မြန်မာလူမျိုး တည်းလို့ မရတဲ့ ပုဂံက တရုတ်ပိုင် ဟိုတယ်များ
မြန်မာလူမျိုး တည်းလို့ မရတဲ့ ပုဂံက တရုတ်ပိုင် ဟိုတယ်များ
”တစ်နေ့ တစ်နေ့ တရုတ် မစင်ပဲ ရေဆေးချနေရတာပဲ.. ဆိုင်မှာတော့ ဘာမှ ဝယ်မစားကြဘူး.. အိမ်သာပြီး ကားပေါ် ပြန်တက်ကြတာပဲ..” အမြန်လမ်း Zero Mile စားသောက်ဆိုင်ဝင်းထဲက အိမ်သာသန့်ရှင်းရေးလုပ်တဲ့အဒေါ်ကြီးတွေ စကားပြောနေသံကို ကြားပြီး ရယ်မိတယ်.. (ရင်နာနာနဲ့..)
Zero Budget Tours ဒဏ်ကို မြန်မာတွေ ရည်ရည်လည်လည် ခံစားလာရပြီ ဖြစ်ပါတယ်..။ တစ်နေ့က ပုဂံသွားတဲ့ ညီလေးတစ်ယောက် တည်းနေကျဟိုတယ်သွားတာ ဟိုတယ်ပြင်နေလို့ဆိုပြီး တည်းမရခဲ့ဘူး.. နောက်မှ သိရတာက အဲဒီဟိုတယ်ကို တရုတ်ကဝယ်သွားပြီ.. အမှန်က ဘာမှပြင်နေတာမဟုတ်ဘူး.. ပြည်တွင်းခရီးသွား ပေးမတည်းချင်လို့ ညစ်တာ.. ပုဂံမှာ မြန်မာတည်းမရတဲ့ ဟော်တယ်တွေပေါ့။ သူတို့ တရုတ်ပဲ ပေးတည်းတော့တယ်.. Zero Budget Tours တွေနဲ့ ချိတ်ထားတာ..
တို့နိုင်ငံကို လာလည်ကြပေမယ့် သူတို့တွေက စားတော့လည်း တရုတ်ဆိုင်မှာ အခမဲ့ တည်းတော့လည်း တရုတ်ပိုင် ဟော်တယ်မှာ အခမဲ့ လက်ဆောင်ပစ္စည်းဝယ်တော့ သူတို့သတ်မှတ်ထားတဲ့ တရုတ်ဆိုင်မှာ WeChat Pay ၊ Ali Pay တွေနဲ့ ငွေရှင်းကြတာ.. ကယ်လား ကယ်လား သတိထား လုပ်နေတာ တရုတ်က ဂျင်းကို အတောင့်လိုက်ထည့်နေတာကျ တစ်ခွန်း မဟကြဘူး.. (တစ်မြေတည်းနေ တစ်ရေတည်းသောက် တရုတ် ညီအကိုမောင်နှမ များကို မရည်ရွယ်ပါ..)
Zero Budget Tours တွေနဲ့လာကြတဲ့ သူတွေက တရုတ် တောသားတွေ ချည်းပဲ..။ စည်းကမ်းမဲ့ အမှိုက်ပစ်မယ်.. နေရာတကာ အော်ကြီးဟစ်ကျယ်လုပ်မယ်.. ဘေစင်မှာ ခြေထောက် ရေဆေးမယ်.. ဆေးလိပ်ကို မီးမသတ်ဘဲ လွှင့်ပစ်တာ ကတော့ သူတို့ထုံးစံပဲ.. Zero Budget Tours တွေကို ”ဟော်တယ်နှင့် ခရီးသွားလာရေးက..” မထိန်းချုပ်နိုင် လို့ကတော့ ကျွန်တော်တို့နိုင်ငံအတွက် Zero တင်မက အနှုတ်ပါပြသွားမယ်.. အဲ..တရုတ်မစင်တော့ ကျန်ခဲ့တာပေါ့ဆိုပြီး ကြံဖန် ဂုဏ်ယူ နေရင်တော့လည်း မတတ်နိုင်ဘူး..။
ကိုစိုးထိုက်(ဖဒို) (လေးစားမှုဖြင့် ခရက်ဒစ်) (ဖတ်ရှုရ အဆင်ပြေစေရန် ပို့စ်အတွင်းရှိ စကားလုံး အနည်းငယ် ပြောင်းလဲထားသည်ကို သည်းခံ ခွင်လွှတ်ပေးပါ ခင်ဗျာ)
Credit \\ original