ငယ်ငယ်ကစာသင်ပေးခဲ့တဲ့ ဆရာမတွေနဲ့တွေ့ခိုက် ကျောင်းသားလေးတစ်ဦးလိုပြန်ဖြစ်သွားတဲ့ ဘဘကြီးစိုင်းစိုင်းခမ်းလှိုင်
စိုင္းစိုင္းခမ္းလိႈင္က ျပီးခဲ့တဲ့ ရက္ပိုင္းက က်င္းပျပုလုပ္ခဲ့တဲ့ YUFL တကၠသိုလ္ရဲ့ အဂၤလိပ္စာေမဂ်ာမွ ဆရာကန္ေတာ့ပြဲအခမ္းအနားကို တက္ေရာက္ ဂါရဝျပဳ ဆင္ႏႊဲခဲ့တာပဲ ျဖစ္ပါတယ္။
ထိုဆရာကန္ေတာ့ပြဲမွ စိုင္းစိုင္းခမ္းလိႈင္က သူေလးစားခ်စ္ခင္ရတဲ့ ဆရာ၊ ဆရာမေတြနဲ့ ျပန္လည္ ဆံုေတြ့ခြင့္ရလို့ ေက်ာင္းသားေလးတစ္ဦးလို ျပန္ျဖစ္ျပီး ေပ်ာ္ရႊင္ေနတာကို ေတြ့ရပါတယ္။
စိုင္းစိုင္းခမ္းလိႈင္က ဆရာကန္ေတာ့ပြဲကို တက္ေရာက္ရင္း ဂ်ဴနီယာေလးေတြနဲ ့ရင္ရင္းနွီးနွီး ဆံုေတြ့ခဲ့တာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ စိုင္းစိုင္းခမ္းလႈိင္က ေစ်းေရာင္းပြဲမွာလည္း သူကိုယ္တိုင္ ေစ်းေရာင္းခဲ့ပါေသးတယ္။ငယ္ငယ္က စာသင္ေပးခဲ့တဲ့ ဆရာမၾကီးနဲ့အတူတူ
ဂ်ဴနီယာေလးေတြနဲ့အတူတူ
စိုင္းစိုင္းခမ္းလိႈင္ကေတာ့ သူခ်စ္တဲ့ ပရိသတ္ေတြနဲ့ ဆံုေတြ့ခြင့္ရခဲ့လို့ ေတာ္ေတာ္ေလး ေပ်ာ္ရႊင္ေနပံုပါပဲ။ပရိသတ္ၾကီးလည္း ေမာင္ေက်ာင္းသားေလး စိုင္းစိုင္းခမ္းလိႈင္ရဲ့ ပံုရိပ္ေတြကို သေဘာက်ၾကမယ္ ထင္ပါတယ္ေနာ္။ အခ်ိန္ေပးျပီး ဖတ္ရႈေပးတဲ့ ပရိသတ္ၾကီးကို ေက်းဇူးအထူးတင္ရိွပါတယ္။Credit-ungparsay
Unicode
မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်က အဆိုရော၊ သရုပ်ဆောင်ပါ ထူးချွန်သူ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က နှစ်ပေါင်း (၂၀) ကျော်ကြာ အောင်မြင်ခဲ့ပြီး အခုချိန်ထိတိုင် အောင်မြင်မှုအရှိန်အဝါ လုံးဝကျဆင်းမသွားပဲ အားပေးသူပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေလျက်ရှိပါတယ်။ စိုင်းစိုင်းက လက်ရှိမှာလည်း သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ရင်း တစ်ကိုယ်တည်း လူပျိုကြီးအဖြစ် အေးချမ်းစွာ နေထိုင်နေတာ ဖြစ်ပါတယ်။
စိုင်းစိုင်းခမ်းလှိုင်က ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ YUFL တက္ကသိုလ်ရဲ့ အင်္ဂလိပ်စာမေဂျာမှ ဆရာကန်တော့ပွဲအခမ်းအနားကို တက်ရောက် ဂါရဝပြု ဆင်နွှဲခဲ့တာပဲ ဖြစ်ပါတယ်
ထိုဆရာကန်တော့ပွဲမှ စိုင်းစိုင်းခမ်းလှိုင်က သူလေးစားချစ်ခင်ရတဲ့ ဆရာ၊ ဆရာမတွေနဲ့ ပြန်လည် ဆုံတွေ့ခွင့်ရလို့ ကျောင်းသားလေးတစ်ဦးလို ပြန်ဖြစ်ပြီး ပျော်ရွှင်နေတာကို တွေ့ရပါတယ်။
စိုင်းစိုင်းခမ်းလှိုင်က ဆရာကန်တော့ပွဲကို တက်ရောက်ရင်း ဂျူနီယာလေးတွေနဲ့ရင်ရင်းနှီးနှီး ဆုံတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် စိုင်းစိုင်းခမ်းလှိုင်က ဈေးရောင်းပွဲမှာလည်း သူကိုယ်တိုင် ဈေးရောင်းခဲ့ပါသေးတယ်။ငယ်ငယ်က စာသင်ပေးခဲ့တဲ့ ဆရာမကြီးနဲ့အတူတူ
ဂျူနီယာလေးတွေနဲ့အတူတူစိုင်းစိုင်းခမ်းလှိုင်ကတော့ သူချစ်တဲ့ ပရိသတ်တွေနဲ့ ဆုံတွေ့ခွင့်ရခဲ့လို့ တော်တော်လေး ပျော်ရွှင်နေပုံပါပဲ။ပရိသတ်ကြီးလည်း မောင်ကျောင်းသားလေး စိုင်းစိုင်းခမ်းလှိုင်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။Credit-ungparsay






