေအာင္ႀကီး အေနနဲ႔ လိင္အၾကမ္းဖက္မႈကို မက်ဳးလြန္ခဲ့ဘူးလို႔ တရားရံုးမွာ ဒီေန႔ ထြက္ဆိုသြားခဲ့ပါတယ္။ေနျပည္ေတာ္ Wisdom Hill ပုဂၢလိက မူႀကိဳ ေက်ာင္းက အသက္ ၃ ႏွစ္ အရြယ္ ကေလး တစ္ဦး လိင္အဓမၼျပဳက်င့္ခံခဲ့ရတဲ့ ဗစ္တုိးရီးယားအမႈရဲ႕ ၉ ႀကိမ္ေျမာက္ ရံုးခ်ိန္းကို ေအာက္တိုဘာ လ ၂၃ ရက္ေန႔ ဒီေန႔ ေနျပည္ေတာ္ ဒကၡိဏ ခ႐ိုင္ တရား႐ုံးမွာ ဆက္လက္ စစ္ေဆးေနရာ မနက္ပိုင္း မွာ Wisdom Hill ေက်ာင္းက ဆရာမ တစ္ဦး ျဖစ္သူ ေဒၚနီလာေအးက တရားရံုးမွာ သက္ေသ တစ္ဦး အေနျဖင့္ အဲဒီလို ထြက္ဆိုခဲ့တာပါ။
ဥပေဒအရာရွိက ဘာေၾကာင့္ အဲဒီလို ေျပာႏိုင္သလဲဆိုၿပီး ေမးျမန္းရာမွာေတာ့ သံသယ တရားခံ အျဖစ္ ရံုးတင္ခံထားရတဲ့ ကိုေအာင္ႀကီး တစ္ေယာက္ ေက်ာင္းမွာ ရွိေနတဲ့ အခ်ိန္မွာ ဗစ္တိုးရီးယားက သူနဲ႔ အတူ ရွိေနခဲ့တာေၾကာင့္လို႔ ဆရာမ နီလာေအးက ျပန္လည္ ေျဖၾကားခဲ့ပါတယ္။
သံသယ တရားခံ ကိုေအာင္ႀကီးရဲ႕ ေရွ႕ေန ျဖစ္သူ ေဒၚစုဒါလီေအာင္ က ဆရာမ ေဒၚနီလာေအးကို တန္ျပန္ ေမးျမန္းရာမွာလည္း ကိုေအာင္ႀကီးဟာ ေက်ာင္း မွာ ရွိေနတဲ့ အခ်ိန္ တေလွ်ာက္လံုး ေက်ာင္းခန္း အေရွ႕ပိုင္းက ဆိုဖာ ထိုင္ခံုမွာ ထိုင္ေနခဲ့တာကို သူ ျမင္ခဲ့ရတယ္လို႔ ေဒၚနီလာေအးက ေျဖၾကားသြားခဲ့ပါတယ္။
ဒီေန႔ ရံုးခ်ိန္းကို ေန႔လယ္ပိုင္းမွာ ေခတၱ ခဏ နားၿပီး ဆက္လက္ စစ္ေဆးသြားဖို႔ ရွိသလို ကိုေအာင္ႀကီးရဲ႕ ေရွ႕ေနအဖြဲ႕က တင္ျပထားတဲ့ အာမခံ ေပးဖို႔ ကိစၥကိုလည္း ညေနပိုင္းမွာ ဆံုးျဖတ္သြားဖို႔ ရွိတယ္လို႔ တရားရံုးမွာ ကိုယ္တိုင္ သတင္း သြားယူေနသူ ဘီဘီစီ သတင္းေထာက္က ေျပာပါတယ္။Credit-burmese asia
Unicode
Wisdom Hill ပုဂ္ဂလိက မူကြို ကျောင်းက ဆရာမ တစ်ဦး ဖြစ်သူ ဒေါ်နီလာအေးက ကိုအောင်ကြီး အနေနဲ့ လိင်အကြမ်းဖက်မှုကို မကျုးလွန်ခဲ့ဘူးလို့ တရားရုံးမှာ ဒီနေ့ ထွက်ဆိုသွားခဲ့ပါတယ်။နေပြည်တော် Wisdom Hill ပုဂ္ဂလိက မူကြို ကျောင်းက အသက် ၃ နှစ် အရွယ် ကလေး တစ်ဦး လိင်အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ဗစ်တိုးရီးယားအမှုရဲ့ ၉ ကြိမ်မြောက် ရုံးချိန်းကို အောက်တိုဘာ လ ၂၃ ရက်နေ့ ဒီနေ့ နေပြည်တော် ဒက္ခိဏ ခရိုင် တရားရုံးမှာ ဆက်လက် စစ်ဆေးနေရာ မနက်ပိုင်း မှာ Wisdom Hill ကျောင်းက ဆရာမ တစ်ဦး ဖြစ်သူ ဒေါ်နီလာအေးက တရားရုံးမှာ သက်သေ တစ်ဦး အနေဖြင့် အဲဒီလို ထွက်ဆိုခဲ့တာပါ။



ဥပဒေအရာရှိက ဘာကြောင့် အဲဒီလို ပြောနိုင်သလဲဆိုပြီး မေးမြန်းရာမှာတော့ သံသယ တရားခံ အဖြစ် ရုံးတင်ခံထားရတဲ့ ကိုအောင်ကြီး တစ်ယောက် ကျောင်းမှာ ရှိနေတဲ့ အချိန်မှာ ဗစ်တိုးရီးယားက သူနဲ့ အတူ ရှိနေခဲ့တာကြောင့်လို့ ဆရာမ နီလာအေးက ပြန်လည် ဖြေကြားခဲ့ပါတယ်။
သံသယ တရားခံ ကိုအောင်ကြီးရဲ့ ရှေ့နေ ဖြစ်သူ ဒေါ်စုဒါလီအောင် က ဆရာမ ဒေါ်နီလာအေးကို တန်ပြန် မေးမြန်းရာမှာလည်း ကိုအောင်ကြီးဟာ ကျောင်း မှာ ရှိနေတဲ့ အချိန် တလျှောက်လုံး ကျောင်းခန်း အရှေ့ပိုင်းက ဆိုဖာ ထိုင်ခုံမှာ ထိုင်နေခဲ့တာကို သူ မြင်ခဲ့ရတယ်လို့ ဒေါ်နီလာအေးက ဖြေကြားသွားခဲ့ပါတယ်။
ဒီနေ့ ရုံးချိန်းကို နေ့လယ်ပိုင်းမှာ ခေတ္တ ခဏ နားပြီး ဆက်လက် စစ်ဆေးသွားဖို့ ရှိသလို ကိုအောင်ကြီးရဲ့ ရှေ့နေအဖွဲ့က တင်ပြထားတဲ့ အာမခံ ပေးဖို့ ကိစ္စကိုလည်း ညနေပိုင်းမှာ ဆုံးဖြတ်သွားဖို့ ရှိတယ်လို့ တရားရုံးမှာ ကိုယ်တိုင် သတင်း သွားယူနေသူ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။Credit-burmese asia