ချစ်သူလေးရဲ့ မွေးနေ့မှာ ချစ်ခြင်းများစွာနဲ့ မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ထွန်းထွန်း
ထွန်းထွန်းဟာဆိုရင် နှင်းဆီအငြိမ့်မှာ နေတိုး၊ ကျော်ကျော်ဗို ၊ မင်းမော်ကွန်း၊ ရဲလေး တို့နဲ့ အတူ လူရွှင်တော် အဖွဲ့ဝင် တစ်ဦးအဖြစ်ပရိသတ်တွေ လက်ခံထားသူပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကို ပါးစပ်မစိရအောင် ပြောင်မြောက်တဲ့ ပြက်လုံးများနဲ့ နှင်းဆီညီအစ်ကိုများကတင်ဆက်ပေးလေ့ရှိတာကြောင့် ပရိသတ်တွေကြားမှာ နှင်းဆီအငြိမ့်ဆိုပြီး နာမည်ကြီးနေတာပါ။
ဒီတစ်ခါမှာတော့ အရမ်းချစ်တတ်တဲ့ ထွန်းထွန်းက သူ့ရဲ့ လေယာဉ်မယ် ချစ်သူလေး ရဲ့ မွေးနေ့မှာ ခုလို ဆုတောင်းပေးထားတာပါ။
” Happy Lovely Birthday ပါချစ်သူလေးရေ. ခုမွေးနေကနေနောင်နှစ်ပေါင်းမြောက်မြားစွာအစစအရာရာ စိတ်ချမ်းသာပျော်ရွှင်ပါစေ. လိုအင်ဟူသမျှ အကုန်ပြည့်ဝပြီးဖြစ်ချင်တဲ့ ရည်မှန်းချက်အားလုံးပြည့်စုံပါစေ. ကိုကို့ကိုလည်း အခုထက်ပိုပြီးအများကြီးပိုချစ် ပိုနားလည် ပိုဂရုစိုက်ပေးပါနော်. အရမ်းပျော်စရာကောင်းတဲ့ အခိုက်အတည့်ပေါင်းများစွာကိုအတူတူဖန်တီးကြမယ်နော်. အရမ်းချစ်တယ်.🦋💞🥰🐼” ဆိုပြီးပြောထားပါတယ်။
ချစ်သူလေးကို မွေးနေ့ဆုတောင်းပေးထားတဲ့ ထွန်းထွန်း ရဲ့ အကြောင်းကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။Credit-Moekalay;Source;Htin aung tun
Zawgyi
နိုင်ငံကျော်သရုပ်ဆောင် အဆိုတော် အကယ်ဒမီ ထွန်းထွန်းဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။အဆိုတော်ပိုင်းမှာ အောင်မြင်ပြီးသားဖြစ်တဲ့ ထွန်းထွန်းက သရုပ်ဆောင်အလုပ်မှာလည်း အောင်မြင်သလို သူ့ရဲ့ပီပြင်လှတဲ့ သရုပ်ဆောင် ချက်တွေ ကြောင့် သူ့ကို ချစ်တဲ့ ပရိသတ်အခိုင်အမာ ရရှိထားသူပါ။ ဒီတစ်ခါမှာတော့ မိုမိုလေး ရဲ့ချစ်ပရိသတ်တွေအတွက် ထွန်းထွန်း က သူ့ချစ်သူလေး ရဲ့ မွေးနေ့မှာ ဆုတောင်းပေးထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။




